ပန်ကြားရေး ၀န်ကြီးဌာနနှင့် မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ(ယာယီ)တို့
ယနေ့ သြဂုတ် ၁၂ ရက်နံနက် ၉ နာရီက ဒဂုံမြို့နယ် အလံပြဘုရားလမ်းရှိ Park
Royal Hotel ၌ တွေ့ဆုံခဲ့သည်။
ထိုသို့ တွေ့ဆုံရာတွင် ပြန်ကြားရေး ၀န်ကြီးဌာန၀န်ကြီး ဦးအောင်ကြည်မှ
မြန်မာ့မီဒီယာ ပတ်ဝန်းကျင်ကို လူမှုတာဝန်သိမှု မီဒီယာပုံစံအဖြစ် တည်ဆောက်ရန်
မျှော်မှန်းချက်အား ရှင်းလင်း တင်ပြဆွေးနွေးခဲ့သည်။
ယင်းသို့ ရှင်းလင်းတင်ပြချက်ကို မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)
အနေဖြင့် ဆက်လက်ဆွေးနွေးရန် သဘောတူခဲ့ပြီး ၀န်ကြီးဌာနနှင့်
သဘောထားကွဲလွဲမှုများ၊ အခြားဆွေးနွေးရန်ရှိသည်များကို
စေ့စပ်ညှိနှိုင်းဆွေးနွေးသောနည်းဖြင့် ဆက်လက်ဆောင် ရွက်ရန် သတောတူညီခဲ့သည်။
0 comments:
Post a Comment