Thursday, August 22, 2013

ဆီးဂိမ်းအထိမ်းအမှတ်ဂရက်ဖတီ ကိုအာကာကျော် နေပြည်တော်သို့ သွားရောက်ရေးဆွဲမည်


                   

ဆီးဂိမ်းပြိုင်ပွဲ အထိမ်းအမှတ် ဂရက်ဖတီပုံကို လာမည့်စက်တင်ဘာ တွင် နေပြည်တော်သို့ သွားရောက်ရေး ဆွဲပေးမည်ဟု ဂရက်ဖတီ ပညာရှင် ကို အာကာကျော်က ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

အဆိုပါ ဆီးဂိမ်းThemes ပုံစံ ဂရက်ဖတီကို မြို့မ ဈေးနားတွင် ရေးဆွဲ ရမည်ဖြစ်ပြီး ရေးဆွဲရန် နေရာနှင့် လို အပ်သည့်ဆေးများကို အားကစားဝန် ကြီးဌာနဘက်မှ ပံ့ပိုးပေးသွားမည်ဖြစ် ကြောင်း သိရသည်။

''လောလောဆယ်မှာတော့ နိုင်ငံ ကိုယ်စားပြုအနေနဲ့ ဆီးဂိမ်း Themes ပုံကို တစ်ပုံတည်း အရင်ရေးဆွဲဖြစ်မှာပါ။ အဲဒီပုံကို ဓာတ်ပုံရိုက်ခွင့်တွေ ဘာတွေ ပေးထားမယ်လို့လည်း ပြောပါတယ်''ဟု ၄င်းက ဆက်ပြောသည်။

နေပြည်တော်တွင် ကျင်းပပြုလုပ် မည့် (၂၇) ကြိမ်မြောက် ဆီးဂိမ်း ပြိုင်ပွဲအ တွက် အထိမ်းအမှတ်အဖြစ် ဂရက်ဖတီ ရေးဆွဲပေးရန် အားကစား ဝန်ကြီးဌာန နှင့် ဆီးဂိမ်း Theme song များ ဖန် တီးပြုလုပ်သည့် Event Master အဖွဲ့မှ လွန်ခဲ့သည့် တစ်လခန့်က ပြောဆိုထားခဲ့ ခြင်းဖြစ်ပြီး ယခုသြဂုတ်လအတွင်းမှသာ ရေးဆွဲရန် အတည်ပြုပြောဆိုပြီးဖြစ် သည်ဟု ကိုအာကာကျော်က ထပ် လောင်းပြောသည်။

''အဓိကအနေနဲ့ ဆီးဂိမ်းအားက စားပုံစံတွေ၊ ဇီးကွက်ပုံ အဲဒါလေးကို ဆွဲ ဖြစ်မှာပါ''ဟု ၄င်းက ဆက်ပြောသည်။

ဂရက်ဖတီပညာရှင် အာကာကျော် မှာ ပြည်တွင်းသို့ အမေရိကန် သမ္မတ အိုဘားမား လာရောက်စဉ် ရွှေဂုံတိုင် တွင် ဂရက်ဖတီ ပုံ ရေးဆွဲဂုဏ်ပြုခဲ့သည်။

သို့သော် ယင်းနေရာ၌ပင် သမ္မတ ဦးသိန်းစိန်ပုံရေးဆွဲခဲ့ရာ ဒဏ်ငွေ တစ် သိန်းပေးဆောင်ခဲ့ရသည်။

သုတလင်း

Popular Myanmar News Journal 

အင်းလေးဒေသခံ ရွာသားများကို ပြည်နယ်ရဲမှူးကြီး ဦးဝင်းထွန်းမှ ခြိမ်းခြောက်


                 

ရှမ်းပြည်နယ် ပြည်နယ်ရဲမင်းကြီး ဦးဝင်းထွန်း ဦးဆောင်သော ရဲတပ်ဖွဲ့ သည်၊ အင်းလေး ဟိုတယ်ဇုံ စီမံကိန်း အတွင်းရှိ- လျှော်ကြေး မယူသော ဒေါ်ခင်ရွှေ ပိုင် လယ်ထဲသို့  မြေဖို့ ရဲ့ အဓမ္မ ဝင်ရောက်ခဲ့ သဖြင့် ဒေသခံ ရဲရင့်သော အင်းလေးရွာသားများနှင့် ထိပ်တိုက်တွေ့ ဆုံခဲ့ ကြတယ်။

