Monday, September 2, 2013

Facebook Messenger v2.7.1 For Android


 

                                  
မင်္ဂလာခင်ဗျာ တော်ဝင်သစ္စာမိသားစုမှကြိုဆိုပါတယ် ဆိုရှယ်သုံးစွဲသူ တွေအတွက်မိမိတို.Android ဖုန်း နှင့်Android Tablet ပိုင်ရှင် မိတ်ဆွေသူငယ်ချင်းများအတွက်
30 ရက်နေ့ 8 လပိုင်းက Update လေးပါ ခင်
ဗျာ
ချက်တာကို ၀ါသနာပါသူများအတွက် အဆင်ပြေမှာပါ သူငယ်ချင်းမိတ်ဆွေ တွေနဲ.စကားပြောလိုရတာပါ
အသုံးပြုမယ်ဆို အောက်က လင့်ခ်မှာရယူနိုင်ပါတယ်



                                          

အိန္ဒိယဘက်က မြန်မာတပ်တွေတပ်စွဲဖို့ ကြိုးစားလို့ စိုးရိမ်


            

အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်နဲ့ နယ်နမိတ်ခြင်း ထိစပ်နေတဲ့ အိန္ဒိယ-မြန်မာ နယ်စပ်မှာ မြန်မာစစ်တပ်ဘက်က ယာယီစစ်စခန်း လာဆောက်နေတာနဲ့ ပတ်သက်ပြီး အိန္ဒိယဖက်က စိုးရိမ်မှုတွေ ရှိနေပါတယ်၊ မိုင် ၂၄၇ မိုင်ရှည်လျားတဲ့ မြန်မာနိုင်ငံနဲ့ မဏိပူရပြည်နယ် နယ်စပ်ကို အတိအကျ နယ်စပ်စည်း
သတ်မှတ်နိုင်ဖို့ အတွက်လည်း အိန္ဒိယနဲ့မြန်မာ အစိုးရကြားမှာ ဆွေးနွေးနေကြတယ်လို့ သိရပါတယ်။ ဒီအကြောင်းအပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်က တင်ပြပေးထားပါတယ်။

အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ နယ်စပ် စည်းမျဉ်းအနီးမှာတည်ရှိတဲ့ ဟိုလမ်ဖိုင် ( Haolenphai) ဆိုတဲ့ ကျေးရွာလေးမှာ မြန်မာတပ်တခုက ယာယီစစ်စခန်းတခု တည်ဆောက်ဖို့ ပြင်ဆင်နေတဲ့အတွက် ဟိုလမ်ဖိုင်ကျေးရွာသူကြီးနဲ့ ရွာသူရွာသားတွေက အိန္ဒိယနိုင်ငံ မဏိပူရ၊ မိုရေးနဲ့ အာသံဒေသအာဏာပိုင်တွေကတဆင့် အိန္ဒိယအစိုးရကို ဟန့်တားပေးဖို့ အရေးဆိုခဲ့ကြပါတယ်။ နှစ်နိုင်ငံ နယ်စပ်မျဉ်း အတိအကျ မသတ်မှတ် နိုင်သေးတဲ့ အငြင်းပွားဖွယ်ရာ ဒီနယ်စပ်နားမှာ မြန်မာစစ်တပ်က စခန်း လာဆောက်ဖို့ပြင်နေတာနဲ့ပတ်သက်ပြီး အိန္ဒိယသတင်းစာတွေမှာလည်း အကျယ်တဝင့်ရေးသားဖော်ပြကြပါတယ်။

မဏိပူရပြည်နယ်တာဝန်ရှိသူတွေကလည်း ဗဟိုအစိုးရကို အရေးယူပေးဖို့ အကြောင်းကြားခဲ့တယ်လို့ အိန္ဒိယမဏိပူရနယ်စပ်အရေးကို အနီးကပ် စောင့်ကြည့်နေတဲ့  အိန္ဒိယနိုင်ငံ အခြေစိုက် ဒေါက်တာတင့်ဆွေက ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“ဒီမဏိပူရ် နိုင်ငံရေးအသိုင်းအဝိုင်းကနေပြီးတော့ သူတို့ပြည်နယ်အစိုးရကို ဒီလိုမျိုး မလုပ်အောင် တောင်းဆိုတာတွေတော့ ရှိပါတယ်။ ရှိတော့ ဒီကိစ္စကို နှစ်နိုင်ငံက ထိုင်ပြီးတော့ ရင်ဆိုင်ဖြေရှင်းဖို့လိုတယ်ဆိုပြီးတော့ နိုင်ငံရေးဘက်က အကြံပြုချက်တွေလည်း ရှိပါတယ်။ ဒီသတင်းက မဏိပူရ် သတင်းစာတွေက စရေးတာ၊ မဏိပူရ်က ဒေသခံနိုင်ငံရေးပါတီတွေကနေပြီးတော့ သူတို့အစိုးရကိုပြောတာပေါ့။ ဗမာတပ်တွေက ဒီရွာ၊ ဒီရွာတွေမှာ ဝင်ပြီးတော့ တပ်စွဲတယ်ဆိုပြီးတော့ ပြောတယ်။ အဲ့ဒီ့နောက်ပိုင်း နှစ်ရက်လောက်နေပြီးတဲ့နောက်ပိုင်းမှာ ဗဟိုအစိုးရပေါ့နော်။ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောတာက ဟာ အဲ့လိုမဟုတ်ဘူး။ ဗမာတပ်တွေ ကျူးကျော်တယ်ဆိုတာ Incursion။ Intrusion မဟုတ်ဘူးလို့ပြောတယ်။ ဘာကြောင့်လည်းဆိုတော့ နယ်စပ်မှတ်တိုင်တွေက ပျောက်နေတဲ့ နေရာတွေရှိပြီးတော့ အခုနေရာဟာ နှစ်နိုင်ငံ သဘောတူသတ်မှတ်ခြင်း၊ မလုပ်ရသေးတဲ့ နေရာသာ ဖြစ်တယ် ဆိုပြီးတော့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဒါကို လျော့ချပြီးတော့ ပြောတဲ့သဘောရှိတယ်ခင်ဗျ။”

