ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ် 28.5.2013 နေ့ ညနေ ၄ နာရီတွင် ကျင်းပသော
အားကစားနှင့် ကာယပညာ ကြီးကြပ်မှု ကော်မတီ ဥက္ကဋ္ဌ ဖလားဘောလုံးပြိုင်ပွဲတွင် အမှတ် (၁၂) ရပ်ကွက် နှင့် ကမာကလူ ကျေးရွာ ဘောလုံး အသင်းတို့ ယှဉ်ပြိုင်ပွဲတွင် ဘောလုံးပွဲ ကျင်းပနေစဉ်
ကမာကလူကျေးရွာမှ မောင်ပြည့်စုံသည် ပရိတ်သတ် အထဲမှ အော်ဟစ် အားပေးခဲ့သည် ။
ပွဲပြီးချိန်တွင် ကွင်းအပြင်မှ မောင်ပြည့်စုံအား ခရမ်းမြို့နယ် ကြက်ခြေနီတပ်ဖွဲ့က ၄ ဦးမှ နှစ်ဦးက ဖမ်းချုပ်ပြီး ကျန်နှစ်ဦးမှ လက်သီးဖြင့်ထိုးခြင်း ၊ ဆေးသေတ္တာအတွင်းမှ ကတ်ကြေးဖြင့် ထိုးခြင်းများ
ပြုလုပ်ခဲ့ပါသည် ။
အဆိုပါ ရုန်းရင်းဆန်ခတ်မှုကြောင့် ဒဏ်ရာရရှိခဲ့သည့် မောင်ပြည့်စုံ မှာ ခရမ်းမြို့နယ် ပြည်သူ့ဆေးရုံတွင် ကုသမှုခံယူခဲ့စဉ် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမင်းလွင်မှ ချက်ချင်း ဆေးရုံမှဆင်းခိုင်းပါသည် ။
မှုခင်းဖြစ်စဉ် မဖြစ်ပေါ်အောင် သက်ဆိုင်ရာ အဖွဲ့အစည်းများမှ ၀ိုင်းဝန်းဖုံးဖိခဲ့ကြပြီး လက်သိပ်ထိုး
ဖြေရှင်းခြင်း ၊လျှော်ကြေးပေး ဖြေရှင်းခြင်းမျိုး ၊ မတရားသဖြင့် နိုင့်ထက်စီးနင်း ပြုလုပ်ကြပါသည် ။
အဆိုပါဒဏ်ရာကြောင့် မောင်ပြည့်စုံမှာ ဦးခေါင်းနှင့် ပခုံးတွင် စုတ်ပြဲဒဏ်ရာ ရရှိပြီး ၁၂ ချက်
ချုပ်လိုက်ရပါသည် ။
ခရမ်းမြို့နယ် အား/ကာ မှူး ဦးသန်းထွန်း ၊ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်အမတ် (ကြက်ခြေနီ ဒုဥက္ကဋ္ဌ )ဦးကျော်မြင့်အောင် ၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ဦးကြီးလွင် ၊ မြို့နယ် ဆေးရုံအုပ်
ဒေါက်တာမင်းလွင်တို့ အား မှုခင်းဖြစ်စဉ် အမှန်ပေါ်ပေါက်ပြီး ထိရောက်စွာ စစ်ဆေး အရေးယူပေး စေလိုကြောင်း မောင်ပြည့်စုံ နှင့် နီးစပ်သူများက Myanmar News Now ကို ပြောပါသည်။
သစ်ထူးလွင်
|
ကတ်ကြေးဖြင့် ထိုးခံရသူ မောင်ပြည့်စုံ |
0 comments:
Post a Comment