ဲဖြစ်စဉ်ကို မျက်မြင်သက်သေ ဒေသခံ ကိုအောင်ကျော်မျိုးက ယခုလိုပြောပြခဲ့ ပါတယ်။

``၂၁-၈-၂၀၁၃ နေ့ လည်၂း၀၀အချိန် ၀န်းကျင်ခန့် မှာ ပြည်နယ်ရဲမင်းကြီး ဦးဝင်းထွန်းက လယ်သမားများကို လယ်ဘာလို့ စိုက်ထား သလဲလို့ ပြောတယ်၊ လယ်သမားများ ကလည်း စားစရာမရှိလို့ စိုက်ထားတယ်လို့ ပြန်ပြောပါတယ်။

ဒါကိုပြည်နယ်ရဲမင်းကြီးက `` မင်းတို့ ဘာဖြစ်ဖြစ်စိတ်မဝင်စားဘူး၊ ဒါဟိုတယ်ဇုံ စီမံကိန်းလုပ်ဖို့ ထားတဲ့ အတွက် စီမံကိန်းအောင်မြင်အောင် ငါတို့ ကလုပ်ဆောင်ရမှာပဲ၊ ငါတို့ က စစ်တပ်ထဲက ထွက်လာတဲ သူကွ ဘာမဆိုလုပ်ရဲတယ်ဟု ပြောဆိုပြီး၊ လယ်ပိုင်ရှင် မောင်နှမ(၆)ဦး ကိုလဲဖမ်းမယ်လို့ ပြောပြီး ဓါတ်ပုံရိုက်သွားပါတယ်``ဟုပြောပါတယ်။

ထိုနောက်-``၁ရက်-၂ရက် စောင့်ကြည့်မယ်၊ ဘယ်သူတားတား ဖမ်းထည့်မယ်ဟု ပြောပြီး၊  လယ်ယာမြေ ပတ်ဝန်းကျင်တွင် မြေစာများကို အသင့်ပုံထားပြီး လယ်မြေအား လုံးဝမြေမြုပ်ဖျက်ဆီး ပစ်ရန်
စီမံထားတယ် `` လို့ ပြောပြပါတယ်။

လက်ရှိဟိုတယ်ဇုံ စီမံကိန်းမှာ ရွာသားများနှင့် အကြေအလည်ညှိနှိုင်း အဆင်ပြေခြင်း မရှိပဲ-ရှမ်းပြည်နယ်အစိုးရ အဖွဲ့ ၏ အဓမ္မ ကိုယ်ကျိုးရှာ ပုံဖော်လုပ်ဆောင်သကဲ့ သို့ ဖြစ်လာကြောင်း၊ ဒေသခံ လယ်သမားများအား ပြည်သူ့ ဝန်ထမ်း ရဲများက ပြည်သူကို မစောင့်ရှောက် တော့ပဲ အစိုးရ အဖွဲ့ ဝင်များ၏ အကျိုးစီးပွားနှင့် ကုမ္ပဏီ အကျိုးစီးပွားအတွက် လက်ကိုင်တုတ် ရဲတပ်ရင်း သဖွယ်
 အသုံးပြုပြီး၊ ဒေသခံလယ်သမားများအား အကြိမ်ကြိမ် ခြိမ်းခြောက်ရိုက်နှက်ညှင်းပန်း နှိပ်စက်
နေကြသည့် ပုံစံမျိုးဖြစ်ပေါ်နေကိုတွေ့ ရှိနေရပါတယ်ဟု ဒေသခံများက ပြောကြပါတယ်၊

လေးကြီး-(ရှမ်းပြည်)

ရေကြီးမှု ကြောင့် သံတွဲ တွင် လေးဦးသေဆုံး


                 