အိန္ဒိယဖက်က နယ်စပ်လုံခြုံရေးကို တာဝန်ယူထားတဲ့ အာသံ Rifle တပ်ကတော့ မြန်မာဘက်က ခုလို လာပြီး တပ်စွဲဖို့ ပြင်နေတဲ့အပေါ်မှာ နားလည်မှုလွဲတာလို့ပြောပြီး သိပ်အရေးမကြီးတဲ့ပုံ လုပ်ခဲ့တယ်လို့ အိန္ဒိယသတင်းတခုမှာ ဖော်ပြပါတယ်။ အိန္ဒိယနိုင်ငံဘက်က နယ်စပ်အရေး တင်းမာမှုမဖြစ်အောင် နှစ်နိုင်ငံ ချစ်ကြည်ရေး မပျက်အောင် ကြိုးစားဆောင်ရွက်နေကြတဲ့ သဘောရှိတယ်လို့ ဒေါက်တာတင့်ဆွေက ထောက်ပြပြောဆိုပါတယ်။

“ အဲ့ဒီ့နေရာက အိန္ဒိယဘက်ကဆိုရင် အာသံ Rifleလို့ခေါ်တဲ့ အာသံတပ်အဖွဲ့ တာဝန်ရှိတဲ့နေရာပေါ့နော်။ အဲ့ဒီ့နေရာမှာဖြစ်ပြီးတော့ ဗမာတပ်က ဝင်ပြီးတော့ နေတယ်ဆိုပြီးတော့ နိုင်ငံရေးဘက်ကနေ ထောက်ပြတာဖြစ်ပြီးတော့ လုံခြုံရေးဘက်ကတော့ ရင်ဆိုင်မှုသဘောမျိုး မရှိသလို၊ နှစ်နိုင်ငံဆက်ဆံရေးမှာလည်း ဒီဟာကို ကြီးကြီးကျယ်ကျယ်မဖြစ်အောင် ထိန်းသိမ်းတဲ့သဘောရှိတယ်ခင်ဗျ။”

အိန္ဒိယနဲ့ မြန်မာ နှစ်နိုင်ငံကြား မိုင် ၁ ထော်ကျော် ရှည်လျားတဲ့ နယ်စပ်မှာ တချို့နေရာတွေကို အတိအကျ နယ်နိမိတ် သတ်မှတ်နိုင်ခြင်း မရှိတဲ့အတွက် မြန်မာနဲ့ အိန္ဒိယ အစိုးရကြားမှာ ဆက်ပြီး ဆွေးနွေးညှိနှိုင်းနေဆဲဖြစ်ပါတယ်။ ၂ နိုင်ငံကြား တရားဝင်နယ်မြေပိုင်နက်ကို တိတိကျကျ မသတ်မှတ်နိုင်သေးသရွေ့ ဒီလိုမျိုး အငြင်းပွားစရာနယ်မြေပိုင်ဆိုင်မှုကိစ္စတွေ ပေါ်ပေါက်လာနိုင်ခြေ ရှိလာတယ်လို့လည်း ဒေါက်တာတင့်ဆွေက သုံးသပ်ပါတယ်။

