Tuesday, March 11, 2014

နဂါးမောက်သီးအာနိသင်များ


                                 
(၁) နဂါးမောက်သီးထဲမှာ Antioxidant တွေ ပါဝင်ပြီး ကင်ဆာမဖြစ် အောင် ကာကွယ်ပေးနိုင်ပါတယ်။

(၂) သုတေသနပြုလုပ် ချက်များအရ သွေးလှည့်ပတ်မှုစနစ်အတွက် အလွန်ကောင်းပြီး စိတ်လှုပ်ရှား မှုကြောင့်ဖြစ်သော သွေးဖိ အားတက်ခြင်း ကို လျော့ နည်းစေပါတယ်။ သွေးတိုးမဖြစ

်အောင် ကာကွယ်ပါတယ်။ မျက်စိ အမြင်အာရုံကောင်းစေပြီး သွေးထဲက အဆိပ်အတောက်များကိုလည်းခြေဖျက်ပေးပါ တယ်။

(၃) အမျှင်ဓာတ်မြင့်မားစွာ ပါဝင် သောကြောင့် ကိုယ်လက်စထရောလ် ကျစေပါတယ်။

(၄) ပိုတက်စီယမ်၊ ဆိုဒီယမ်၊ သံဓာတ်၊ အသားဓာတ်တို့ ကြွယ်ဝစွာ ပါဝင်ပါတယ်။

(၅) အစာအိမ်ရောဂါများနှင့် ဟော် မုန်း အကျိတ်ရောဂါများကုသရန် အတွက်လည်း အသုံးဝင်ပါတယ်။

(၆) ဗီတာမင် C လည်း အများကြီး ပါဝင်တာမို့ အနာကျက်မြန်စေခြင်း အညိုအမည်းစွဲခြင်းများကို မြန်မြန် အားကိုလည်း မြှင့်တင်ပေးပါတယ်။

(၇) ဘီတာကယ်ရိုတင်းပါဝင်တဲ့ အတွက် မျက်စိအမြင်ကောင်းခြင်း၊ မျိုးပွားနိုင်စွမ်းကောင်းခြင်းနှင့် အခြားသော ဇီဝရုပ်ဖြစ်ပျက်မှု များကိုလည်း ကောင်းစေ ပါ တယ်။

(၈) ဗီတာမင် B1, B2, B3 ကြွယ်ဝစွာ ပါဝင်ပါတယ်

(၉) သွေးတွင်းသကြားဓာတ် ပမာဏ ကို ထိန်းညှိပေးနိုင်တဲ့အတွက် အမျိုး အစား (၂) ဆီးချိုသွေးချိုရောဂါ ရှိသူ များအတွက် သင့်တော်ပါတယ်။

(၁၀)သူ့ထဲမှာပါတဲ့ ပမာဏက ဇီဝ ရုပ် ဖြစ်ပျက်မှုကို မြှင့်တင်ပေးပါတယ်။ နှလုံးသွေးကြောကျန်းမာရေးကို ထိန်း သိမ်းပေးပါတယ်။

(၁၁)နဂါးမောက်သီးပုံမှန်စားပေး မယ်ဆိုရင် ရင်ကျပ်ရောဂါနှင့် ချောင်း ဆိုးခြင်းကို သက်သာပျောက်ကင်း စေနိုင်တယ်လို့ သိရပါတယ်။

Fast Browser for android

                                                                                                          
မင်္ဂလာပါခင်ဗျာ တော်ဝင်သစ္စာမိသားစုမှကြိုဆိုပါတယ် Fast Browser app  browserအလန်းအမျိုးအစားကိုသုံးချင်သူတွေအတွက် fast browser လေးပါ သူကလည်း fire fox နှင့်တူသလို fire fox ထက်မြန်ဆန်တာကိုတွေ့ရပါလိမ့်မယ် လွယ်ကူမြန်ဆန်တဲ့ဆော့ဝဲလေးမို့တင်ပေးလိုက်ပါတယ် .
                                                         .အသုံးပြုချင်ရင်ဒီနေရာမှာဒေါင်းပါ


Saturday, March 1, 2014

natural live wallpaper for android

 သဘာဝဆန်ဆန် Livewallpaper app လေးပါစိတ်ခံစားမူ့ကိုအေးမျှဆုံးပေးနိင်မဲ့ wallpaper အမျိုးအစားပါ မိမိရဲ့ဖုန်းထဲမှာ သဘာဝအတိုင်သက်ဝင်လူပ်ရှားနေမဲ့ Live Wallpaper အလန်းလေးမို့တင်ပေးလိုက်ပါတယ်..ကဲ..သူငယ်ချင်းတို့လည်းကြိုက်ပြီဆိုရင် အောက်က link မှာ down လိုက်တော့နော်