ရခိုင်ပြည်နယ် သံတွဲမြို့နယ်တွင် မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းမှုကြောင့် သြဂုတ်လ ၁၉ ရက်နေ့ ညနေပိုင်းမှ စတင်ကာ ရေကြီးမှုများ ဖြစ်ပေါ်ခဲ့ပြီး လူလေးဦး သေဆုံးခဲ့ကြောင်း ဒေသအာဏာပိုင်များ၏ သတင်းထုတ်ပြန်ချက်ကို ကိုးကားကာ သံတွဲမြို့ခံ ဦးမြင့်မိုးက ပြောကြားသည်။

မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးမှုကြောင့် သြဂုတ်လ ၁၉ ရက်နေ့တွင် ပုစွန်ပြေချောင်းကျေးရွာမှ အမျိုးသားတစ်ဦး၊ သရော်ချောင်းကျေးရွာမှ အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး သြဂုတ်လ ၂၀ ရက်နေ့တွင် ဒေါက်ချောင်းကျေးရွာမှ အမျိုးသားတစ်ဦး၊ ကျောင်းတိုက်ကျေး ရွာမှ အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သံတွဲမြို့ အမျိုးဘာသာ သာသနာ ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေးအသင်းမှ တာဝန်ရှိသူလည်းဖြစ်သူ ၎င်းကဆိုသည်။

သရော်ချောင်းနှင့် ကျောင်းတိုက်ကျေးရွာသားများမှာ ရေမျောသစ်တုံးများကို လိုက်လံဆယ်ယူစဉ် သေဆုံးခြင်းဖြစ်ပြီး ကျန်နှစ်ဦးမှာ ငါးဖမ်းထွက်စဉ် သေဆုံးခြင်း ဖြစ်ကြောင်း ဦးမြင့်မိုးက ထပ်မံပြောဆိုသည်။

သံတွဲမြို့နယ် နေရာအများအပြားတွင် ရေငါးပေကျော် မြင့်တက် မှုကြောင့် နေအိမ်များ နစ်မြုပ်ခဲ့ပြီး သံတွဲမြို့နယ် ညောင်ပင်းဈေးကျေးရွာနှင့် သမုတ်ချောင်းကျေးရွာတို့မှ အိမ်ထောင်စုပေါင်း ၆၀ ကျော်ကို စခန်းသုံးခုဖွင့်ကာ ဘေးလွှတ်ရာသို့ ပြောင်းရွှေ့ထားရကြောင်း သံတွဲမြို့ခံများက ပြောကြားသည်။

သံတွဲမြို့တွင် ရေကြီးမှုကြောင့် လူ ၅၀၀ ခန့်ကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ ထားရသော်လည်း သေဆုံးမှုကိစ္စနှင့် ပတ်သက်၍ သတင်းမရရှိသေးကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ သတင်းပြန်ကြားရေး ဆပ်ကော်မတီ အတွင်းရေးမှူး ဦးဦးဝင်းမြိုင်က ဆိုသည်။

ရေမြုပ်သည့် ကျေးရွာများကို စက်လှေများဖြင့် သွားရောက်ကာ ထမင်းထုပ်များ လှူဒါန်းနေရကြောင်း အမျိုးဘာသာ သာသနာ ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေး အသင်းထံမှ သိရှိရသည်။

“တချို့ အိမ်တွေက ခေါင်မိုးနားထိ မြုပ်လို့ လူတွေခေါင်မိုးပေါ် တက်ထိုင်နေကြတယ်။ အဲလိုလူတွေဆိုရင် စက်လှေနဲ့ ခေါ်လာခဲ့တယ်” ဟု ဦးမြင့်မိုးက ပြောကြားသည်။

သံတွဲမြို့နယ်တွင် သြဂုတ်လ ၂၀ ရက်နေ့ ညနေပိုင်းမှစတင်ကာ ရေတစ်ဝက်ခန့် ပြန်လည် လျော့ကျသွားပြီ ဖြစ်ကြောင်း သံတွဲမြို့ ဒေသခံများကို သြဂုတ်လ ၂၁ ရက်နေ့ ညနေ ၄ နာရီခန့်တွင် မေးမြန်းချက်အရ သိရှိရသည်။

ရခိုင်ပြည်နယ်တွင် လွန်ခဲ့သည့် လပိုင်းကလည်း မင်းပြား၊ မြောက်ဦး၊ စစ်တွေ အပါအဝင် မြို့နယ်အချို့တွင် ရေကြီးမှုများ ဖြစ်ပေါ်ခဲ့သည်။