“ဒီနိုင်ငံတကာ နယ်နမိတ်မှာတော့ ဖြတ်ကျော်တဲ့ကိစ္စတွေ၊ ပြဿနာတွေကတော့ ရှိနိုင်သေးတယ်။ နောင်လည်း အသစ်တွေ ရှိနိုင်သေးတယ်။ ဘာကြောင့်လည်းဆိုတော့ နှစ်နိုင်ငံ နယ်နမိတ် သတ်သတ်မှတ်မှတ် မသတ်မှတ်ရသေးသရွေ့ ဒီပြဿနာတွေက ရှိနိုင်တယ်။ အဲ့ဒီ့နေရာက ဟိုနိုင်ငံ၊ ဒီနိုင်ငံ နယ်စပ်မှာရှိတော့ အိန္ဒိယဘက်က တကယ်ပိုင်သလား၊ ဗမာနိုင်ငံက တကယ်ပိုင်သလားဆိုတာတော့ နှစ်နိုင်ငံစလုံးကိုက သဘောတူညီချက် မရှိသေးဘူး။ ဒေသမှာ နေတဲ့သူတွေကတော့ အိန္ဒိယဘက်က မဏိပူရ်ဘက်က လူမျိုးတွေ နေကြတာများတယ်။ ဗမာတွေလည်း နေကြတာရှိတယ် ပေါ့လေ။ ဒါကတော့ နှစ်နိုင်ငံ နယ်စပ်တကြောမှာ ရှိတဲ့ မြို့တွေ၊ ရွာတွေက တော့ ထုံးစံအတိုင်းပါပဲ။”

အိန္ဒိယ-မြန်မာနှစ်နိုင်ငံကြား ဆက်သွယ်မယ့် လမ်းဖောက်လုပ်ရေးစီမံကိန်းတွေ၊ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့လည်းရှိနေတဲ့အတွက် နှစ်နိုင်ငံ ဆက်ဆံရေးမပျက်အောင်တော့ ဒီနယ်စပ်ကိစ္စကို ပြေလည်အောင် ဖြေရှင်းနိုင်ခြေရှိတယ်လို့ ဒေါက်တာတင့်ဆွေကပြောပါတယ်။ မဏိပူရဘက်က နယ်စပ်ကိစ္စ နိုင်ငံရေးအရ ဖိအားပေးလာတဲ့ အနေအထားကိုလည်း သူက အခုလိုသုံးသပ်ပါတယ်။

“ အခုက အိန္ဒိယဒေသခံတွေက စွတ်စွဲသလိုပဲ၊ ဗမာစစ်တပ်က လာတာဖြစ်ချင်လည်းဖြစ်မယ်။ ဗမာဘက်က သူတို့ဘက်က ပိုင်တယ်ပြောတာလည်း ဖြစ်ချင်ဖြစ်မယ်။ သို့သော် ဒီဟာအပေါ်မှာ ညှိနှိုင်းဖြေရှင်းပြီးတော့ ယူကြရမယ့်ကိစ္စဖြစ်တယ်။ နောင်လည်းပဲပေါ့လေ။ အလားတူဖြစ်ဖြစ် အသစ်အဆန်းပဲဖြစ်ဖြစ် နိုင်ငံတကာ နယ်နမိတ်မှာ ဖြစ်နေကြသဘောဖြစ်ပါတယ်။ ဒါပေမဲ့လို့ အိန္ဒိယ-မြန်မာ ဆက်ဆံရေးကြည့်လို့ရှိရင်တော့ အိန္ဒိယ-တရုတ် ဆက်ဆံရေး၊ အိန္ဒိယ-ပါကစ္စတန် ဆက်ဆံရေး နဲ့ မတူဘဲနဲ့ အိန္ဒိယ-မြန်မာ ဆက်ဆံရေးကတော့ အပြုသဘော၊ အကောင်းသဘောကို ဦးတည်ပြီးတော့ ရန်လိုတဲ့သဘောတွေ နှစ်ဘက်စလုံးက မရှိတာဖြစ်တဲ့အတွက် ကျနော်တို့ အများကြီးတော့ စိုးရိမ်သောကဖြစ်စရာမရှိဘူးလို့ ရေရှည်မှာ ကျနော်မြင်ပါတယ်ခင်ဗျ။”

အိန္ဒိယနဲ့ မြန်မာနိုင်ငံကြား နယ်မြေ တိုင်းတာ သတ်မှတ်တဲ့လုပ်ငန်းတွေ အဆုံးမသတ်သရွေ့ အဆောက်အအုံ၊ သင်္ကေတ၊ အမှတ်အသားတွေကို မပြုလုပ်ကြဖို့ နှစ်ဦးနှစ်ဘက် သဘောတူညီထားတာရှိတယ်လို့ အိန္ဒိယဘက်ကလာတဲ့ သတင်းတွေမှာ ဖော်ပြနေကြပါတယ်။

မဆုမွန် (ဗွီအိုအေ) 

ရွှေဘိုအကျဉ်းထောင် တွင် ကန့်ဘလူအကြမ်းဖက်မှု သံသယရှိသူ ၁၁ဦးကိုစတင်စစ်ဆေးပြီ


            

