Thursday, September 5, 2013

Clean Master (Cleaner) v3.8.0. for android



                                      unnamed

                         
3 ရက်နေ့ကအသစ်ထွက်လာတာပါ တကယ်ကိုနာမည်နဲ.လိုက်အောင်ကိုရှင်းလင်းပေးနိုင်စွမ်းရှိပါတယ်
Junk ဖိုင်တွေကိုလည်းဖျတ်
ပေးပါတယ်။မိမိတို.ဖုန်းအတွှက်အရေးကြီးတဲ့ဖိုင်တွေကိုတော့လုံးဝဖျတ်ပေးမှာမဟုတ်ပါဘူး။
Task killer ကလည်း သာမန်Killer တွေထက် စိတ်ကျေနပ်မူ.ကိုပေးနိုင်ပါတယ်။
အသုံးပြုချင်ရင်တော့အောက်ကလင့်ခ်မှာဒေါင်းပါခင်ဗျာ



ခြိမ်းခြောက်ခံနေရသော ဘူးသီးတောင် အထကခွဲ (၂)


                

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ အစိုးရ အထက်တန်းကျောင်းခွဲ (၂) မှ ဆရာ ဆရာမများကို အမည်မသိ ဆူပူ သောင်းကျန်းလိုသူ အချို့မှ ခြိမ်းခြောက်မူများ ရှိနေသည်ဟု သတင်း ရရှိသည်။

၎င်း အထကခွဲ (၂) သည် ဘူးသီးတောင်မြို့ အနောက်ကွင်းခေါ် အမှတ်(၁)ရပ်ကွက်တွင် တည်ရှိပြီး ဘင်္ဂလီ ကျောင်းသား အများစု သင်ကြားနေသော ကျောင်း ဖြစ်သည်ဟု သိရသည်။

လွန်ခဲ့သောလ သြဂတ်စ်လ ၂၁ ရက်နေ့က ၎င်းအခြေခံပညာအထက်တန်းကျောင်းခွဲ(၂) တွင် စစ်ဝတ် ပြောက်ကျား ဂျာကင်(၁) ထည်၊ စစ်ဖိနပ်(၁) ရံ၊ တောဆောင်း စစ်ဦးထုပ် (၁)လုံး၊ ခြေအိတ်(၁) စုံ နှင့် စွပ်ကျယ်(၁)ထည်ကို ကျောင်းဝင်းရှေ့ အုတ်ထရံအနီးတွင် အမည်မသိသူများက လာရောက်ချထားခဲ့သည်ဟု ဆိုသည်။

၎င်းစစ်အသုံးအဆောင် ပစ္စည်းများကို ကျောင်းဝင်းရှေ့တွင် လာရောက် ချထားခြင်းမှာ ဆရာ ဆရာမများကို ခြိမ်းခြောက်လို၍ ဖြစ်ကြောင်း အမည်မဖေါ်လိုသူ ဆရာ တစ်ဦးက ပြောသည်။

၎င်းစစ်အသုံးအဆောင် ပစ္စည်းများကို ရဲတပ်ဖွဲ့က လာရောက် စစ်ဆေးပြီး သိမ်းယူသွားခဲ့သည်ဟု ဆိုသည်။

ယင်းမတိုင်မှီ အစွန်းရောက် အစ္စလာမ်မစ် အဖွဲ့ တစ်ခုမှ ဘူးသီးတောင်တွင် ဗုံးခွဲမည်ဆို၍ အဆိုပါ ကျောင်းအား (၂) ကြိမ်တိုင်တိုင် စစ်တပ်မှ လာရောက် စစ်ဆေးခဲ့သည်ဟု ၎င်းဆရာက ပြောသည်။

ဆရာ ဆရာမများ အနေဖြင့် လုံခြုံရေး စိုးရိမ်ရသဖြင့် ကျောင်းသို့ သွားရောက် စာပြရန်မှာ ၀န်လေး နေကြပြီး အချို့ ဆရာ ဆရာမများမှာ ကျောင်းသို့ မသွားရဲဘဲ ဖြစ်နေကြသည်ဟု ဆိုသည်။

