ဒေါ်အောင်ဆန်းစုကြည်သည် သပိတ်စခန်းများရှိသော တုံရွာသို့ ရောက်ရှိနေပြီး သပိတ်စခန်းအတွင်းရှိ ဆန္ဒပြသူများနှင့်တွေ့ဆုံနေသော်လည်း အတူလိုက်ပါလာသော လုံခြုံရေးရဲတပ်ဖွဲ့ဝင်များကို သပိတ်စခန်းအတွင်းသို့ ၀င်ရောက်ခွင့်မပြုခဲ့ကြောင်းသိရသည်။ ဒေါ်အောင်ဆန်းစုကြည် သည် လက်ပံတောင်းတောင်အရေးဆန္ဒထုတ်ဖော်နေသောခေါင်းဆောင်များနှင့်တွေ့ဆုံလိုကြောင်းမုံရွာသို့ရောက်ရှိသည့်နေ့ကတည်းကပြောကြားထားသောလည်း ယခုအချိန်အထိ ဆန္ဒပြခေါင်းဆောင်းများမှ လာရောက်တွေ့ဆုံခြင်းမရှိသေးကြောင်းသိရသည်။ ။ဒေါ်အောင်ဆန်းစုကြည်၏လုံခြုံရေးအတွက် ဒေသံခံရဲတပ်ဖွဲ့ဝင် (၆၀)ကျော်မှတာဝန်ယူပေးထားရကြောင်းသိရသည်။ သတင်း-ဓါတ်ပုံ Messenger News Journal တုံရွာသပိတ်စခန်းတွင် ဒေသခံများနှင့် တွေ့ဆုံစဉ် တုံရွာသပိတ်စခန်းတွင် သံဃာတော်များနှင့်တွေ့ဆုံနေသည့် ဒေါ်အောင်ဆန်းစုကြည် တုံရွာသပိတ်စခန်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေသခံများတွေ့ဆုံစဉ် တုံရွာ သပိတ်စခန်းတွင် ဆန္ဒပြသူများနှင့်တွေ့ဆုံနေသည့် ဒေါ်အောင်ဆန်းစုကြည်
0 comments:
Post a Comment