ကန့်ဘလူ အကြမ်းဖက်မှုတွင် ပါဝင်ပတ် သက်သူဟု သံသယရှိသူ ၁၁ဦး ကို ရွှေဘိုအကျဉ်းထောင်တွင် စ တင် စစ်ဆေးနေပြီဖြစ်ကြောင်း မြန် မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။
ယင်း အပြင် စစ်ဆေးနေသူ များထံမှ ထပ်မံသိရှိရသည့် အ ကြောင်းအရာများနှင့်ပတ်သက် ၍ ကျန်ရှိသည့် သင်္ကာမကင်းသူ များကို ထပ်မံဖမ်းဆီးသွားရန် အစီအစဉ်များရှိကြောင်းလည်း သိရသည်။

ယင်းနှင့်ပတ်သက်၍ ရဲတပ် ဖွဲ့ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦး က ''ကန့်ဘလူမြို့က လူတွေပါ။ အမျိုးသားတွေ ချည်းပဲ။ သူတို့ ကိုတော့ စစ်ဆေးနေတယ်။ ဒါ ပေမဲ့ ကျွန်တော်တို့က သက်သေ အထောက်အထား ခိုင်လုံအောင် လုပ်ရသေးတယ်။ အကြမ်းဖက်မှု တွေမှာ ပါဝင်ပတ်သက် တဲ့သူတွေ လို့တော့ လောလောဆယ်ယူဆ လို့ ဖမ်းထားပြီး စစ်နေတာပါ''ဟုပြောသည်။

ယင်းကဲ့သို့ အကြမ်းဖက်မှု တွင် ပါဝင်ပတ်သက်သူများကို ဖမ်းဆီးထားခြင်းနှင့် ပတ်သက် ၍ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ အဖွဲ့မှ တာဝန်ရှိသူက ''ကျွန်တော် တို့အနေနဲ့ကတော့ ဒီလိုအကြမ်း ဖက်မှု လုပ်ရပ်တွေ ထပ်မံမဖြစ် ပွားအောင် ကာကွယ်နေပါတယ်။ ဒီလောက်ပဲ ပြောလို့ရမယ်''ဟု ပြောသည်။

ဩဂုတ်၂၄ရက်က စစ်ကိုင်း တိုင်း ကန့်ဘလူအကြမ်းဖက်မှု ကြောင့် နေအိမ် ၃၉လုံး၊ ဈေး ဆိုင် သုံးခန်း၊ ကြက်ခြံတစ်ခြံ မီး လောင်ပျက်စီးပြီး နေအိမ်သုံး လုံး၊ ဈေးဆိုင် ၁၂ခန်း၊ ဆောက် လုပ်ရေးပစ္စည်းဆိုင် သုံးဆိုင်တို့ ဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။ ထို့နောက် ပုဒ်မ-၁၈၈ထုတ်ပြန် ကာ အခြေအနေကို ထိန်းသိမ်းခဲ့ ကြောင်း သိရသည်။

ကျော်မြတ်ဇံ ၊သြဂုတ်(၃၁) ရန်ကုန်တိုင်းနေ့စဉ်သတင်းစာ
Yangon Media Group 

မလေးရောက် တရားမဝင် မြန်မာများကို စတင်ဖမ်းဆီး


             

အဖမ်းအဆီး ကြမ်းမည်ဟု သတိပေးထားသည့် မလေးရှားနိုင်ငံရောက် တရားမဝင် မြန်မာနိုင်ငံသားများ အပါအဝင် နိုင်ငံခြားသားများကို စက်တင်ဘာလ ၁ ရက်နေ့တွင် စတင်ဖမ်းဆီးနေပြီ ဖြစ်ကြောင်း မလေးရှားနိုင်ငံရောက် မြန်မာလုပ်သားများထံမှ သိရှိရသည်။

မလေးရှားနိုင်ငံမြို့တော် ကွာလာလမ်ပူမြို့တော် အပါအဝင် တရားမဝင် နိုင်ငံခြားသား အများစုရှိသည့် နေရာများတွင် စတင်ဖမ်းဆီးနေခြင်း ဖြစ်ကြောင်း၊ လမ်းဆုံများတွင် ကားများရပ်ကာ ရဲတပ်ဖွဲ့များက စစ်ဆေးမှုများ ပြုလုပ်နေပြီး တရားမဝင်သူများဖြစ်ပါက ကားပေါ်ဆွဲတင်သွားကြောင်း ခုနစ်ရက်သားသမီး ကပုန်းနာရေး ကူညီမှုအသင်းမှ တာဝန်ရှိသူ ဦးသောင်းက ပြောကြားသည်။

