Saturday, October 26, 2013

မြန်မာ့နိုင်ငံရေးတွင် အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေ ပါဝင်ပတ်သက်၍မရတော့ဟု ဦးရွှေမန်းပြော


             

အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ နိုင်ငံရေး နှင့် ပတ်သက်မှုမရှိတော့ဘဲ လက်ရှိအခြေအနေတွင် ၎င်းပါဝင်ပတ်သက်လိုလျှင်လည်း လုပ်ကိုင်၍မရနိုင်တော့ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ပြောသည်။

““နိုင်ငံရေးနဲ့ပတ်သက်လို့ ရှိပါသလားဆိုတာ ဗိုလ်ချုပ်မှူးကြီးသည် နိုင်ငံရေးနဲ့ပတ်သက်လို့ သူမရှိပါဘူး။ တကယ်လို့ စိတ်ထဲမှာရှိရင်လည်း လက်တွေ့ သူ လုပ်ဆောင်လို့မရပါဘူး”” ဟု ဗိုလ်ချုပ်မှူးကြီးနှင့် မြန်မာနိုင်ငံရေး ဆက်စပ်နေမှုကို သူရဦးရွှေမန်းက ဆိုသည်။

““ပြီးခဲ့တဲ့ ရက်အတွင်းကပေါ့ မိမိတို့ရဲ့ လူကြီးဟောင်းဖြစ်တဲ့၊ အကြီးအကဲဟောင်းဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးမိသားစုကို မိမိတို့ရဲ့ မိသားစုက သွားရောက်ဂါရ၀ပြုခဲ့တယ်။ အဲဒီလိုပြုတဲ့အခါမှာလူကြီးအနေနဲ့ ခုနကမေးတဲ့မေးခွန်းလို့ ယူဆပါတယ်။ စိုးရိမ်မှုတွေပူပန်မှုတွေရှိသလား။ ဒီနေ့ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးနဲ့ပတ်သက်လို့ လူကြီးတစ်ယောက်အနေနဲ့ မူလကတည်းက နိုင်ငံတော်နဲ့နိုင်ငံသားများအပေါ်မှာ စေတနာနဲ့ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ သို့သော် အကျိုးရလဒ်ကတော့ အားလုံးသိကြတဲ့အတိုင်းပါပဲ။ မိမိတို့ လေးစားတန်ဖိုးထားရမယ်။ အကျိုးရလဒ်ကို မိမိတို့ ကြိုက်ချင်မှကြိုက်မယ်။ ဒီအပေါ်မူတည်ပြီးတော့ သင်ခန်းစာယူပြီးတော့ ဆက်လက်ဆောင်ရွက်တဲ့နေရာမှာ လူကြီးအနေနဲ့ မြန်မာနိုင်ငံရဲ့တိုးတက်ဖြစ်ပေါ်မှုကို ဘေးနေပြီးတော့ စိတ်ဝင်စားစွာ စောင့်ကြည့်နေတဲ့သဘောရှိပါတယ်။ မဖြစ်သင့်တာတွေ မဖြစ်ပေါ်ဖို့အတွက်လည်း သူ့ဆီမှာ စိုးရိမ်နေမှုတွေရှိပါတယ်”” ဟု ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ခေါင်းဆောင်သော တပ်မတော်အစိုးရလက်ထက်တွင် နံပါတ်သုံးခေါင်းဆောင် တာဝန်ယူခဲ့သည့်  ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြောသည်။

ပြီးခဲ့သည့် သီတင်းကျွတ်လပြည့်နေ့တွင် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း၏ မိသားစုသည် အကြီးအကဲဟောင်းဖြစ်သော ဗိုလ်ချုပ်မှူးကြီး မိသားစုအား သွားရောက်ဂါရ၀ပြုရာတွင် ယင်းသို့ပြောကြားခဲ့သည်ဟု သူရဦးရွှေမန်းက အောက်တိုဘာ ၂၄ ရက်၌ မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေအပါအ၀င် တပ်မတော်အရာရှိကြီးများသည် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ကို ဖွဲ့စည်းကာ နိုင်ငံရေးအာဏာ ရယူခဲ့ပြီးနောက် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်  ဖွံ့ဖြိုးရေးကောင်စီအမည်သို့ ပြောင်းလဲပြီး နိုင်ငံကို အုပ်ချုပ်ခဲ့သည်။ ယင်းနောက် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုကာ ၂၀၁၀ ရွေးကောက်ပွဲကို ကျင်းပပေးခဲ့ပြီး နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီတွင် ၀န်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဗိုလ်ချုပ်ကြီးသိန်းစိန် ဦးဆောင်သည့်အစိုးရသစ်အား အာဏာလွှဲပြောင်းပေးခဲ့သည်။