The Voice Weekly 

ကုလကိုယ်စားလှယ်မစ္စတာ ကင်တားနား ပြောကြားချက် အစိုးရ ပယ်ချ


                

မိတ္ထီလာမြို့ ခရီးစဉ်အတွင်း ဆန္ဒပြအကြမ်းဖက်မှုတွေကို အစိုးရက အကာကွယ်မပေးခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး ကိုယ်စားလှယ်ရဲ့ ပြောဆိုချက်ဟာ တကယ့်အဖြစ်မှန်နဲ့ ကွဲလွဲနေတယ်လို့ သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားလိုက်ပါတယ်။

မိတ္ထီလာမြို့မှာ ည ၁၀ နာရီကျော် မထွက်ရ အမိန့်ထုတ်ပြန်ထားပေမယ့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံး အသွားလမ်းမှာ လူ ၂၀၀ လောက်က စောင့်ကြို ဆန္ဒပြပြီး ကားကို ကန်ကြောက်ဆဲဆိုကြတာကို အစိုးရဘက်က မကာကွယ်ပေးဘူးလို့ မနေ့ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် သတင်းစာရှင်းလင်းပွဲမှာ မစ္စတာ ကင်တားနားက ပြောကြားလိုက်တာပါ။

မစ္စတာ ကင်တားနားက “မိတ္တီလာမြို့က ဖြစ်ရပ်ဟာ ကျနော်အတွက် အနီးအနားမှာ ရဲတွေ ရှိပေမယ့် အကာအကွယ်မဲနေပြီလို့ ခံစားရပါတယ်။ အဲဒီအချိန်မှာ ကျနော်တွေးမိတာက ပြီးခဲ့တဲ့ မတ်လတုန်းက ဖြစ်ခဲ့ မိတ္ထီလာ ပဋိပက္ခမှာ လူ ၄၃ ဦး အသတ်ခံနေရတုန်းက ရဲတွေဟာ ဒီလိုပဲ ကာကွယ်မှု မပေးဘဲ ရပ်ကြည့်နေမယ်ဆိုတာကို တွေးမိပါတယ်” လို့ ပြောပါတယ်။

ဒီအပေါ်သမ္မတပြောခွင့်ရသူ ဦးရဲထွတ်က “မစ္စတာ ကင်တားနားရဲ့ ပြောကြားချက်ဟာ တကယ်ဖြစ်တဲ့ အဖြစ်မှန်နဲ့ ကွယ်လွဲမှုတွေ ရှိနေတယ်။ တကယ်တော့ အဲဒီနေ့က ကင်တားနားရဲ့ ယာဉ်တန်းနဲ့အတူ ရဲတပ်ဖွဲ့က ကားတစီး၊ လုံးခြုံရေး ယာဉ်တစီးလည်း အတူတူလိုက်ပါလာတယ်။ နောက် မစ္စတာ ကင်တားနားကို ဆန္ဒပြမယ် ဆိုတဲ့ လူတွေ ရှိနေတဲ့အတွက်ကြောင့် အဲဒီလူတွေကို ထိန်းဖို့အတွက် ရဲအင်အား ၃၀ ကျော်ကိုလည်း အဲဒီလူတွေ စောင့်ဆိုင်းတဲ့နေရာမှာ ကျနော်တို့ ချထားခဲ့တယ်။ ယာဉ်ထိန်းတပ်ဖွဲ့တွေကိုလည်း ချထားခဲ့တယ်။