                                                            အသုံးပြုချင်ရင်ဒီနေရာမှာဒေါင်းပါ



Move 'to sd for android

 Move To SD app အမျိုးအစားထဲကဆော့ဝဲတစ်ခုပါ ,မိမိတို့ဖုန်းအတွက်အရမ်းကိုအသုံးဝင်တဲ့ဆော့ဝဲလေးပါ မိမိတို့ဖုန်းထဲက Sd ကဒ်ထဲကဆော့ဝဲများကို လိုသလိုရွှေ့ပြောင်းပေးမဲ့ appလေးပါ အသုံးပြုသင့်တဲ့app လေးမို့တင်ပေးလိုက်ပါတယ်

                                                           အသုံးပြုချင်ရင်ဒီနေရာမှာဒေါင်းပါ


photo editor for android

  မင်္ဂလာပါခင်ဗျာတော်ဝင်သစ္စာမိသားစုမှကြိုဆိုပါတယ်Photo Editor Pro ဓါတ်ပုံများကို အလှဖန်တီးရာမှာ ဝါသနာကြီးတဲ့သူငယ်ချင်းတွေအတွက်အရမ်းကိုအသုံးဝင်တဲ့ဆော့ဝဲလေးနဲ့ မိတ်ဆက်ပေးပါမယ် ..မိမိတို့ပုံများကို အလှဆုံးဖြစ်အောင်ပြုပြင်ရာမှာ အသုံးပြုသင့်တဲ့appအမျိုးအစားပါ ..ကာလာအလင်းအမှောင်ကိုလည်းမိမိတို့ကြိုက်နှစ်သက်သလိုပြောင်းလဲအသုံးပြုလို့ရပါတယ်ဒါတွေဒါတွေမကသေးပါဘူးအရမ်းကိုစုံလင်လှတဲ့ဒီဇိုင်းမျိုးစုံ အစုံအလင် အသုံးပြုလို့ရပါသေးတယ် သူရဲ့လုပ်ဆောင်ချက်တွေကတော့များလွန်းလို့ အသေးစိတ်တော့မပြောပြတော့ပါဘူး သူငယ်ချင်းတို့သုံးကြည့်ရင်းဒီဆော့ဝဲလေးရဲ့စွမ်းဆောင်ရေကိုတွေ့ရပါလိမ့်မယ် ,ကြိုက်နှစ်သက်မယ်ဆိုအောက်ကlink မှာ down လိုက်ကြရအောင်

                                                  ..အသုံးပြုချင်ရင်ဒီနေရာမှာဒေါင်းပါ



ကြက်သွန်မြိတ်၏ ဆေးဖက်ဝင် အာနိသင်များ


 
ကြက်သွန်မြိတ်ဟာ ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့လိုပဲ Alliaceae အနွှယ်ဝင်ဖြစ်ပါတယ်။  ကြက်သွန်မြိတ်ရဲ့ အာဟာတန်ဖိုးဟာ ကြက်သွန်နီနဲ့ ကြက်သွန်ဖြူတို့နဲ့ ဆင်တူပါတယ်။ ဟင်းလျာတွေထဲ ထည့်စားလေ့ရှိတဲ့ ကြက်သွန်မြိတ်မှာ အောက်ပါ ဆေးဖက်ဝင် အကျိုးကျေးဇူးတွေ ပါဝင်ပါတယ်။

(၁) သွေးကြောနံရံတွေကို အကာအကွယ်ပေးပါတယ်

ကြက်သွန်မြိတ်ထဲမှာ Kaempferol လို့ခေါ်တဲ့ ဖလေဗိုးနွိုက်တစ်မျိုး သိသိသာသာ ပါဝင်ပါတယ်။ ဒီဖလေဗိုးနွိုက်ဟာ မကောင်းတဲ့ ဖရီးရယ်ဒီကယ်တွေကို တွန်းလှန်တဲ့နည်းနဲ့ သွေးကြောတွေကို အကာအကွယ်ပေးပါတယ်။ သွေးကြောတွေကို ကျယ်စေပြီး အနားရစေတဲ့ နိုက်ထရစ်အောက်ဆိုက် ထုတ်လုပ်မှုကို တိုးစေတဲ့ အစွမ်းလည်း ရှိတာကြောင့် သွေးကြောတွေ ကျန်းမာစေပြီး သွေးတိုးရောဂါဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။