၎င်းနောက်ပိုင်း လုံခြုံရေးကြောင့် ကျောင်းပျက်ကွက်သော ဆရာ ဆရာမများအား ဒေသခံ ဘင်္ဂလီ ကျောင်းသားမိဖများက အထက်သို့ တိုင်ကြားမူများ ရှိလာသဖြင့် ဆရာ ဆရာမများ အနေဖြင့် အခက်ကြုံနေကြရသည်ဟု ဆိုသည်။

အချို့ ဆရာ ဆရာမများမှာ အလုပ်ထွက်ရန်ထိ စဉ်းစားနေကြပြီး အချို့မှာ ခြိမ်းခြောက်မူများရှိနေသော်လည်း ၀မ်းရေး အတွက် သွားရောက် စာပြနေကြသည်ဟု ဆိုသည်။

သက်ဆိုင်ရာ ပညာရေးဌာနမှ အထက်အာဏာပိုင်များ အနေဖြင့် အထက ခွဲ(၂) တွင် ဖြစ်ပေါ်နေသော ခြိမ်းခြောက်ခံ ပြဿနာအား အမြန်ဆုံး ဖြေရှင်းပေးရန်ကို ဆရာ ဆရာမများက အထူး လိုလားနေကြသည်ဟု အဆိုပါ ဆရာက ပြောသည်။

သြဂတ်စ် ၁၈နှင့်  ၁၉ ရက် နေ့များတွင် ဘူးသီးတောင်တွင် ဗုံးဖေါက်ခွဲမည့် သတင်းများကြောင့် အထက်တန်းကျောင်းများ အပါအဝင် မြို့ပေါ်ကျောင်းများတွင် လုံခြုံရေး တင်းကျပ်စွာ ချထားခဲ့ရသည်ဟု သိရသည်။

(နိရဉ္စရာ- ၄ စက်တင်္ဘာ ၂၀၁၃) 

နေရာပြောင်းရွှေ့ ဖွင့်လှစ်တော့မည့် မယ်တော်ဆေးခန်း


                

မြေနေရာငှားရမ်းထားမှု သက်တမ်း စေ့တော့မည်ဖြစ်သဖြင့် ထိုင်း- မြန်မာ နယ်စပ် မဲဆောက်မြို့အနီးတွင် ဖွင့်လှစ် ထားသော မယ်တော်ဆေးခန်းအား နေ ရာပြောင်းေ ရွှ့ဖွင့်လှစ်ရမည်ဖြစ်ပြီး ယင်း အတွက် ဂျပန်အစိုးရက ထိုင်းဘတ်ငွေ ၃ သန်းခန့် ထောက်ပံ့မည်ဟု သိရသည်။

”အဓိက ကတော့ အခု မယ်တော် ဆေးခန်းဖွင့်ထားတဲ့ မြေနေရာက ထိုင်း မိသားစုတစ်စုဆီကနေ ငှားထားတာလေ။ အခုသူတို့က မြေကိုပြန်ယူတော့မယ်။ မငှားတော့ ဘူးဆိုတော့ ပြောင်းရွှေ့ဖို့ပြင် ဆင်ရတာပါ” ဟု မယ်တော် ဆေးခန်း၏ ထရိန်နင်မန်နေဂျာ နော်အိသွဘော်က ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

ထိုင်းနိုင်ငံ တပ်(ခ်)ခရိုင် မဲဆောက် မြို့အနီးတွင် ၁၉၈၉ ခုနှစ်မှ စတင်ဖွင့် လှစ်ကာ ထိုင်း-မြန်မာ နယ်စပ်တစ် လျှောက် ရွှေ့ပြောင်းလုပ်သားများအား ကျန်းမာရေးေ စာင့်ရှောက်မှုပေးနေ သော မယ်တော်ဆေးခန်း အဆင့်မြှင့် တင်ရန်နှင့် နေရာပြောင်းရွှေ့ ဖွင့်လှစ် ရန်အတွက် ဂျပန်အစိုးရက ထိုင်းဘတ် ငွေ ၂၉၉၄၅ဝဝ ထောက်ပံ့ လှူဒါန်းမည် ဖြစ်သည်။ ယင်းအတွက် ထိုင်းနိုင်ငံ ဆိုင်ရာ ဂျပန်သံအမတ်ကြီး Shigekazu Sato နှင့် မယ်တော်ဆေးခန်း တည် ထောင်သူ မြန်မာနိုင်ငံသား ကရင်တိုင်း ရင်းသူ ဒေါက်တာ စင်သီယာမောင်တို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် သြဂုတ် လ ၂၇ ရက်နေ့က သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့သည်။