“ည ၁၀ နာရီရောက်တဲ့အချိန်မှာတော့ ကာဖျူး အချိန်ရောက်တဲ့ အတွက်ကြောင့်မို့လို့ အဲဒီလူအုပ်စုတွေကို လူစုခွဲဖို့ ရဲက ပြောတယ်။ အဲဒီအချိန်မှာ လူက ကျနော်တို့ သတင်းအရ ၃၀၀၊ ၄၀၀ လောက်ရှိတယ်။ အဲဒီလို လူစု တဖြည်းဖြည်းနဲ့ ခွဲနေတဲ့အချိန်မှာ မစ္စတာ ကင်တားနားရဲ့ ကားယာဉ်တန်းက အဲဒီနေရာကို ည ၁၀ နာရီခွဲလောက်မှာ ရောက်လာတယ်။ ရောက်လာတဲ့အချိန် အဲဒီပတ်ဝန်းကျင်မှာ လူ ၁၀၀ လောက် ဆက်ပြီးတော့ ကျန်နေသေးတယ်။ အဲဒီလူတွေက မစ္စတာ ကင်တားနားကို ဆိုင်းဘုတ် ၁၆ ခုလောက် ထောင်ပြပြီးတော့မှ မစ္စတာ ကင်တားနားကို အလိုမရှိကြောင်း အော်တာတော့ ရှိတယ်။ နောက်တချို့လူ အနည်းငယ်တော့ သူကားတခါးမှန်ကို သွားခေါက်ပြီးတော့ စာတစောင်နဲ့ ကင်တားနားပုံ ရိုက်ထားတဲ့ တီရှပ်တထည်ပေးဖို့ ကြိုးစားခဲ့တယ်။ ကင်တားနား ကားတံခါးကို ဖွင့်မပေးတဲ့ အတွက်ကြောင့်မို့ အဲဒီစာပေးဖို့ ကြိုးစားတဲ့လူတွကို ရဲကဖယ်ရှားပြီးတော့မှ ယာဉ်တန်းဆက်သွားနိုင်အောင် လမ်းရှင်းပေးခဲ့တယ်။

“နံပါတ် ၁ ရဲလုံခြုံရေး အစောင့်ရှောက် မရှိဘူးဆိုတာ မဟုတ်ဘူး။ ရဲက အတူတူပါတဲ့အပြင် သွားနိုင်ဖို့အတွက် လမ်းရှင်းပေးခဲ့တယ်။ ဆန္ဒပြနေတဲ့ လူတွေက သူကို အန္တရာယ်ပြုဖို့ အကြမ်းဖက်ဖို့အတွက် ကားကြီးကို ၀ိုင်းအုံပြီးတော့မှ ထုနှက်တယ်ဆိုတာ မဟုတ်ပါဘူး။ စာပေဖို့အတွက် မှန်တံခါးကို ခေါက်ပြီးတော့မှ တီရှပ်နဲ့ စာထောင်ပြတာပဲ ရှိတယ်လို့ ကျနော်တို့ ရဲတပ်ဖွဲ့တွေရဲ့ အစီအရင်ခံစာတွေအရ သိရပါတယ်။”

မစ္စတာ ကင်တားနားဟာ မြန်မာနိုင်ငံ ခရီးစဉ် ၁၁ ရက်တာအတွင်း ရခိုင်၊ ကချင် ၊ ချင်း နဲ့ ရှမ်း ပြည်နယ်တွေက လူ့အခွင့်အရေးအခြေ အနေတွေ သွားရောက် လေ့လာခဲ့ရာမှာ ရခိုင်ပြည်နယ်နဲ့ မိတ္ထီလာမြို့မှာ ဆန္ဒပြမှုတွေနဲ့ ကြုံတွေ့ခဲ့ရတာပါ။

မစ္စတာ ကင်တားနားက ရခိုင်ပြည်နယ်ခရီးစဉ်အတွင်း ဒေသခံတွေ ဆန္ဒပြမယ်လို့ သူ့အနေနဲ့ မမျှော်မှန်းထားကြောင်း၊ ပြည်သူတွေအနေနဲ့ သူတို့ရဲ့ ခံစားချက်တွေကို လွတ်လပ်စွာ ထုတ်ဖော်ခွင့်ရတာကို ကြိုဆိုတယ်လို့ ပြောဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ အသိုက်အဝန်း ၂ ခုကို ခွဲခြားပြီး နေစေခြင်းဟာ ပုံမှန် အလေ့အထတခု ဖြစ်သွားမှာကို စိုးရိမ်ပြီး ယုံကြည်မှုပြန်လည် တည်ဆောက်ခြင်းကို အခက်အခဲတွေ့စေလိမ့်မယ်လို့ မစ္စတာကင်တားနားက သတိပေးပြောဆိုပါတယ်။