(၂) ဖောလိတ်ဓာတ်ကို ရရှိစေပါတယ်

ဖောလိတ်ရဲ့ Bioactive ပုံစံတစ်မျိုးဖြစ်တဲ့ 5-methyltetrahydrofolate ဟာ ကြက်သွန်မြိတ်ထဲမှာ ပါဝင်ပါတယ်။ ဖောလိတ်ဟာ ကိုယ်ဝန်ဆောင်ချိန်အတွင်း အရေးကြီးတဲ့ ဓာတ်တစ်မျိုး ဖြစ်ရုံသာမက သွေးထဲက ဟိုမိုစစ်စတင်းအဆင့်ကိုလည်း လျော့နည်းစေပါတယ်။ ဟိုမိုစစ်စတင်းအဆင့်များရင် ခန္ဓာကိုယ်တွင်းမှာ ရောင်ရမ်းမှု ဖြစ်နှုန်းကို တိုးစေရုံသာမက နှလုံးသွေးကြောကျဉ်းရောဂါလို နှလုံးသွေးကြောဆိုင်ရာ ရောဂါဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်ပါတယ်။ သင်စားတဲ့ အစာထဲ ကြက်သွန်မြိတ်ထည့်စားရင် သွေးတွင်း ဟိုမိုစစ်စတင်းအဆင့်ကို လျော့ကျစေပြီး နှလုံးနဲ့ သွေးကြောတွေ ကျန်းမာအောင် အကာအကွယ်ပေးပါတယ်။

(၃) အင်တီအောက်ဆီးဒင့် တစ်မျိုးလို လုပ်ဆောင်ပါတယ်

ကြက်သွန်မြိတ်မှာ အစွမ်းထက် အင်တီအောက်ဆီးဒင့်တစ်မျိုးဖြစ်တဲ့ ပိုလီဖီနော ပါဝင်တာကြောင့် နာတာရှည်ရောဂါနဲ့ အိုမင်းမှုကို ဖြစ်စေနိုင်တဲ့ ဖရီးရယ်ဒီကယ်ကို တွန်းလှန်ပေးနိုင်ပါတယ်။ ကြက်သွန်မြိတ်မှာ ပါဝင်တဲ့ Gallic Acid ပမာဏဟာ ကြက်သွန်နီနဲ့ ကြက်သွန်ဖြူမှာထက် ပိုများပါတယ်။

(၄) နာတာရှည် ရောင်ရမ်းမှုကြောင့် ရောဂါဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်

ကြက်သွန်မြိတ်ဟာ ကြက်သွန်နီနဲ့ ကြက်သွန်ဖြူတွေလောက် နာမည်မကြီးပေမယ့် နာတာရှည်ရောင်ရမ်းတဲ့ အခြေအနေကိုတော့ တွန်းလှန်နိုင်ပါတယ်။ နာတာရှည်ရောင်ရမ်းမှုကြောင့် ဆီးချိုရောဂါ၊ အဝလွန်တာနဲ့ ရိုးဆစ်ရောင်ရမ်းနာတို့ ဖြစ်နိုင်ပါတယ်။ ကြက်သွန်မြိတ်မှာ ပိုလီဖီနောနဲ့ Kaempferol တို့ ပါဝင်တာကြောင့် ရောင်ရမ်းမှုကို လျော့ကျစေပါတယ်။

(၅) ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ရရှိပါတယ်

ကြက်သွန်မြိတ်မှာ ဗီတာမင်စီ၊ B6၊ ဗီတာမင်ကေတို့အပြင် မဂ္ဂနိစ်နဲ့ သံဓာတ်တို့လည်း ကောင်းစွာ ပါဝင်ပါတယ်။ ဗီတာမင်စီဟာ အနာကျက်စေပြီး ကော်လာဂျင် ဖြစ်ပေါ်စေပါတယ်။ ဗီတာမင် B6 ဟာ စွမ်းအင်သုံးစွဲရေးအတွက် အရေးပါပါတယ်။ ဗီတာမင်ကေက သွေးခဲမှု၊ အရိုးနဲ့ တွယ်ဆက်တစ်သျှူး တည်ဆောက်မှုတို့အတွက် အရေးပါပါတယ်။ မဂ္ဂနိစ်ဟာ ခန္ဓာကိုယ်ထဲက တုံ့ပြန်မှုတိုင်းအတွက် ကိုအင်ဇိုင်း အနေနဲ့ လုပ်ဆောင်သလို သံဓာတ်ဟာ ဟေမိုဂလိုဘင် ဖြစ်ပေါ်ရေးအတွက် အရေးပါပါတယ်။

(၆) နှလုံးကို ကာကွယ်ပေးပါတယ်

လေ့လာမှုတချို့အရ ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့လို Allium  အနွှယ်ဝင် ကြက်သွန်မြိတ်ဟာ သွေးဖိအားကို အနည်းငယ် လျော့ကျစေပြီး သွေးခဲဖတ် ဖြစ်ပေါ်မှုကိုလည်း ကာကွယ်ပေးတာကြောင့် နှလုံးရောဂါထခြင်း  (Heart Attack) ဖြစ်နှုန်းကို လျော့ကျစေတယ်လို့ သိရပါတယ်။ သွေးတွင်း မကောင်းတဲ့ ကိုလက်စထရော LDL ကိုလည်း လျော့ကျစေပါတယ်။

