တိုင်းမ် မဂ္ဂဇင်းအား ကန့်ကွက်ပွဲနှင့် အကြမ်းဖက် ဗုံးခွဲတိုက်ခိုက်
သည်များကို ရှုတ်ချခြင်းကို ယနေ့နေ့လယ် ၂နာရီခန့်တွင် သံဃာအပါး ၅၀၀ခန့်နှင့်
လူအင်အား ၂၀၀နီးပါး ပါဝင်သော ဆန္ဒထုတ်ဖော်သည်။
ခရိုင် အုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာများက မပြုလုပ်ရန် တောင်းပန် လျှောက်ထား သော်လည်း ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ ကြကြောင်း ဆန္ဒထုတ်ဖော် သူတစ်ဦး ကပြောသည်။ အဆိုပါ ဆန္ဒထုတ်ဖော်မှုကို ယခုလ ၂ရက်နေ့တွင် တရားဝင် စာတင်သော်လည်း ခွင့်ပြုမိန့်မရရှိဘဲ သံဃာတော်များအနေဖြင့် မီဒီယာများ ဘက်လိုက်ရေးသား မှုကြောင့် ဗုဒ္ဓဘာသာ ညိုးနွမ်းရခြင်း၊ ဗုဒ္ဓ ဘာသာဝင်များအား အကြမ်းဖက်ဗုံးခွဲ တိုက်ခိုက်ခြင်းများကို ရှုံ့ချသော အနေဖြင့်သာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော် ရခြင်းဖြစ်ကြောင်း ဦးဆောင်သံဃာတော် တစ်ပါးက မိန့်ကြားသည်။
ဖိုးလပြည့်

0 comments:
Post a Comment