“သတိပေးထားသလောက်တော့ မကြမ်းသေးဘူး” ဟု ၎င်းကဆိုသည်။
သုံးလကြာ စစ်ဆင်ရေး ပြုလုပ်မည့် တရားမဝင် နိုင်ငံခြားသားများကို ဖမ်းဆီးနှိမ်နင်းရေး အစီအစဉ်ကို Enforcement Operation (မလေးရှားအခေါ် အော်ပရာစီ) အမည်ပေးထားပြီး ယင်းစစ်ဆင်ရေးကို စက်တင်ဘာလ ၁ ရက်နေ့တွင် စတင်နေပြီ ဖြစ်သဖြင့် ကွာလာလမ်ပူရှိ မြန်မာဆိုင်အချို့ ပိတ်ထားကြကြောင်း၊ အချို့ဆိုင်များကို လုံခြုံရေး အစောင့်များဖြင့် ဖွင့်ထားသည်ကို တွေ့ရကြောင်း ဦးသောင်းက ဆက်လက်ပြောကြားသည်။

ဂျိုးဟိုးပြည်နယ်ရှိ လက်အိတ်စက်ရုံတစ်ခု လုပ်ကိုင်နေသည့် တရားမဝင် မြန်မာလုပ်သားတစ်ဦးကမူ “ဖမ်းဆီးတဲ့ သတင်းတွေတော့ ကြားနေရပြီး ကိုယ်တိုင်မတွေ့ရသေးဘူး” ဟု ဆိုသည်။

အော်ပရာစီစတင်သည့် နံနက်ပိုင်းတွင်ပင် တရားမဝင် နေထိုင်နေသည့် မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှား၊ နီပေါနိုင်ငံတို့မှ တရားမဝင် နိုင်ငံသား စုစုပေါင်း ၇၁ ဦး ဖမ်းဆီးခဲ့ကြောင်း မလေးရှားနိုင်ငံ သတင်းဌာန The Star တွင် ဖော်ပြသည်။

ယခုနှစ်အကုန်ထိ တရားမဝင် နိုင်ငံခြားသား လေးသိန်းကို ဖမ်းဆီးသွားမည်ဖြစ်ပြီး ယင်းနိုင်ငံခြားသားများကို လက်ခံထားသည့် အလုပ်ရှင် ၄၅,၀၀၀ ကိုလည်း ဖမ်းဆီးအရေးယူနိုင်ရန် ရည်မှန်းထားကြောင်း မလေးရှားအစိုးရ၏ ပြောဆိုချက်ကို ကိုးကားကာ ယင်းဌာနတွင် ဖော်ပြ ထားသည်။

တရားမဝင် မြန်မာအလုပ်သမားများကို အလုပ်ရှင်များက စက်ရုံများတွင်သာ နေစေပြီး အချို့အလုပ်ရှင်များက လုပ်သားများကို လုံခြုံသည့် နေရာများသို့ ပို့ဆောင်ထားကြောင်း မလေးရှားရောက် မြန်မာများထံမှ သိရှိရသည်။

အော်ပရာစီ စစ်ဆင်ရေးကို လူဝင်မှု ကြီးကြပ်ရေးက ဦးဆောင်မည်ဖြစ်ပြီး ရဲ၊ ပြည်သူ့စစ်၊ စစ်တပ်၊ မီးသတ်နှင့် နိုင်ငံခြားလုပ်သားများ စီမံခန့်ခွဲရေး အစီအစဉ် (6P) တာဝန်ခံ အေးဂျင့်များ၊ UN ကတ် (မလေးရှားနိုင်ငံသို့ ခိုလှုံခွင့် လျှောက်ထားသူကတ်) တရားဝင် ရရှိထားသူများအတွက် ကုလသမဂ္ဂမှ တာဝန်ရှိသူများ အပါအဝင် လူပေါင်း ၁၃၅,၀၀၀ ဦးဖြင့် ဖမ်းဆီးနှိမ်နင်းမည် ဖြစ်ကြောင်း မလေးရှားနိုင်ငံ သတင်းများတွင် ဖော်ပြသည်။

တရားမဝင် နိုင်ငံခြားသားများကို ဖမ်းဆီးနှိမ်နင်းသည့်အပြင် ၎င်းတို့ကို အကာအကွယ်ပေးသူ၊ အကူအညီပေးသူ၊ အလုပ်အကိုင် ပေးထားသူများကို ငွေဒဏ် ရင်းဂစ်ငါးသိန်းနှင့် ထောင်ဒဏ်ငါးနှစ်၊ ကြိမ်ဒဏ်ခြောက်ချက် သို့မဟုတ် ပြစ်မှုအားလုံးကို ချမှတ်နိုင်ကြောင်း The Star သတင်းဌာနတွင် ဖော်ပြထားသည်။

The Voice Weekly 

ကမ္ဘာလှည့်များအတွက် ဆွဲဆောင်မှုထိပ်သီး နိုင်ငံများတွင် မြန်မာပါဝင်လာ


              