7Day Daily 

ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) အဖွဲ့နှင့်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံမည့် အစီအစဉ်ပျက်


              

နှစ်ဖက်တပ်များအကြား ယုံကြည်မှု တည်ဆောက်ရန်အတွက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) အဖွဲ့တို့ အောက်တိုဘာလ ၂၅ ရက်နေ့တွင် တွေ့ဆုံရန် စီစဉ်ထားသော်လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မအားလပ်သဖြင့် တွေ့ဆုံရန် အစီအစဉ် ပျက်သွားကြောင်း KNPP အတွင်းရေးမှူး ဦးရွှေမျိုးသန့်က ပြောကြားသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် တွေ့ဆုံရန် အောက်တိုဘာ ၂၅ ရက်နေ့ တွင် KNPP စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဘီတူး ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် နေပြည်တော်သို့ သွားရောက်ခဲ့သော်လည်း တွေ့ဆုံခွင့် မရခဲ့ကြောင်း ၎င်းကဆိုသည်။

အောက်တိုဘာလ ၂၃ ရက်နေ့နှင့် ၂၄ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော KNPP အဖွဲ့နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့၏ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲတွင် KNPP အဖွဲ့ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တွေ့ဆုံရန် အစိုးရ တာဝန်ရှိသူအချို့က နှုတ်အားဖြင့် သဘောတူခဲ့ခြင်း ဖြစ်ကြောင်း ဦးရွှေမျိုးသန့် က ဆိုသည်။
“နှစ်ဖက် ရင်းနှီးမှုရအောင် သွားတွေ့တာပါ။ ဒါပေမဲ့ မအားဘူးဆိုတော့ တွေ့ခွင့်မရခဲ့ဘူး” ဟု ၎င်းကဆိုသည်။

KNPP အဖွဲ့သည် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် တွေ့ဆုံခွင့် မရခဲ့သော်လည်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သတ္တုတွင်းဝန်ကြီးဌာန၊ နယ်စပ်ရေးရာနှင့် တိုင်းရင်းသားရေးရာ ဖွံ့ဖြိုး တိုးတက်ရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးများနှင့် တွေ့ဆုံခဲ့ပြီး ကာကွယ်ရေး ဦးစီးချုပ်နှင့် ထပ်မံတွေ့ဆုံနိုင်ရန် တင်ပြခဲ့ကြောင်း အဆိုပါ အဖွဲ့ထံမှ သိရသည်။

အဆိုပါ အစီအစဉ်နှင့် ပတ်သက်ပြီး The Voice က မြန်မာ ငြိမ်းချမ်းရေးစင်တာသို့ တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းရာ ယင်းအစီအစဉ်နှင့် ပတ်သက်ပြီး သိရှိခြင်း မရှိကြောင်း MPC မှ ဦးအောင်နိုင်ဦးက ပြောကြားသည်။

နိုင်ငံတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကရင်အမျိုးသား အစည်းအရုံး KNU နှင့် နှစ်ကြိမ် တွေ့ဆုံထားသည်။

KNPP သည် အစိုးရနှင့် ၂၀၁၂ ခုနှစ်အတွင်း ပြည်နယ်အဆင့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးခဲ့ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် အောက်တိုဘာလ ၂၂ ရက်နှင့် ၂၃ ရက်နေ့တွင် ပြည်ထောင်စုအဆင့် သဘောတူညီချက် ခုနစ်ချက်ကို လက်မှတ် ရေးထိုးထားသည်။

The Voice Weekly 

Wednesday, October 23, 2013

FIFA 12 for android

             Screenshots of the FIFA 12 for Android tablet, phone.