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေတွေတိုးတက်မှုတွေ ရှိလာပေမယ့် တိုင်းရင်းသားတွေနဲ့ ပြန်လည်ရင်ကြားစေ့ရေး ဖော်ဆောင်ရေး ကိစ္စရပ်တွေမှာတော့ စိန်ခေါ်မှုတွေ ရှိနေတယ်လို့ မစ္စတာ ကင်တားနားက ပြောပါတယ်။

“မြန်မာနိုင်ငံဟာ ကဏ္ဍတော်တော်များများမှာ အပေါင်းလက္ခဏာ နဲ့ တိုးတက်လာနေတာ တွေ့ရပါတယ်။ လူ့အခွင့်အရေး အခြေအနေတွေဟာ အကောင်းဘက်ကို ဦးတည်ပြောင်းလဲနေပါတယ်။ တိုင်းရင်းသား လူမျိုးစုတွေနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေး လုပ်ဆောင်တဲ့ နေရာမှာတော့ ကြီးမားတဲ့ စိန်ခေါ်မှုတွေ ရှိနေပါသေးတယ်။ အစိုးရ ထိပ်ပိုင်းကနေ အပစ်အခတ် ရပ်စဲဖို့ လုပ်ဆောင်ဖို့ လိုတယ်။”

မစ္စတာကင်တားနားက နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ အစိုးရကို တောင်းဆိုခဲ့သလို ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ရေးကိစ္စ၊ လွှတ်တော်မှာ တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါ ဝင်နေမှု ကိစ္စတွေ ဆွေးနွေးခဲ့ပြီး ဆွေးနွေးမှုရလဒ်တွေအပေါ် အနည်းငယ်ကျေနပ်အားရတယ်လို့ ဆိုပါတယ်။

သူ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်ဆိုင်ရာ အစီရင်ခံစာအပြည့်အစုံကိုလည်း ၂ဝ၁၃ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်မှာ ကုလသမဂ္ဂအထွေထွေညီလာခံကို တင်သွင်းသွားမှာ ဖြစ်ပါတယ်။

ဒီအစီရင်ခံစာ တင်သွင်းတဲ့အချိန်မှာ အခုအကြမ်းဖက်မှု ဖြစ်ပွားခဲ့တဲ့ အခြေအနေကို မစ္စတာ ကင်တားနားက ထည့်သွင်းရေးသားမယ်ဆိုရင် အစိုးရအနေနဲ့ ဘယ်လိုတုံ့ပြန်မလဲဆိုတာနဲ့ ပတ်သက်ပြီး ဦးရဲထွဋ်က အခုလိုပြောပါတယ်။

“ကျနော်တို့ဘက်ကလည်း ဒါကို မဖြစ်ခဲ့တဲ့အကြောင်း ပြန်ရှင်းပြရမှာပေါ့။ သူနဲ့အတူ အဲတုန်းက မန္တလေးတိုင်း ဒေသကြီးအစိုးရ တာဝန်ရှိသူတချို့လည်း ပါလာသေးတယ်။ ရဲကားလည်း ပါတယ်။ ဒါတွေကို သူက ထုတ်ဖော်မပြောဘဲနဲ့ ရုတ်တရက် နားထောင်လိုက်ရင် မိတ္ထီလာမြို့က ပြည်သူတွေက သူ့ကို ၀ိုင်းအုံပြီး အသက်အန္တရာယ် ပြုတဲ့ ပုံမျိုးထိဖြစ်အောင် ပြောတာမျိုး ကျနော်တို့လည်း စိတ်မကောင်းဘူး။ ဒါက အဖြစ်မှန်နဲ့ လွဲနေတဲ့အတွက်ကြောင့်မို့။”