”အခုပြောင်းမယ့်နေရာက အခုလို လမ်းမကြီးဘေးတော့ မဟုတ်ဘူးပေါ့။ ဒါပေမဲ့ အခု ဆေးခန်းနေရာနဲ့တော့ သိပ်မဝေးပါဘူး” ဟု နော်အိသွဘော်က ပြောသည်။

စတင်တည်ထောင်စမှ ယခုအချိန် အထိ ပြည်တွင်းပြည်ပ အလှူရှင်များ ၏ ထောက်ပံ့လှူဒါန်းငွေဖြင့် ရပ်တည် လည်ပတ်နေရသော မယ်တော်ဆေး ခန်း အတွက် ယခုကဲ့သို့ ဂျပန်အစိုးရက ပမာ ဏများများ လှူဒါန်းခြင်းသည် ပထမဆုံး အကြိမ်ဟု သိရသည်။

မယ်တော်ဆေးခန်းကို ၁၉၈၉ ခု နှစ်တွင် ဒေါက်တာစင်သီယာမောင်က ဦးစီးဖွင့်လှစ်ခဲ့ပြီး ပြည်တွင်းစစ်နှင့် နှိပ် စက်ညှဉ်းပန်းခံရမှုတို့ကြောင့် နေရပ်စွန့် ခွာထွက်ပြေးလာ ရသူများနှင့် ဆေးဖိုး ဝါးခမတတ်နိုင်သော ရွှေ့ပြောင်းမြန်မာ လုပ်သားများအား အခမဲ့ဆေးကုသ စောင့်ရှောက်မှု ပြုပေးခဲ့ သည်။ နှစ်စဉ် လူနာတစ်သိန်းခွဲခန့်ကို ဆေးကု သစောင့် ရှောက်မှု ပြုပေးနေသည်ဟု သိရသည်။

”ဆေးခန်းကို ဆေးလာကုတဲ့လူ နာက တစ်ရက်ကို ပျမ်းမျှ ၃၅ဝ လောက် ရှိတယ်” ဟု သူမက ပြောသည်။

ပြီးခဲ့သည့်လအတွင်းက မိုးအ ဆက်မပြတ် ရွာသွန်း၍ သောင်းရင်းမြစ် ကြီး ရေကြီးရေလျှံမှုကြောင့် ဆေးခန်းရှိ အတွင်းလူနာများ ကို နေရာရွှေ့ ပြောင်းခဲ့ ရပြီး အေ ဆာက်အအုံအချို့ ဟောင်းနွ မ်း နေခြင်း ကလည်း ဆေးခန်းနေရာရွှေ့ ပြောင်းဖွင့်လှစ်ရခြင်း အကြောင်းရင်းဟု သိရသည်။

ကျော်ရဲလင်း

Popular Myanmar News Journal 

အစာငတ်ခံဆန္ဒပြဟု ဒေါ်နော်အုန်းလှ ၏ သတင်းများထွက်ပေါ်


              