အပန်းဖြေနှင့် အလည်အပတ် ခရီးသွားလိုသည့် ကမ္ဘာလှည့် ခရီးသည်များအတွက် ဆွဲဆောင်မှု အကောင်းဆုံး ထိပ်တန်းနိုင်ငံများတွင် မြန်မာပါဝင်နေကြောင်း ဗြိတိန်နိုင်ငံ အခြေစိုက် Cox & Kings ခရီးသွားအင်စတီကျု၏ သြဂုတ်လ ၂၉ ရက်နေ့ထုတ် အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံနှင့် ပတ်သက်၍ ရှေးဟောင်း စေတီပုထိုးများနှင့် အရုဏ်တက် ရှုခင်းအလှကို မိုးပျံပူဖောင်းဖြင့် ပျံသန်းကြည့်ရှုနိုင်မည့် ပုဂံမြို့တော်၊ အင်္ဂလိပ်ခေတ် ရှေးဟောင်း အဆောက်အအုံ အမွေအနှစ်များစွာဖြင့် သက်ဝင်လှုပ်ရှားနေသော မော်လမြိုင် ဆိပ်ကမ်းမြို့တော်နှင့် တိတ်ဆိတ်ငြိမ်းချမ်းသည့် တောင်ပေါ်ဒေသကို နှစ်သက်သူနှင့် တောင်တက် ခရီးသွားလိုသူများအတွက် ရှမ်းပြည်နယ် ကလောမြို့သို့ ခရီးသွားများ အများဆုံး သွားလေ့ရှိသည်ဟု ယင်းအင်စတီကျု၏ အစီရင်ခံစာပါ ဖော်ပြချက်အရ သိရသည်။

ယင်းအစီရင်ခံစာတွင် မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှ ကမ္ဘာလှည့် ခရီးသွားများ အများဆုံး သွားရောက် လည်ပတ်သည့်ဒေသနှင့် လည်ပတ်ရန် အကောင်းဆုံး ဒေသများကို စာရင်းပြုစု ဖော်ပြထားသည်။

ပင်လယ်ကမ်းခြေတွင် အနားယူလိုသူများသည် ငပလီကမ်းခြေနှင့် အပျော်စီးသင်္ဘောဖြင့် ခရီးသွားလိုသူများအတွက် ဧရာဝတီ မြစ်ကြောင်း ခရီးစဉ်တို့သည်လည်း ကမ္ဘာလှည့် ခရီးသွားများကို ဆွဲဆောင်လျက်ရှိပြီး နာမည်ကျော် စေတီပုထိုးတစ်ခုဖြစ်သော ကျိုက်ထီးရိုးစေတီတော်သည် တောင်ထိပ်ပေါ်တွင် ထူးခြားဆန်းကြယ်စွာ တည်ရှိနေပုံမှာလည်း ကမ္ဘာလှည့် ခရီးသွား နိုင်ငံခြားသားများ၏ စိတ်ဝင်စားမှုကို အစဉ်ရယူလျက် ရှိကြောင်းလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံသို့ နွေရာသီ အလည်အပတ်ခရီးစဉ်အဖြစ် လာရောက် လည်ပတ်လိုသည့် ခရီးသည်ဦးရေလည်း နှစ်စဉ် မြင့်တက်လျက်ရှိသည်နှင့် တစ်ပြိုင်နက် အဆင့်မြင့် ဇိမ်ခံဟိုတယ်များစွာ ဆောက်လုပ်ခြင်းနှင့် အလည်အပျော်စီးသင်္ဘောများ စီစဉ်ပေးခြင်း တို့လည်း ဆောင်ရွက်ပေးသင့်ကြောင်း ယင်းအစီရင်ခံစာ တွင် ဖော်ပြထားသည်။

ဗြိတိန်နိုင်ငံ အခြေစိုက် Cox & Kings သည် နှစ်ပေါင်း၂၅၀ ကျော် သက်တမ်းရှိ ကမ္ဘာ့အကြီးဆုံး ခရီးသွားလုပ်ငန်းဖြစ်ပြီး နိုင်ငံပေါင်း ၁၀၀ ကျော်တွင် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိသည်။

၂၀၁၂ ခုနှစ် ဘဏ္ဍနှစ်အကုန်ပိုင်းအထိ မြန်မာနိုင်ငံသို့ ဝင်ရောက်ခဲ့သော နိုင်ငံခြားသား ဦးရေမှာ ယခင်ရှစ်သိန်းကျော် ရှိလာမှ ၁၀ သိန်းကျော်အထိ မြင့်တက်လာခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာနထံ စုံစမ်းသိရှိရသည်။

ယင်းဘဏ္ဍာနှစ်အတွင်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍမှ ရရှိသော ဝင်ငွေမှာ ၅၃၄ သန်းရှိပြီး ခရီးစဉ်များ၏ ၆၅ ရာခိုင်နှုန်းမှာ အပန်းဖြေနှင့် အလည်အပတ် ခရီးလာရောက်ကြသူများ ဖြစ်သည်။

The Voice Weekly 

ထိုင်းနိုင် ငံရောက် အလုပ်သမားများအတွက်ဗီဇာကုန်သောလည်း နေရပ်ပြန်နေခွင့် လျှော့ချပေးမည်