မင်္ဂလာပါခင်ဗျာ တော်ဝင်သစ္စာမိသားစုမှကြိုဆိုပါတယ် ဘောလုံးခရေဇီ တွေအတွက် အကြိုက်တွေ.မယ်
ဂိမ်းကောင်းလေးတခုပါ ရုပ်ထွက်တော်တော် လေးကိုလန်းပါတယ် ကစားချင်ရင်တော့အောက်ကလင့်ခ်မှာဒေါင်းပါခင်ဗျာ
အရင်ဆုံးဂိမ်းApkကိုအရင်ဖုန်းထဲကိုinstallလုပ်ပါ ပြီးရင်Done နဲ.ထွက်ပါ
ပြီးရင် zip ဖိုင်နဲ.ကူးထားတဲ့ ဒေတာဖိုင်ကို Extract file သုံးပြုပြီးဖြည်ပါ ရလာတဲ့ဖိုင်ကို android internal ထဲကို Data လို.ပေးပြီး ရရှိလာတဲ data ဖိုင်ကို သွင်းပြီးထွက်လိုက်ပါ
အောက်မှာဒေါင်းပါ

APK

DATA CACHE

Screenshots of the FIFA 12 for Android tablet, phone.

မြန်မာ့လူ့အခွင့်အရေး အစီရင်ခံစာ ကုလထုတ်ပြန်


               

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်ရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်တဲ့ အစီရင်ခံစာကို ကုလသမဂ္ဂ အထွေထွေညီလာခံကို တင်သွင်းလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အပြောင်းအလဲတွေက လူ့အခွင့်အရေး အခြေအနေတွေ သိသိသာသာ တိုးတက်မယ့် အလားအလာကို ဖန်တီးပေးခဲ့တယ်လို့ လူ့အခွင့်အရေး ကိုယ်စားလှယ် Tomas Ojea Quintana ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မြန်မာအစိုးရအနေနဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးခဲ့တာ၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုအပေါ် ပိုပြီးလေးစားမှု ရှိလာတာ၊ တပြည်လုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲမှု ရရှိအောင် လုပ်နေတဲ့အပိုင်းမှာ တိုးတက်မှုတွေ ရှိနေတာတွေကို အစီရင်ခံစာထဲမှာ ထည့်သွင်းထားပါတယ်။

တချိန်တည်းမှာပဲ လက်ရှိဖြစ်နေတဲ့ လူ့အခွင့်အရေး အခြေအနေကို ထိခိုက်စေမဲ့ ပြဿနာတွေကိုလည်း မဖြစ်မနေ ဖြေရှင်းဖို့ လိုတယ်ဆိုတာကို Mr. Quintana က အစီရင်ခံစာမှာ မီးမောင်းထိုးပြထားပါတယ်။

ဒီချို့ယွင်းအားနည်းချက်တွေကို နိုင်ငံတကာ လူ့အခွင့်အရေး စံချိန် စံနှုန်းတွေနဲ့အညီ အခုအချိန်မှာ မကိုင်တွယ် မဖြေရှင်းဘူးဆိုရင် လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးပိုင်းကို ထိခိုက်စေနိုင်တဲ့အပြင် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကိုပါ တဖြည်းဖြည်း အနှောင့်အယှက် ဖြစ်စေလိမ့်မယ်လို့ ကုလသမဂ္ဂ အထွေထွေညီလာခံကို တင်ပြတဲ့ အစီရင်ခံစာမှာ သတိပေးထားပါတယ်။

မြန်မာအစိုးရထဲမှာ လွှမ်းမိုးနေတဲ့ စစ်အတွေး၊ စစ်အမြင်ကနေ လူ့အခွင့်အရေးကို လေးစားတဲ့ ဒီမိုကရေစီ အတွေးအခေါ်အဖြစ်  ပြောင်းလဲနိုင်ဖို့ဟာ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ စတင်ကတည်းက ရှိနေတဲ့ စိန်ခေါ်မှု ဖြစ်တယ်လို့ Mr. Quintana အထွေထွေညီလာခံကို တင်သွင်းတဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒီအစီရင်ခံစာအပေါ်မှာ အခြေခံပြီး အောက်တိုဘာ ၂၄ ရက်နေ့ ကြာသပတေးနေ့ကျရင် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း) 

