Sunday, June 2, 2013

ကျောက်နီမော်တွင် သေနတ်သံကြောင့် ဒေသခံများအထိတ်တလန့် ဖြစ်

unday, June 2, 2013


ရမ်းဗြဲ   မေ  -  ၃၁ ။          ။ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်ရှိ ကျောက်နီမော် ကျေးရွာတွင် မေ၂၉ရက် ညနေ ကိုးနာရီဝန်းကျင်ခန့်က သေနတ် ဖောက်သံနှစ် ချက်ကြား ရမှုကြောင့် ဒေသခံများ အထိတ်တလန့်ဖြစ် ခဲ့ရကြောင်း သိရသည်။ မေ၂၉ရက် ညရှစ်နာရီဝန်းကျင်တွင် ရမ်းဗြဲမြို့နယ် ကျောက် နီမော်ကျေးရွာရှိ ဘင်္ဂါလီများ နှင့် ရခိုင်တိုင်းရင်းသားများ နေထိုင် သည့်ကြားနေရာမှ သေနတ်ဖောက် သံတစ်ချက် ထွက်ပေါ်လာပြီး နာရီဝက်ခန့်အကြာတွင် နောက် ထပ် သေနတ်သံ တစ်ချက် ထပ်မံ ပေါ်ထွက်လာခဲ့ကြောင်း ဒေသခံ များ၏ပြောကြားချက်အရ သိရ သည်။

ထိုသို့သေနတ်သံထွက်ပေါ် လာခြင်းမှာ ယင်းဒေသတွင် လုံ ခြုံရေးတာဝန်ယူနေသည့် တပ် မတော်သားများမှ ပစ်ခတ်ခြင်း မဟုတ်ဟု တပ်မတော်အရာရှိကြီး များက ငြင်းဆိုထားပြီး မည်သည့် အတွက်ကြောင့် ယင်းသေနတ်သံ ထွက်ပေါ်လာရသည်ကို မသိရှိ ရသေးဟု ယင်းတို့ကပြောကြောင်း ဒေသခံများ၏ ပြောဆို ချက်အရ သိရသည်။

ကျောက်နီမော်ကျေးရွာမှ ဒေသခံဦးခင်မောင်ဖြူက ''မေ၂၉ ရက်က ညရှစ်နာရီကျော်ကိုးနာရီ လောက်မှာ သေနတ်ဖောက်သံ တစ်ချက်ကြားပါတယ်။ နောက် တစ်ခါ နာရီဝက် လောက်ကြာတဲ့ အခါ နောက်တစ်ချက်ဖောက် တယ်။ စစ်တပ်ကတော့ သူတို့ပစ် တဲ့ဟာမဟုတ်ဘူးလို့ ပြောပါတယ်'' ဟု ပြောသည်။ ယင်းသို့ သေနတ်သံများ ထွက်ပေါ်လာမှုကြောင့် ဒေသခံ များမှာ အထိတ်တလန့်ဖြစ်ခဲ့ရပြီး လုံခြုံရေးတပ်သားများကလည်း လမ်းသွားလမ်းလာ ဒေသခံများ ကို မိမိနေအိမ်ထဲ တွင်နေဖို့ လိုက် လံကြေညာမှုများလည်းရှိခဲ့ကြောင်း သိရသည်။

ကျောက်နီမော်ရဲစခန်းမှ စခန်းမှူးဦးဝဏ္ဏရှိန်က ''ဒီသတင်း က ဘာမှမဟုတ်ပါဘူး။ မှန်လဲမမှန် ပါဘူး။ သတင်းအမှားပါ''ဟု ရန် ကုန်တိုင်းမ်နေ့စဉ် သတင်းစာ၏ ဆက်သွယ် မေးမြန်းမှုကို အထက် ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ သည်။

ယင်းသို့ သေနတ်သံထွက် ပေါ်လာခြင်းမှာ မည်သည့်အတွက် ကြောင့်ဆိုသည်ကို သက်ဆိုင်ရာ တာဝန်ရှိသူများက ယခုထိ စစ် ဆေးထုတ်ဖော်ပြောကြားမှု မရှိ သေးကြောင်း ဒေသခံများကဆို သည်။ သို့သော် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကမူ ယင်းသို့ သေနတ် သံများထွက်ပေါ်လာခြင်းမှာ ပဋိ ပက္ခဖြစ်လိုသည့်သဘော မဟုတ် ကြောင်းနှင့် ဒေသခံများငါးရှာခြင်း မှပေါ်ထွက်လာခြင်း ဖြစ်နိုင်သည် ဟုယူဆမိကြောင်း ထုတ်ဖော်ပြောသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ၏ သတင်း ထုတ်ပြန် ရေး နှင့်မှတ် တမ်းစုဆောင်းရေး ဆပ်ကော်မတီ မှ တာဝန်ရှိသူတစ်ဦးက ''ဒါက အဲဒီဒေသမှာရှိတဲ့ ဒေသခံတွေ ငါးဖမ်းတာက ဖောက်တာဖြစ်နိုင် ပါတယ်။ ထူးခြားတယ်ဆိုရင် ကျွန်တော်တို့ကို အကြောင်းကြားမှာပါ။ ခုထိတော့ ကျွန်တော်တို့လဲ မသိရသေး ဘူး'' ဟုပြောသည်။

အဆိုပါကျောက်နီမော်ကျေး ရွာတွင် ယခုလ၂၈ရက်တွင် မသီ တာထွေးအမှတ်တရ ကျောင်းဖွင့် ပွဲကိုပြုလုပ်ခဲ့ရာ မြို့နယ်ရဲတပ်ဖွဲ့ မှူးအပါအဝင် ပညာရေးဌာနမှ တာဝန်ရှိသူများနှင့် ရပ်နီးရပ်ဝေး မှ ဒေသခံ ၆ဝဝခန့်တက်ရောက် ခဲ့ကြောင်း သိရသည်။

မာန်ယုကျော် (ရွှေဝမြေ) - ရန်ကုန်တိုင်းမ်

0 comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...