                

ထိုင်း နဲ့ မြန်မာ ၂ နိုင်ငံအစိုးရ သဘောတူစာချွန်လွာအရ ထိုင်းနိုင်ငံထဲ  ၀င်ရောက်လုပ်ကိုင်နေတဲ့ အလုပ်သမားတွေဟာ  လုပ်သက်ပြည့်ရင် မြန်မာပြည်မှာ ၃ နှစ် ပြန်နေရမယ့်အစား ၁ လပဲ ပြန်နေဖို့ ထိုင်းအစိုးရက လျှော့ချပေးတော့မှာ ဖြစ်ပါတယ်။

ထိုင်းအလုပ်သမားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် မစ္စတာ ပရ၀စ် ခိန်းပူးလ်က  စက်တင်ဘာ ၁ ရက်နေ့က စမွတ်စခွန်ခရိုင် မဟာချိုင်မှာ ပြုလုပ်တဲ့ ရွှေ့ပြောင်းအလုပ်သမား နှီးနှောဖလှယ်ပွဲမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဗီဇာသက်တမ်း ၄ နှစ်ပြည့် ရွှေ့ပြောင်းအလုပ်သမားတွေဟာ နေရင်းနိုင်ငံကို ၁ လပဲ ပြန်ဖို့လိုတယ်လို့ မူအားဖြင့် ထိုင်းအစိုးရအဖွဲ့က သဘောတူထားကြပေမယ့် လုပ်ငန်းစဉ် အသေးစိတ်ကိုတာ့ မဆွေးနွေးရသေးဘူးလို့ ညွှန်ချုပ်က ပြောကြောင်း နှီးနှောဖလှယ်ပွဲ ဖြစ်မြောက်ရေးကော်မတီက ဦးအောင်ကျော်က ပြောပါတယ်။
“မနေ့က တက်ရောက်လာတဲ့ အလုပ်သမားဝန်ကြီးဌာန ဦးဆောင်ညွှန်ကြားရေးမှူး ပြောသွားတာက ၃ နှစ်ပြန်နေရမယ့်အစားကို ၁ လအတွင်း အလုပ်ရှင်၊ အလုပ်သမား ငှားရမ်းပြီး ပြန်လုပ်လို့ရပြီဆိုတာ ပြောတယ်။ အသေးစိတ်အချက်အလက်တွေကို ၅ ရက်နေ့ နောက်ပိုင်း ကြေညာမယ်။ ၅ ရက်နေ့မှာ မြန်မာအစိုးရနဲ့ ထိုင်းအစိုးရ ၀န်ကြီးတွေ အဲဒါနဲ့ ပတ်သက်ပြီး အသေးစိတ်လုပ်ဆောင်မှု အဆင့်ဆင့်နဲ့ ကုန်ကျမှု အဆင့်ဆင့်ကို ထုတ်ပြန်မယ်။ ၁ လအတွင်း အလုပ်သမားတွေကို ပြန်လည်ပြီး မူလအတိုင်း ၂ နှစ် ၁ ကြိမ်၊ ၂ ကြိမ်ဆက်ပြီး ၄ နှစ်ဗီဇာ ပြန်ပေးမယ်ဆိုပြီး အတည်ပြုလိုက်ပါတယ်။”

ဒီကိစ္စနဲ့ ပတ်သက်ပြီး အလုပ်သမားတွေအကြား စိုးရိမ်ကြောင့်ကြမှုနဲ့ နောက်ဆက်တွဲ လိမ်လည်လှည့်ဖြားခံရတဲ့ ပြဿနာတွေလည်း ရှိခဲ့တဲ့အတွက် ထိုင်းအလုပ်သမားအဖွဲ့နဲ့ မြန်မာအလုပ်သမားအဖွဲ့ အစည်းတွေ ပူးပေါင်းပြီး ၂ နိုင်ငံ အစိုးရကို တောင်းဆိုခဲ့သလို ခုလို အလုပ်သမားနှီးနှောဖလှယ်ပွဲ ကျင်းပပြီး သူတို့ ပြဿနာတွေကို တင်ပြခဲ့တာလည်း  ဖြစ်ပါတယ်။

မနေ့က မဟာချိုင် ပယ်လယ်ဈေးခန်းမမှာ ကျင်းပတဲ့ နှီးနှောဖလှယ်ပွဲကို  ရွှေ့ပြောင်းအလုပ်သမားကွန်ရက်အဖွဲ့၊ လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့နဲ့ ထိုင်းအလုပ်သမားသမဂ္ဂအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပခဲ့တာဖြစ်ပြီး ထိုင်းအလုပ်သမား ၀န်ကြီးဌာနနဲ့ စမွတ်စခွန်ခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ကိုယ်စားလှယ်တွေရော၊ မြန်မာအလုပ်သမားတွေပါ စုစုပေါင်း လူ ၃၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။

