Monday, June 3, 2013

တစ်နိုင်ငံလုံး အလုပ်သမားများ ကိုယ်စားဆန္ဒဖော်ထုတ်မှု ခွင့်မပြု

Monday, June 3, 2013


ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒဂုံဆိပ်ကမ်းစက်မှုဇုန်များရှိ စက်ရုံအလုပ်သမားများစုပေါင်း ဆန္ဒဖော်ထုတ်ရန် စာတင်ထားရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးက ခွင့်မပြုသဖြင့် အစီအစဉ်ပျက်ခဲ့သည်ဟု အဆိုပါ စက်ရုံအလုပ်သမားများ စုပေါင်းဆန္ဒဖော်ထုတ်မည့် အစီအစဉ်ကို ဦးဆောင်သူရှေ့နေဦးဌေးက မဇ္စျိမကို ပြော ကြားခဲ့သည်။ 

အဆိုပါ အလုပ်သမားမားများ စုပေါင်းဆန္ဒဖော်ထုတ်မှုမှာ မြန်မာတစ်ပြည်လုံးရှိ အလုပ်သမားများ နစ်နာမှုများ အတွက် ဖြစ်ပြီးစက်ရုံပေါင်း ၃၂ရုံမှ စက်ရုံအလုပ်သမား ၁၅ဝဝ ပါဝင်မည် ဖြစ်သည်။ ယင်းစုပေါင်း ဆန္ဒတောင်းဆိုမှုကို ဇွန်လ၂ ရက်တွင် စတင်မည် ရန်အတွက် လှိုင်သာယာမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှုးရုံးသို့ မေလ ၂၇ ရက် ကပင် ခွင့်ပြုချက်ရရှိရန် တင်ပြထားခဲ့သည်ဟုလည်း ၎င်းးက ပြောသည်။

နိုင်ငံသားတိုင်းသည် လက်နက်မပါဘဲ ငြိမ်းချမ်းစွာ စုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့်ရှိတယ်ဆိုတာ၂ဝဝ၈၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၅၄ မှာ သတ်မှတ် ပြဋ္ဌာန်းထားတာပဲ၊ ဥပဒေဘောင်ထဲကနေ ကျွန်တော်တို့ ကြိုတင်ခွင့်ပြုချက် ယူခဲ့ပါတယ်။ သပိတ်မှောက် ခွင့် မရှိဘူး။ ဥပဒေနဲ့မကိုက်ညီဘူးဆိုပြီး ပယ်ချခဲ့တာပါ၊ တိုင်းပြည်သူ့ရဲတပ်ဖွဲ့ကို အယူခံတက်ဖို့ရှိပါတယ်'' ဟု ရှေ့နေဦးဋ္ဌေးက ပြော ကြားခဲ့သည်။ ဆန္ဒဖော်ထုတ်ခွင့်မပြုခြင်းနှင့် ပတ်သက် ပြီး လှိုင်သာယာမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ အုပ်ချုပ်ရေးမှူးက စုဝေးလှည့်လည် ရန်တင်ပြလာသည့် အလုပ်သမား ဦးရေတစ်ထောင်ကျော်ရှိနေသည့်အတွက် ခွင့်မပြုခဲ့ခြင်းဖြစ်သည်ဟုလည်း အတည်ပြုပြောခဲ့သည်။'' ခွင့်မပြုခဲ့ဘူးဆိုတာ ဟုတ်ပါတယ်။

လူတွေအရမ်းများပြီး လမ်းပိတ်ဆို့မှုတွေ ဖြစ်နိုင်လို့ပါ'' ဟု ၎င်းက ပြောသည်။ ဆန္ဒဖော် ထုတ်ရန်အတွက် ရွှေပြည်သာ၊ လှိုင်သာယာ၊ ဒဂုံဆိပ်ကမ်းစက်မှုဇုန်များအတွင်းရှိ အလုပ်သမားကိုယ်စားလှယ်များ အားလုံး ညှိနှိုင်းကာ မေလပထမပတ်အတွင်းကပင် အ စည်းအဝေးဆုံးဖြတ်ချက်ဖြင့် ချမှတ်ခဲ့ခြင်း ဖြစ်သည်။

အေးမြင့်စန်း | Mizzima - News in Burmese

0 comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...