(၇) အဆီကင်းပြီး ကယ်လိုရီနည်းပါးပါတယ်

ကြက်သွန်မြိတ်မှာ ကယ်လိုရီပါဝင်မှု နည်းပြီး အဆီမပါတာကြောင့် ခါးအတိုင်းအတာ လျော့ကျလိုသူတွေ အနေနဲ့ ဟင်းလျာအရသာ တိုးအောင် ကြက်သွန်မြိတ် အနည်းငယ် ထည့်သင့်ပါတယ်။ ဒါဆိုရင် ဆား၊ ထောပတ် စတဲ့ အရာတွေ ထပ်ထည့်ဖို့ မလိုဘဲ ဟင်းလျာတွေ ကျန်းမာရေးနဲ့ ညီညွတ်ကာ အရသာရှိနေပါလိမ့်မယ်။

ကြယ်စင်Ref: By Good Health

ဝမ်းတွင် အစာမရှိလျှင် အခါးရည် (လက်လက်ရည်ကြမ်း) သောက်သင့်မသောက်သင့်





 
Tea လို့ခေါ်တဲ့ လက်ဖက်ရွက်မှ ရရှိတဲ့ ရေနွေးကြမ်း၊ လက်ဖက်ရည်များကို လူတို့ တော်တော်များများ သုံးဆောင် လေ့ရှိပါတယ်။ အချို့ ကျတော့ အိပ်ယာထတာနဲ့ လက်ဘက်ရည်ကြမ်းသောက်ကြပါတယ်။ အချို့ ကျ အစာစားပြီးမှ သောက်သလို၊ အချို့ ကျလည်း အစာမစားမီလည်း သောက်တတ်ပါတယ်။
လက်ဘက်ရဲ့  အဓိကလုပ်ဆောင်ချက်ကို သိထားရန်လိုအပ်ပါတယ်။ လက်ဘက်ဆိုတာ ကယ်လိုရီကို လင်မြန်စွာ လောင်ကျွမ်းစေတဲ့ အစာတစ်မျိုးဖြစ်ပါတယ်။ ဒါကြောင့် အခါးရည်သောက်ရင် အဆီကျတယ်လို့ လူတိုင်း သိရှိပြီးဖြစ်ပါတယ်။

လက်ဘက်ရည်ကြမ်းဟာ ကယ်လိုရီတွေကို လျင်မြန်စွာ လောင်ကျွမ်းစေပါတယ်။ ဒါကြောင့် အစာစားပြီးတဲ့အချိန်မှာ  မှီဝဲတာအကောင်းဆုံး ဖြစ်ပါတယ်။ သို့သော် ဝမ်းထဲအစာမရှိလျှင် မသောက်သုံးသင့်ပါ။ဖြစ်စဉ်ကဒီလိုပါ။

 ဝမ်းထဲမှာ အစာမရှိပါ။ သောက်လိုက်သော လက်ဘက်ရည်က ဝမ်းထဲသို့ဝင်သည်။ ဝမ်းထဲတွင် အစာခြေဖျက်ရန် စောင့်ဆိုင်းနေသော Gastric အက်ဆစ်နှင့် အခြားသောအက်ဆစ်များနှင့် လျင်မြန်စွာဓာတ်ပြုသည် ထိုအခါ ခြေဖျက်စရာ ကယ်လိုရီ အဟာရဓာတ်မရှိသည့်အတွက် ဝမ်းထဲတွင် ရှိသော အက်ဆစ်နှင့် ဓာတ်ပြုပြီး အခြားနေရာများသို့လည်း ပြန့်ကျဲသည် အကျိုးဆက်အားဖြင့် မအီမလည်၊ မသက်မသာဖြစ်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ဓာတ်မတည့်၍ ယားယံခြင်း၊ ခြေလက်များ ဖောယောင်လာခြင်း စသည်တို့ ဖြစ်ပေါ်နိုင်ပါသည်။

တစ်ကြိမ်နှစ်ကြိမ်မဟုတ်ပဲ လက်ဘက်ရည်ကို နှစ်လရှည်စွာ ဝမ်းထဲမရှိပဲ စွဲသောက်ပါက ဖြစ်လာမည့် အကျိုးဆက်က အထက်ဖော်ပြပါထက် ပိုနိုင်ပါသည်။ ထို့ကြောင့် ဆေးပညာရှင်များက ဝမ်းထဲတွင် အစာမရှိလျှင် လက်ဘက်ရည်ကြမ်း (Tea) မသောက်ရန် တိုက်တွန်းထားကြောင်း သိရသည်။
Ref:GreatHorseTea

LinkWithin

Related Posts Plugin for WordPress, Blogger...