မုံရွာထောင်တွင် အလုပ်နှင့် ထောင်ဒဏ်နှစ်နှစ်ကျခံနေရသူ ဒေါ်နော်အုန်းလှသည် အစာငတ်ခံ ဆန္ဒပြလျက်ရှိ သည်ဟု မုံရွာအကျဉ်း ထောင်နှင့်နီးစပ်သည့် သတင်းရပ်ကွက်က ဆိုသည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၉ ရက်တွင် ပုဒ်မ ၅၀၅ (ခ) ဖြင့် ထောင်ဒဏ်ချမှတ်ခြင်း ခံခဲ့ရပြီးနောက် ဒေါ်နော်အုန်းလှ အစာငတ်ခံ ဆန္ဒပြနေခြင်းဖြစ်သည်ဟု သတင်းရပ်ကွက်ကဆိုသည်။ သို့သော် ထိုသတင်းကို မဇ္ဈိမက သီးခြားအတည်ပြုချက်ရယူနိုင် ခြင်းမရှိပါ။

အစာငတ်ခံဆန္ဒပြမှုအတွက် ထောင်ဆရာဝန်ဒေါက်တာမျိုးမင်းက ကျန်းမာရေး အခြေအနေစောင့်ကြပ်ပေးလျက်ရှိပြီး စိုးရိမ်ဖွယ်ရာမရှိဟု သိရသည်။

ဒေါ်နော်အုန်းလှသည် ဒေသခံ ၁၅၀ ခန့်ကို ဦးဆောင်ကာသြဂုတ် ၁၃ ရက်က မုံရွာမြို့ပေါ်တွင် ကြေးနီ စီမံကိန်း ရပ်ဆိုင်းရေး၊ အခြေခံဥပဒေပြင်ပေးရေး၊ ကြေးနီစီမံ ကိန်းဆန္ဒပြသူများကို အကြမ်းဖက်နှိမ်နင်းခဲ့သည့် ရဲများအား အရေးယူပေးရေးစသည်တို့ကို တောင်းဆိုဆန္ဒပြခဲ့သည်။

ယင်းနောက် မုံရွာအမှတ် (၁) ရဲစခန်းက ပြစ်မှုပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုခဲ့ပြီး မုံရွာမြို့နယ်တရားသူကြီး ဦးခင်မောင်ဝင်းမှ ဒေါ်နော်အုန်းလှအား အလုပ်နှင့်ထောင်ဒဏ် နှစ်နှစ်ကျခံစေရန် အမိန့်ချခဲ့သည်။

ဒေါ်နော်အုန်းလှ အစာငတ်ခံ ဆန္ဒပြခြင်းနှင့်ပတ်သက်၍ မုံရွာအကျဉ်းထောင်သို့ မဇ္ဈိမက ဆက်သွယ်မေးမြန်း ရာတွင် တာဝန်ကျ ၀န်ထမ်းတစ်ဦးက ဖြေကြားခွင့်မရှိဟုဆိုသည်။ ဒေါ်နော်အုန်းလှ၏ ရှေ့နေဖြစ်သူ ဦးရောဘတ်စန်းအောင်ကို ဆက်သွယ်မေးမြန်းရာတွင် အဆက်အသွယ်မရရှိသေးဟု မဇ္ဈိမကို ပြောသည်။

ကိုတိုးကြီး
Mizzima - News in Burmese 

ဝ၊ မိုင်းလား တပ်ဖွဲ့ ခေါင်းဆောင်များ နှင့် သူရ ဦးရွှေမန်းနှင့် တွေ့ဆုံ့ 


           

ဝ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSA တပ်ဖွဲ့နဲ့ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NSAA-ESS) မိုင်းလားတပ်ဖွဲ့က ခေါင်းဆောင်တွေ ဟာ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း ခေါင်းဆောင်တဲ့အဖွဲ့နဲ့ စက်တင်ဘာ ၃ ရက်နေ့ မနေ့ မနက်က ကျိုင်းတုံမြို့ တြိဂံတိုင်းစစ်ဌာနချူပ်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ဆွေးနွေးပွဲမှာ UWSA အဖွဲ့က တောင်းဆိုနေ တဲ့ ပြည်နယ်ကိစ္စ ပြောဆိုလိုက်တယ်လို့ UWSA ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့် က RFA ကိုပြောပါတယ်။