မြန်မာနိုင်ငံရေးတွင် စစ်တပ်၏အထူးကဏ္ဍကို အဆုံးသတ်ရမည်ဟု ဒေါ်အောင်ဆန်းစုကြည် ဥရောပတွင် ပြောကြာ


               

မြန်မာ့နိုင်ငံရေးတွင် ဒီမိုကရေစီစနစ် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် စစ်တပ်၏ အထူးအခန်းကဏ္ဍကို အဆုံးသတ်သည့် အခြေခံဥပဒေဆိုင်ရာ အပြောင်းအလဲများ လိုအပ်နေကြောင်း ပြင်သစ်နိုင်ငံ စထရာဘိုးစ်မြို့၌ ဥရောပပါလီမန် ကော် တီနှစ်ရပ်နှင့် ပူးတွဲတွေ့ဆုံရာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

““(မြန်မာရဲ့) ဒီအခြေခံဥပဒေက စစ်တပ်ကိုသာ အထူးအခွင့်အရေးပေးထားရုံမကဘဲ အရင်စစ်အစိုးရနဲ့ ဆက်နွှယ်နေတဲ့သူတွေ အကုန်လုံးကိုပါ အခွင့်အရေးပေးထားပါတယ်။ ကျွန်မတို့မှာ စစ်မှန်တဲ့ ဒီမိုကရေစီကို ရောက်ရှိဖို့ ခရီးအရှည်ကြီးသွားရဦးမှာဖြစ်ပြီး တစ်ခုလုံးအနေနဲ့ ဒီမိုကရေစီနည်းမကျတဲ့ ဒီအခြေခံဥပဒေကြီးကို ပြင်ဆင်နိုင်ဖို့ စတင်ရပါမယ်”” ဟု ၎င်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က မြန်မာသည် ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ အခြေခံဥပဒေကို ပြောင်းလဲပစ်ရမည်ဟုလည်း ပြောဆိုလိုက်သည်။ ပြီးခဲ့သည့် ဇွန်လကလည်း သမ္မတရာထူးအတွက် ၀င်ရောက်ယှဉ်ပြိုင်လိုကြောင်း ပြောထားပြီးဖြစ်သည်။

ဥရောပ ပါလီမန်နှစ်ခုနှင့် တွေ့ဆုံမှုတွင်  အခြေခံဥပဒေအပြောင်းအလဲသည် မြန်မာနိုင်ငံတွင် အဓိကအကျဆုံး တာဝန်ဖြစ်ကြောင်း၊ စစ်တပ်၏ သဘောတူညီမှုရရန် လိုနေကြောင်း ၎င်းကဆိုသည်။  လက်ရှိ အခြေခံဥပဒေ၏ အဓိကရည်ရွယ်ချက်များထဲမှ တစ်ခုမှာ နိုင်ငံရေးတွင် စစ်တပ်၏အထူးကဏ္ဍကို ထိန်းသိမ်းပေးထားရန်ဖြစ်ကြောင်း ဆိုသည်။ 

အဆိုပါ တွေ့ဆုံမှုတွင် ““ကျွန်မတို့ရဲ့ အကြီးမားဆုံးလိုအပ်ချက်ကတော့ အခြေခံဥပဒေပြင်နိုင်ဖို့ပါ။ ဒါမှသာ ဒီမိုကရေစီခရီးလမ်းဆီ ခိုင်မာစွာသွားနိုင်မယ့် ကျွန်မတို့နိုင်ငံအတွက် အခြေခံကျတဲ့ ဥပဒေမူဘောင်တစ်ခုကို ရရှိနိုင်ပါလိမ့်မယ်။ အခြေခံဥပဒေမပြင်ဆင်ရင်၂၀၁၅ ရွေးကောက်ပွဲဟာ တရားမျှတမှု ရှိနိုင်မှာ မဟုတ်ပါဘူး””  ဟု ၎င်းက ဆိုသည်။

—Ref: Bloomberg

7Day Daily 

မြန်မာနိုင်ငံတွင်အလုပ်လက်မဲ့နူန်း မြင့်မားခြင်းက ချိန်ကိုက်ဗုံး နှင့်တူသည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော


                 

