Wednesday, May 22, 2013

လယ်ယာမြေ မှတ်ပုံတင်ခွင့်မရ

Posted: 21 May 2013 12:39 AM PDT
လယ်ယာမြေ ဥပဒေ အတည်ဖြစ်ပြီးနောက် လယ်သမားတွေအနေနဲ့ သူတို့လုပ်ကိုင်နေတဲ့ လယ်တွေကို မှတ်ပုံတင်ခွင့်ပေးနေပြီဖြစ်ေ
ပမယ့် တကယ့်အောက်ခြေမှာတော့ လယ်သမားအများစု မှတ်ပုံတင်ခွင့် မရသေးဘူးလို့ လယ်သမားအရေး ဆောင်ရွက်ပေးနေတဲ့ မစုစုနွေးက ဒီဗွီဘီကို ပြောပါတယ်။

လယ်သမားတွေအနေနဲ့ လယ်ယာမှတ်ပုံတင်ဖို့ သက်ဆိုင်ရာ ရုံးတွေကိုသွားတဲ့အခါ အောက်ခြေ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေက မှတ်ပုံတင်ရင် ရေးသားဖြည့်စွက်ရတဲ့ ပုံစံ ၁ စာရွက် တွေကို အထက်က ချမပေးသေးဘူးလို့ အကြောင်းပြကြောင်း ဆိုပါတယ်။

ဒီလို မှတ်ပုံတင်ခွင့် မရတာဟာ လယ်ယာမြေ ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ လယ်သမားတွေတင်မက အခြား လယ်သမားတွေပါ ကြုံနေရတယ်လို့ သူက ရှင်းပြပါတယ်။

ရန်ကုန်မှာဆိုရင် ကော့မှူး၊ ထန်းတပင်၊ လှိုင်သာယာမြို့နယ်က လယ်သမားတွေ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းဘက်က လယ်သမားတွေလည်း မှတ်ပုံတင်ဖို့ ခက်ခဲနေတယ်လို့ မစုစုနွေးက ပြောပါတယ်။

 by ဒီဗွီဘီ

0 comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...