“ကျိုင်းတုံမှာ တွေ့ဖြစ်ပါတယ်၊ အဓိကတော့ လွှတ်တော်အနားယူတုန်းပေါ့နော်၊ အောက်ခြေ လှည့်ပြီး တောင်းဆိုချက်လေးတွေ ဘာလေးတွေ ပြည်သူတွေရဲ့အသံနားထောင်ချင်လို့ ဆိုပြီးတော့ ဆင်းလာတာဖြစ်တယ်၊ အခုကလွှတ်တော်ရှိတယ်၊ ဥပဒေရှိတယ်၊ ရှိတဲ့ကိစ္စက သူတို့ ဒီဆွေးနွေးပြီးတော့ ဆောင်ရွက်ရမယ့် ကိစ္စတွေပေါ့နော့်၊ ပြောစရာဆိုစရာရှိတာတွေကိုလည်း သူတို့ဆီကို တင်လို့ရတယ်ပေါ့၊ သူတို့ကလည်း အခြေအနေနဲ့ကိုက်အောင် ပြုပြင်တာပေါ့နော့်၊ အဓိကတော့ ဒီဦးတည်ချက်ပါပဲ၊ ကျနော်တို့ ဖွဲ့စည်းပုံကိစ္စပေါ့၊ ဆိုလိုတာက ဝကလည်း ကိုယ်ပိုင်အုပ်ချူပ်ခွင့်ရပြည်နယ် တောင်းနေတယ်မဟုတ်လား၊ ဒါလေးတွေကို ညွှန်းပြနေတာ ဒီလိုကိစ္စမျိုးကို ပြောတာပါ”

ဒီတွေ့ဆုံဆွေးနွေးပွဲဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး၊ UWSA ဘက်က ဒုတိယ စစ်သေနာပတိချူပ် တာ့လွန်း၊ ပြည်ပဆက်ဆံရေးဌာနကြီးမှူး ဦးကျောက်ကော်အန်းနဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့်တို့သုံးယောက် တက်ရောက်ခဲ့ပါတယ်။ အစိုးရဘက်ကတော့ သူရဦးရွှေမန်းနဲ့အတူ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီဒုဥက္ကဌ ဦးသိန်းဇော်နဲ့ အဖွဲ့ဝင် ၁၅ ယောက်လောက် ပါဝင်ပါတယ်။

ညနေပိုင်းမှာတော့ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NSAA-ESS) မိုင်းလားတပ်ဖွဲ့က ဥက္ကဌ ဦးစိုင်းလင်း၊ ဒုဥက္ကဌ ဦးစံပေ့၊ ဒုဥက္ကဌ ခွန်းစံလူတို့ သုံးဦးနဲ့ သူရဦးရွှေမန်းတို့ တွေ့ဆုံခဲ့ပြီး အပစ်အခတ်ရပ်စဲပြီး နောက်ပိုင်းအခြေအနေတွေကို ပြောဆိုဆွေးနွေးခဲ့ကြပါတယ်။

သူရ ဦးရွှေမန်း ခေါင်းဆောင်တဲ့အဖွဲ့ဟာ စက်တင်ဘာလ ၂ ရက်နေ့ကတော့ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာ SSA ရှမ်းပြည်တောင်ပိုင်းတပ်ဖွဲ့၊ ရှမ်းပြည်လူမျိုးပေါင်းစုံ လွတ်မြောက်ရေးအဖွဲ့ (ရလလဖ)၊ ပအိုဝ်းအမျိုးသားအဖွဲ့ချူပ် PNO က ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ဒီအတောအတွင်းမှာပဲ ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC ဥက္ကဌလည်းဖြစ်၊ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ခေါင်းဆောင် ဒုတိယဗိုလ်ချူပ်ကြီး အင်ဘန်လ ဦးဆောင်တဲ့အဖွဲ့ဟာ UWSA ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် ဌာနချူပ် ပန်ဆန်းဒေသကို ရောက်နေပါတယ်။

တိုင်းရင်းသားအဖွဲ့အစည်းတွေ စုံစုံလင်လင် နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ပါဝင်နိုင်ဖို့နဲ့  ဖယ်ဒရယ်စနစ် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲနိုင်ဖို့အတွက် ဖိတ်ကြားဖို့သွားနေတာလို့ UNFC အထွေထွေ အတွင်းရေးမှူး ၂ ဗိုလ်မှူးကြီး ခွန်ဥက္ကာက RFA ကို ပြောပါတယ်။