မြန်မာနိုင်ငံမှာ အလုပ်လက်မဲ့တွေ များနေပြီး လူငယ်တွေ အလုပ်လက်မဲ့ ဖြစ်နေတာဟာ ချိန်ကိုက်ဗုံးတလုံးလို ဖြစ်နေတယ်လို ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည့်ရဲ့ ဥရောပ နိုင်ငံခရီးစဉ်အတွင်း ပြင်သစ်နိုင်ငံမှာ ကျင်ပတဲ့ ဆက်ခါရော့(Sakharov) ဆုချီးမြင့်ပွဲ အခမ်းအနား အပြီး အောက်တိုဘာလ ၂၂ ရက်နေ့က ဥရောပ ပြည်ထောင်စုလွှတ်တော်ဥက္ကဋ္ဌနဲ့ အတူ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က “တနိုင်ငံလုံးမှာ အလုပ်လက်မဲ့နှုန်း အရမ်းမြင့်မားနေပါတယ်။ အထူးသဖြင့် လူငယ်တွေက အလုပ်လက်မဲ့ ဖြစ်နေကြပါတယ်။ လူငယ်တွေ အလုပ်လက်မဲ့ ဖြစ်ရတဲ့ကိစ္စဟာ ချိန်ကိုက်ဗုံး ၁ လုံးလိုပါ။ အလုပ်လက်မဲ့ဖြစ်နေရတဲ့ လူငယ်တွေအတွက် အနာဂတ် မျှော်လင့်ချက်တွေ ပျောက်ကွယ်နေပါတယ်။ ဒါကြောင့်လည်း ကျန် နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်ပေါ်စေပါတယ်” လို့ ပြောပါတယ်။

ရေဆိုရင်လည်း နိုင်ငံအတွင်းက ရေရရှိ လူ ၅၀ ရာခိုင်နှုန်းထက် နည်းနေပါတယ်။ လမ်းအခြေအနေဆုရင်လည်း မကောင်းပါဘူး။ လမ်းပန်းဆက်သွယ်ရေးကောင်းမှ သူတို့တွေလည်း အလုပ်သွားနိုင်မှာပါ။ ကလေးတွေလည်း ကျောင်းသွားနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း သူတို့တွေအတွက် လမ်းလိုတယ်။ လျှပ်စစ်မီး၊ ကျန်းမာရေးနဲ့ ပညာရေးတွေလည်း လိုအပ်နေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်တွေကို ပြောကြားလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က “အကယ်လို့ ဥရောပနိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံကို ကူညီ ပေးသင့်တဲ့ အရေးကြီးဆုံးကိစ္စတခုကို ပြောပါဆိုရင် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးအတွက် ကူညီပေးပါလို့ ပြောချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လက်ရှိ လုပ်ဆောင်ဖို့ လိုအပ်နေတဲ့ မတူကွဲပြားမှုတွေ အားလုံးပေါင်းစည်းမှု တည်ဆောက်ရေးတွေကို အထောက်အပံ့ ပေးနိုင်မှာ ဖြစ်ပါတယ်။ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးဟာ မြန်မာနိုင်ငံအတွက် အရမ်း အရေးကြီးပါတယ်။ ငြိမ်းချမ်းရေးမရှိဘူးဆိုရင်လည်း ခိုင်မြဲတဲ့ ဖွံ့ဖြိုးတိုးတက်မှု လုပ်ဆောင်နိုင်မှာ မဟုတ်ပါဘူး” လို့ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဥရောပသမဂ္ဂမှာ ဆွေးနွေးပွဲတွေ တက်ရောက်ဖို့နဲ့ ဆာခါရော့ဖ် လူ့အခွင့်အရေးဆု လက်ခံရယူဖို့ ၁၅ ရက်ကြာ ဥရောပခရီးစဉ်ကို အောက်တိုဘာ ၁၈ ရက်နေ့ကတည်း စတင်ခဲ့တာဖြစ်ပါတယ်။

သူ့ခရီးစဉ်အတွင်းမှာ ဘယ်ဂျီယံ၊ လူဇင်ဘတ်၊ ပြင်သစ်၊ ဗြိတိန်နဲ့ အီတလီစတဲ့ ဥရောပ ၅ နိုင်ငံကို သွားရောက်နေတာ ဖြစ်ပါတယ်။

by ခွန်ဘသာ   (ဒီဗွီဘီ)

ဇီးသီးစားသုံးခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများ


                         
(၁) အောက်ဆီဂျင် ရယ်ဒီကယ်ကြောင့် ထိခိုက်မှု မဖြစ်အောင် ကာကွယ်ခြင်း

ဆီးသီးမှာ ကိုယ်တွင်း ထိခိုက်မှုတွေ မဖြစ်အောင် ကာကွယ်ပေးတဲ့ဓာတ်တွေ ပါဝင်တာကြောင့် အောက်ဆီဂျင်အခြေခံတဲ့ ထိခိုက်မှု မဖြစ်အောင် ကာကွယ်ပေးပါတယ်။

(၂) သံဓာတ်စုပ်ယူမှု ကောင်းပြီး အင်တီအောက်ဆီးဒင့် ကာကွယ်မှု ရရှိစေခြင်း

ဆီးသီးရဲ့ အကျိုးကျေးဇူးတစ်မျိုးက ခန္ဓာကိုယ်မှ သံဓာတ်စုပ်ယူမှုကို ကောင်းစေတာပဲ ဖြစ်ပါတယ်။ အကြောင်းကတော့ ဗီတာမင်စီများစွာ ပါဝင်လို့ပါ။ ဒါကြောင့် ကိုယ်ခံစွမ်းအား စနစ်ကို ကောင်းမွန်စေပြီး တစ်သျှူးတွေကို ကျန်းမာစေပါတယ်။ နားတွင်း ပိုးဝင်မှု မကြာခဏ မဖြစ်အောင် ကာကွယ်ပေးကာ ဖရီး ရယ်ဒီကယ်တွေကိုလည်း တွန်းလှန်ပေးပါတယ်။ ဒါကြောင့် ပန်းနာရင်ကျပ်ရောဂါ၊ ရိုးဆစ်ရောင်ရမ်းနာ၊ အူမကြီးကင်ဆာနဲ့ ရူမတွိုက်အဆစ်ရောင်နာတို့ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဗီတာမင်စီပါတဲ့ သစ်သီးတွေ စားတာကြောင့် လေဖြတ်တာ၊ နှလုံးရောဂါနဲ့ ကင်ဆာရောဂါတို့ကြောင့် သေဆုံးမှုဖြစ်နှုန်းကို လျှော့ချပေးနိုင်ပါတယ်။

(၃) မက်ကူလာယိုယွင်းမှုကြောင့် မျက်စိထိခိုက်မှု မဖြစ်အောင် ကာကွယ်ခြင်း

တစ်နေ့ ဆီးသီး သုံးခွက်စားတာကြောင့် အသက်ကြီးလို့ဖြစ်တဲ့ မက်ကူလာ ယိုယွင်းပျက်စီးမှု (AMRD) ဖြစ်နှုန်းကို လျော့ကျစေပါတယ်။

(၄) ကယ်လိုရီနည်းသော အစာအဖြစ် သတ်မှတ်ခြင်း

ဆီးသီးတွေက ကယ်လိုရီပါဝင်မှု နည်းပါးပြီး အန္တရာယ်ရှိတဲ့ မပြည့်ဝဆီလည်း မပါဝင်တာကြောင့် ဘေးထွက်ဆိုးကျိုးကင်းတဲ့ အစာအဖြစ် ရွေးချယ်စားနိုင်ပါတယ်။ ကြေးနီ၊ မဂ္ဂနိစ်၊ ပိုတက်စီယမ်၊ ဖော့စ်ဖရပ်စ်နဲ့ မဂ္ဂနီဆီယမ်တို့လို သတ္တုဓာတ်ပါဝင်မှု များတာကြောင့် နှလုံးနဲ့ သွေးကြောတွေကို ကျန်းမာစေပါတယ်။

(၅) အစာခြေစနစ်ကို ကျန်းမာစေခြင်း

ဆီးသီးမှာပါတဲ့ အမျှင်ဓာတ်တွေက မကောင်းတဲ့ ကိုလက်စထရောကို လျော့နည်းစေပြီး ဝမ်းချုပ်တာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဆီးသီးမှာပါတဲ့ အမျှင်ဓာတ်တွေက အစာခြေစနစ်ရဲ့ လုပ်ငန်းဆောင်တာတွေ မှန်ကန် ကောင်းမွန်နေအောင်လည်း ထိန်းထားပေးနိုင်ပါတယ်။ အူတွေကို သန့်စင်စေကာ အစာခြေစနစ်ကို ကျန်းမာစေပါတယ်။