by ဒီဗွီဘီ  

Wednesday, August 21, 2013

Zedge(Latest Version)..,


              zedge                      

 မင်္ဂလာပါ ခင်ဗျာ တော်ဝင်သစ္စာမိသားစုမှကြိုဆိုပါတယ်မိမိဖုန်းအတွက် Wallpapers,Live wallpapers, Ringtones, Games စသည်ဖြင့်မိမိကြိုက်ရာကိုရွေးချယ်Free Download ရယူနိုင်တဲ့ market လေးပါ
 ဖုန်းသုံးတဲ့ Ringtone အတွက် free Download မယူခင်  အစမ်းနားထောင်လို့ရပြီးကြိက်ပြီဆိုမှဒေါင်းနိုင်ပါတယ ခင်ဗျာ်။နောက် ပြီး content notification ကြိုက်ရာရွေးချယ်နိုင်ပါသေးတယ်။(မြန်မာ သီချင်း  Ringtones တွေတောင်ပါသေးတယ် ခင်ဗျာ
Wallpaper အတွက်လဲ Android  HD အလန်းစားတွေ ပါဝင်တာမို.လို အဆင်ပြေစွာလန်းနိုင်ပါပြီ…  တခု ပဲ Google Ads လေးပါနေတာကလွဲလို့အရမ်းကောင်းတဲ့  Android App လေးတစ်ခုပါ။
မိမိကြိုက်တဲ့ wallpaper,ringtone လေးတွေကိုလဲ www.zedge.net  မှာRegister သွားလုပ်ပြီး Upload လုပ်ပေးလို့ရပါတယ်။ ကဲဒါဆိုရင် အသုံးပြုကြည့်ရအောင်ဗျာ
အသုံးပြုချင်ရင်တော့အောက်ကလင်ခ်မှာဒေါင်းနိုင်ပါတယ်ခင်ဗျာ

အသုံးပြုချင်ရင်တော့ဒီနေရာမှာ DOWNLOAD ဒေါင်းပါ
                               OR
https://www.dropbox.com/s/wr7v13zv8nh076z/Zedge.apk

2013.08.21-11.40.46  2013.08.21-11.41.05

2013.08.21-11.41.45  2013.08.21-11.41.53

UCam Ultra Camera Pro 4.0.1.081601 Apk 16MB


              unnamed

             

 မင်္ဂလာပါခင်ဗျာ တော်ဝင်သစ္စာမိသားစုမှကြိုဆိုပါတယ် ဒီ ကင်မရာ လေး ကတော့ လုပ်ဆောင်ချက်တွေအများကြီးပါဝင်ပြီးတော်တော်လေးကို သုံးရတာအဆင်ပြေစေမယ့်ကင်မရာ အပ် လေးပါ
မိမိတို.ဓာတ်ပုံတွေတွေကို  share လုပ်ဖို့),UGif  ပြီးတော့လှုပ်ရှားနေတဲ့
ပုံလေးတွေလုပ်ဖို့),UPhotoနဲ့ USpyCam ဆိုတဲ့ လုပ်ဆောင်ချက်တွေနဲ့အခြားလုပ်ဆောင်ချက်တွေလည်းရှိပါတယ်
အခြားသောလုပ်ဆောင်ချက်တွေကို အများကြီးလုပ်ဆောင်နိုင်မယ် APK လေးပါ ဓာတ်ပုံ ၀ါသနာရှင်များအတွက်ဆောင်ထားသင့်ပါတယ်
အသုံးပြုချင်ရင်တော့အောက်ကလင့်ခ်မှာဒေါင်းနိုင်ပါတယ်ခင်ဗျာ

Download now>>> အသုံးပြုချင်ရင်တော့ဒီနေရာမှာ DOWNLOAD ဒေါင်းပါ 

                        (or)အသုံးပြုချင်ရင်တော့ဒီနေရာမှာ DOWNLOAD ဒေါင်းပါ

                      
                    
                  
                   
                      
                       
                  

Monday, August 19, 2013

Mobile Guide Issue 116




                        
 မင်္ဂလာပါခင်ဗျာ တော်ဝင်သစ္စာမိသားစုမှကြိုဆိုပါတယ် ကျွန်တော်တို.အပတ်စဉ် တင်ဆက်ပေးနေကျဖြစ်သော Mobile Guide Issue 116 ကို ဖတ်ရူနိုင်ပါပြီခင်ဗျာ


ဂျာနယ်ဖတ်ရူချင်ရင်ဒီနေရာမှာ DOWNLOAD ဒေါင်းပါ

LinkWithin

Related Posts Plugin for WordPress, Blogger...