“UNFC က ကျနော်တို့ ဥက္ကဌ ကိုယ်တိုင်သွားတာပါ၊ ကျနော်တို့က ဒီနိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပွဲ လုပ်ရင် UNFC ကိုယ်စားလှယ်အဖွဲ့နဲ့ ပူးတွဲပြီးတော့ တွေ့ဆုံဆွေးနွေးပွဲဝင်ဖို့ဆိုပြီးတော့ ၀ ကို ဖိတ်ထားတာရှိတယ်လေ၊ အဲ့ဒီ ဖိတ်ကြားထားတဲ့ကိစ္စကို ထပ်လောင်းပြီးတော့ ဖိတ်နိုင်တယ်၊ ဒါတစ်ချက်ပေါ့၊ ဒုတိယအချက်ကတော့ အခု ဖယ်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးမယ့်ကိစ္စမှာလည်း ကျနော်တို့က အနည်းဆုံးတော့ ၀၊ မိန်းလား၊ ကိုးကန့် ကနေပြီးတော့ ကိုယ်စားလှယ် တစ်ယောက်လောက်ပေးဖို့ ကျနော်တို့ ပြောထားတော့ အဲ့ဒါကိုလည်းပဲ သူတို့ထပ်လောင်းပြီးတော့ နှိုးဆော်တဲ့သဘောလည်း ဖြစ်နိုင်တာပေါ့ဗျာ၊ ကျနော်သိသလောက်တော့ အဲ့သလောက်ပါပဲ၊ ကျနော်တို့ ပြောထားတာကတော့ ပူးပေါင်းဆောင်ရွက်ဖို့ပါပဲ၊ အဲ့ဒီနိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပွဲမှာ အတူတူဆွေးနွေးကြမယ်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေအသစ်ရေးတဲ့ထဲမှာ အတူတူပါကြမယ် အဲ့သလို ဖိတ်ခေါ်ထားတာပါပဲ”

UNFC အဖွဲ့နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုဥက္ကဌဝန်ကြီး ဦးအောင်မင်းခေါင်းဆောင်တဲ့အဖွဲ့တို့ဟာ လာမယ့်စက်တင်ဘာ ၈ ရက်နေ့မှာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ နိုင်ငံရေးဆွေးနွေးပွဲကျင်းပဖို့ စီစဉ်ထားပါတယ်။

RFA Burmese 

ဓားဒဏ်ရာများနှင့် မလေးရှားတွင် ခေါင်းပြတ်နေသော မြန်မာအမျိုးသားအလောင်းတွေ့


             

အမ်ဖန် ၊ စက်တင်ဘာ ၄ ။        ။မလေးရှားနိုင်ငံ ပန်ဒန် မီဝါရှိရေမြောင်းတစ်ခုအတွင်း ဓားဒဏ်ရာ များနှင့် ဆိုးဆိုး ရွားရွားခေါင်းဖြတ်ထားသော မြန်မာအမျိုးသားတစ်ဦး၏ အလောင်းကို တွေ့ရှိခဲ့ရသည် ဟု သိရသည်။ မြန်မာအမျိုးသား တစ်ဦး ၏ အလောင်းကို တွေ့ရှိရသည့် နေရာမှာ ဈေးဆိုင်တန်းတစ်ခု အနီးရှိ ရေမြောင်းတစ်ခုအတွင်း ဖြစ်ပြီး ဖြတ်သွားဖြတ်လာတို့ က တွေ့ရှိခဲ့ကြပြီးနောက် ရဲ တပ်ဖွဲ့ထံ အကြောင်းကြားခဲ့ ခြင်းဖြစ်သည်။