(၆) အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကို လျော့ကျစေခြင်း

ဆီးသီးမှာပါတဲ့ လူတင်၊ ဇီဇန်သင်းနဲ့ ခရစ်ပတိုဇန်သင်းတို့ဟာ ဖလေဗွိုးနွိုက် အင်တီအောက်ဆီးဒင့် ဂုဏ်သတ္တိ ရှိပါတယ်။ ဒီ အင်တီအောက်ဆီးဒင့်တွေက ဖရီးရယ်ဒီကယ်တွေကို တွန်းလှန်နိုင်ပြီး အိုမင်းမှုနဲ့ အိုမင်းမှုကြောင့်ဖြစ်တဲ့ ရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် အရေးကြောင်းဖြစ်တာနဲ့ ပါးရေတွန့်တာတို့ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

(၇) ဦးနှောက်ကျန်းမာပြီး အားပြည့်စေခြင်း

လေ့လာမှုများစွာအရ ဆီးသီးမှာပါတဲ့ Asphenols ဆိုတဲ့ အင်တီအောက်ဆီးဒင့် အာနိသင်တွေကြောင့် ဦးနှောက်ဆဲလ်နဲ့ တခြားဆဲလ် အမြှေးပါးနေရာတွေမှာ တွေ့ရတဲ့ အဆီတွေကို ထိခိုက်မှုမဖြစ်အောင် ကာကွယ် တွန်းလှန်ပေးနိုင်တယ်လို့ သိရပါတယ်။ ဆီးသီးကို နေ့စဉ်စားတာကြောင့် ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေကို မှန်ကန်ကျန်းမာစေပြီး မှတ်ဉာဏ်ကို ကောင်းမွန်စေပါတယ်။ ဆီးသီးဟာ စိတ်ဓာတ်ကျတာကို ပြန်ကောင်းလာအောင် ကူညီနိုင်စွမ်းလည်း ရှိပါတယ်။

(၈) စိတ်ဖိစီးမှုနှင့် နုံးချည့်ညောင်းညာမှုကို တွန်းလှန်နိုင်ခြင်း

ဆီးသီး ငါးလုံး-ခြောက်လုံးကို ပုံမှန်နီးပါး စားပေးရင် မောပန်းမှုနဲ့ နွမ်းနယ်မှုတို့ကို တွန်းလှန်ပေးနိုင်ပါတယ်။ ဆီးသီးဟာ အာရုံကြောတွေကို ငြိမ်းအေးစေပြီး သဘာဝအတိုင်း နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျတဲ့ အဆင့်ကို ရောက်ရှိစေနိုင်ပါတယ်။

(၉) အမြင်အာရုံကို ကောင်းမွန်စေခြင်း

ဆီးသီးမှာပါတဲ့ ဗီတာမင်အေဟာ အမြင်အာရုံကို ကောင်းမွန်စေတဲ့အပြင် သွားပိုးစားတာနဲ့ အဆုတ်ကင်ဆာတို့ မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ ဆီးသီးရဲ့ တခြားကောင်းကျိုးတစ်ခုက အသားအရေကို ကြည်လင်တောက်ပစေတာပဲ ဖြစ်ပါတယ်။ ဆီးသီးမှာပါတဲ့ ပိုတက်စီယမ်ဓာတ်ဟာ နှလုံးခုန်နှုန်းကို ကောင်းမွန်စေပြီး သွေးဖိအားကို ပုံမှန်အတိုင်း ထိန်းထားပေးနိုင်ပါတယ်။ ဆီးသီးမှာပါတဲ့ သံဓာတ်ဟာ သွေးနီဥတွေကိုဖြစ်ပေါ်စေပြီး ဗီတာမင်ကေဟာ သွေးခဲအောင်ကူညီပေးကာ အယ်လ်ဇိုင်းမားရောဂါ မဖြစ်အောင် ကာကွယ်ပေးပါတယ်။

ကြယ်စင်

LinkWithin

Related Posts Plugin for WordPress, Blogger...