၂၀၁၃ နှစ်ကုန်ပိုင်းမှာ ဗီဇာ ၄ နှစ်သက်တမ်းပြည့်မယ့် အလုပ်သမားပေါင်း ၁ သိန်းလောက် ရှိမယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ သံအရာရှိ ဦးကျော် ကျော်လွင်က ဒီဗွီဘီကို ပြောပါတယ်။

ထိုင်းနိုင်ငံထဲမှာ တရားဝင်နဲ့ တရားမ၀င် ၀င်ရောက်လုပ်ကိုင်နေတဲ့ မြန်မာပြည်က အလုပ်သမားပေါင်း ၃ သန်းလောက် ရှိတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေက ခန့်မှန်းပါတယ်။

by နန်းမြနဒီ (ဒီဗွီဘီ) 

မူခင်းကင်းစင်းရေး အတွက် လိုင်းကား နှင့် တက္ကစီများ တုတ် ၊ ဓား ၊လက်နက် တွေ့က အရေးယူမည်


              

လိုင်း ကားနှင့်တက္ကစီများတွင် တုတ်ဓား လက်နက်များကို စစ်ဆေးတွေ့ ရှိပါက တရားမဝင်လက်နက်ကိုင် ဆောင်မှုဖြင့် အရေးယူသွားမည် ဖြစ်ကြောင်း မှုခင်းကျဆင်းရေး ဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင် တစ်ဦး က ပြောသည်။

ယင်းကဲ့သို့ တရားမဝင် တုတ်၊ ဓားလက်နက် သယ်ဆောင်မှုများ ရှိလာခြင်းကြောင့် အများပြည် သူများ၏လုံခြုံရေးကို ထိခိုက်လာ နိုင်ပြီး တစ်ဦးချင်းအလိုက်ဖြစ် စေ၊ အဖွဲ့လိုက်ဖြစ်စေ အချင်း များပါက သေဆုံးထိခိုက် ဒဏ်ရာ ရမှုများ ပိုမိုဖြစ်ပွားစေနိုင်ကြောင်း ယင်းတပ်ဖွဲ့ဝင်များမှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။

မှုခင်းကျ ဆင်းရေး ရဲတပ် ဖွဲ့မှတာဝန်ရှိသူတစ်ဦးက ''ကျွန် တော်တို့အနေနဲ့ တွေ့နေတာက တော့ တချို့လိုင်းကားတွေ၊ တက္ကစီ တွေမှာတွေ့တယ်။ အဓိကကိုင် တဲ့ အကြောင်းအရင်းကတော့ ပြဿနာတစ်ခုခုဖြစ်ရင် ဖြေရှင်း ဖို့ပါ။ တချို့တက္ကစီ တွေဆို သံတုတ် ဆောင်ထားတယ်။ ဓားဆောင် တာကတော့ တချို့လိုင်းကားမောင်း တဲ့ယာဉ်မောင်းတွေမှာ တွေ့တယ်။ ဒါပေမဲ့ ဓားက အရွယ်အစားသေး တယ်။ ဓားမြှောင်လေးလိုပုံစံမျိုး၊ ခါးကြားမှာလဲ ဖွက်လို့ရတဲ့ပစ္စည်း မျိုးတွေ ကိုင်ဆောင် တာတွေ့ ရင် တော့ တရားမဝင်လက်နက်ကိုင် ဆောင်မှုနဲ့  အရေးယူနေပါတယ်''ဟု ပြောသည်။

ယင်းကဲ့သို့ ယာဉ်များပေါ် တွင် တုတ်၊ ဓားလက်နက်များကိုင် ဆောင်ခြင်းနှင့်ပတ်သက်ပြီး တက္ကစီ ယာဉ်မောင်း ဦးအောင်သင်းက ''သံတုတ်၊ ရိုးရိုးတုတ်ရယ်လို့ မ ဟုတ်ဘူး။ လိုအပ်လို့ဆောင်တာ ရှိသလိုရန်ဖြစ်ရင်လဲ ရှင်းဖို့ဆောင် တာရှိတယ်၊ အမျိုးမျိုး ပါပဲ''ဟု ပြောသည်။ ရန်ကုန်တိုင်းဒေသကြီးတွင် ဩဂုတ်၂၈ရက်က ယာဉ်ထိန်းရဲ တစ်ဦးကို ယာဉ်မောင်းတစ်ဦးက ယာဉ်စည်းကမ်း ဖောက်ဖျက်မှုနှင့် ပတ်သက်၍ ဖမ်းဆီးခဲ့သဖြင့် စကေဘာဖြင့်ထိုးခဲ့သည့် ဖြစ်ရပ် တစ်ခုဖြစ်ပွား ခဲ့ကြောင်း သိရသည်။

ကျော်မြတ်ဇံ
Yangon Media Group

LinkWithin

Related Posts Plugin for WordPress, Blogger...