ရဲတပ်ဖွဲ့မှုခင်း ဆေးပညာ အဖွဲ့၏အဆိုအရ တွေ့ရှိရ သော မြန်မာအမျိုးသားအ လောင်း၏ ခန္ဒာကိုယ်နှင့်လက် များတွင် ဓားဒဏ်ရာအများ အပြားတွေ့ရှိခဲ့ရသည်ဟု ခရိုင် ရဲတပ်ဖွဲ့ အကြီးအကဲလက် ထောက်ကော်မရှင်နာ အမီရူဒင် ဂျာမာလူဒင် က ပြောကြား ခဲ့ သည်ဟု သိရသည်။

အလောင်း မှာ ပုပ်ပွလျက် ရှိရာ အနည်းဆုံးလွန်ခဲ့သည့် လေးရက်လောက်က အသတ် ခံရခြင်းဖြစ်ပြီး ဦးခေါင်းကို တိတိ ရိရိဖြတ်တောက်ထားခဲ့ကြောင်း၊ ကနဦးစစ်ဆေးမှုတွင် တွေ့ရှိ ချက်အရ အလောင်းကို အနီး အနားရှိ တစ်နေရာရာတွင် သတ် ဖြတ်ခဲ့ ခြင်း ဖြစ်ကြောင်း၊ သေဆုံး သူမြန်မာအမျိုးသားသည် အ သက် ၃ဝအရွယ်ခန့်ရှိပြီး အ လောင်းအား ခွဲစိတ်စစ်ဆေး မှုပြု၍ မည်သူမည်ဝါဖြစ်သည် ကို စစ်ဆေးဖော်ထုတ်သွားမည် ဖြစ်ကြောင်း မစ္စတာ အမီရူဒင် က ပြောကြားခဲ့သည်။

Ref: AFP

Yangon Media Group

မြန်မာအစိုးရ အကူအညီ အမြန်လိုအပ်နေသော မလေးရောက်မြန်မာများ


             

ရန်ကုန် ၊ စက်တင်ဘာ ၄။     ။ တရား မဝင် နေထိုင်သူများကို စတင်ဖမ်း ဆီးနေသည့် မလေးရှားနိုင်ငံတွင် အထောက်အထားမပြည့်စုံသည့် မြန်မာလုပ်သားများမှာ ယခုအခါ သစ်တောများအတွင်း ပုန်းခိုအိပ် စက်နေရကြောင်းနှင့် မြန်မာ အစိုးရ ၏အကူအညီကို မျှော်လင့်လျက် ရှိနေကြောင်း မလေးရှားနိုင်ငံရှိ မြန်မာသတင်းရင်းမြစ်များထံမှ သိရသည်။

၂၀၁၃ စက်တင်ဘာ ၁ ရက် မှ ဒီဇင်ဘာလကုန်ပိုင်းအထိသတ် မှတ်ထားသည့် တရားမဝင်နေထိုင် သူများ ဖမ်းဆီးရေးစီမံချက်အရ လေးရက်အတွင်း၌ မြန်မာအလုပ် သမားဖမ်းဆီးခံရမှုသည် လူဦးရေ ၅၅ဝကျော်ဖြင့် ဒုတိယအများဆုံး ဖြစ်နေပြီး အလုပ်သမားများအနေ ဖြင့်နေ့ဘက်တွင် သတိဖြင့်အလုပ် ဆင်းနေရကြောင်း မလေးရှားနိုင်ငံ တွင် ရောက်ရှိနေသည့် မြန်မာများ ထံမှသိရသည်။ မလေးရှားနိုင်ငံရောက် မြန် မာအလုပ်သမားများကို ကူညီပေး နေသည့် ဧရာဝတီ လူမှု ကူညီရေး အသင်းမှ တာဝန်ရှိသူတစ်ဦးက ''အခုတွေ့တဲ့သူတွေကတော့ အင် မတန်စိုးရိမ်နေတဲ့ အခြေအနေပါ။ သူတို့တောထဲမှာ ဝင်အိပ်နေကြ တယ်။ ညဘက်ပုလိပ်တွေက အိမ် တွေကိုဝင်စစ်ဆေးတယ်။ နေ့ဘက် မှာတော့ သတိနဲ့ အလုပ်ဝင် နေရတဲ့ သူတွေလဲရှိပါတယ်''ဟု လက်ရှိသူ သွားလာလှုပ်ရှားနေသည့် ပတ် ဝန်းကျင်ရှိ မြန်မာအလုပ်သမား များ အခြေအနေကိုပြောသည်။

