၂၀၁၃ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှု နှင့် တရားမ၀င် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာ ပန်းချီပြိုင်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ရန်ကုန်တိုင်း ဒေသကြီး ကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ (၁)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ
အခမ်းအနားတွင် ရန်ကုန်တိုင်း ဒေသကြီး၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး အဖွဲ့ဥက္ကဌ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မာင်သိန်း နှင့် ဒုတိယဥက္ကဌ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ၀င်းနိုင်တို့က အဖွင့်အမှာစကား ပြောကြား၍ ရဲမှူး မြင့်ထွေးက ပြိုင်ပွဲကျင်းပရေး နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ အစည်းအဝေးတက်ရောက်သူများမှ အကြံပြုဆွေးနွေးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
ရန်ကုန်တိုင်း ဒေသကြီး အနေဖြင့် ဇွန် ၈ ရက်နေ့ နံနက် (၉)နာရီမှ (၁၁)နာရီအထိ ကာတွန်းပြိုင်ပွဲကိုလည်း ကောင်း၊ မွန်းလွဲ (၁)နာရီမှ ညနေ (၄)နာရီအထိ ပန်းချီပြိုင်ပွဲကိုလည်းကောင်း၊ လသာမြို့နယ်၊ အထက(၂) မြညီလာ ခန်းမတွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။ ဇွန် ၉ ရက်နေ့ နံနက် (၉)နာရီမှ မွန်းတည့် (၁၂)နာရီထိ ကွန်ပျူတာ ပန်းချီ ပြိုင်ပွဲကို ကွန်ပျူတာတက္ကသိုလ်(ရွှေပြည်သာမြိ
သစ်ထူးလွင်
0 comments:
Post a Comment