လက်ရှိ လေးရက်အတွင်း ဖမ်းဆီးရမိထားမှုတွင် အင်ဒိုနီးရှား လူမျိုးများက အများဆုံးဖြစ်ပြီး ဒုတိယမြန်မာနှင့် အခြားဘင်္ဂလား ဒေ့ရှ်၊ နီပေါ၊ ကမ္ဘောဒီးယား၊ ဗီယက် နမ်၊ အိန္ဒိယ၊ ပါကစ္စတန်၊ ဖိလစ် ပိုင်၊ တရုတ်၊ နိုင်ဂျီးရီးယားနှင့် ထိုင်း နိုင်ငံသား များ ပါဝင်ကြောင်း သိရ သည်။ ''နေရာအစုံပေါ့။ ဖမ်းတဲ့သူ တွေက နေရာတိုင်းဝင်နေတယ်။ စက်ရုံတွေထဲဆိုရင် အဖွဲ့လိုက်ဝင် နေတယ်။ ပါမစ်မရှိသူကို သူဌေးက လက်မခံရဲတော့ဘူး။ စက်ရုံတိုင်း တော့မဟုတ်ဘူး။ သူဌေးတွေက အလုပ်နား ခိုင်းထားတယ်။ အစိုးရ ဘယ်လိုကူညီပေးမလဲလို့ မျှော်လင့် ပါတယ်''ဟု မလေးရှားရောက် အလုပ်သမားတစ်ဦးက ပြောသည်။

အဆိုပါ တရားမဝင်အလုပ် သမားဖမ်းဆီးရေးစီမံချက်တွင် ကုန်တိုက်များ၊ အိမ်ဆိုင်များ၊ ပို့ ဆောင်ရေးဂိတ်များတွင် အဓိက ပြုလုပ်နေပြီး တရားမဝင် ရှိနေ သည့် အလုပ်သမား လေးသိန်းခန့် ကို ဖမ်းဆီးနိုင်ရေး ဆောင်ရွက် မည်ဖြစ်ကြောင်း သိရသည်။ ''တောထဲ အိပ်နေရတဲ့အ ထဲမှာဆိုရင် တခိျု့နေရာတွေမှာ လင်မယားစုံတွဲတွေ၊ တခိျု့နေရာ တွေမှာလဲ မောင်နှမတွေ တွဲလျက် ပေါ့ဗျာ။ နေ့ဖက်တွေလဲ ဖမ်းဆီး နေတာတွေရှိပါတယ်''ဟု ဧရာဝ တီလူမှု ကူညီရေး အသင်းမှ တာ ဝန်ရှိသူ တစ်ဦးက ပြောသည်။

တရားမဝင် အလုပ်လုပ်နေ သူများ ပပျောက်ရေးစစ်ဆင်ရေး များကို မလေးရှား လူဝင်မှုကြီး ကြပ်ရေး၊ ရဲဌာန၊ တပ်မတော်အစ ရှိသည့်အဖွဲ့အစည်းများက အင် အား ၂၀၀၀ ကျော်ဖြင့် ဆောင် ရွက်နေခြင်းဖြစ်ပြီး လက်ရှိတွင် ထိန်းသိမ်း ခံထားရ သည့် နိုင်ငံပေါင်း စုံမှ အလုပ်သမား ၂၀၀၀ ကျော် အတွက် သက်ဆိုင်ရာ နိုင်ငံအစိုးရ များ၏အကူအညီပေးမှုကို မတွေ့ မြင်ရသေးကြောင်း မလေးရှား ရောက် မြန်မာသတင်းရင်းမြစ် များထံမှသိရသည်။

ကျော်ဇေယျ

Yangon Media Group 

LinkWithin

Related Posts Plugin for WordPress, Blogger...