Tuesday, July 23, 2013

ပင်လုံစိတ်ဓါတ်ဆိုတာ တိုင်းရင်းသားအချင်းချင်းတစ်ဦးနဲ့ တစ်ဦး သစ္စာရှိရမယ်ဆိုတဲ့ စိတ်ဓာတ်ကိုဆိုလိုတာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြာ


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဗမာလူမျိုးအပါအဝင် တိုင်းရင်းသားအားလုံး ပင်လုံစိတ်ဓာတ်ကို ပြန်လည်ထူထောင်ဖို့ လိုအပ်တယ်လို့ ဒီကနေ့ ပြောကြားလိုက်ပါတယ်။

ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ တိုင်းရင်းသားလူငယ်များကွန်ရက်က ဦးစီးကျင်းပတဲ့ ပြည်ထောင်စုတိုင်းရင်းသား သက်ကြီးဝါရင့်နိုင်ငံရေးခေါင်းဆောင်ကြီးတွေကို ဂါရဝပြုတဲ့အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်ဂါရဝပြုရင်း ပင်လုံစာချုပ်နဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

ပင်လုံစိတ်ဓါတ်ဆိုတာ တိုင်းရင်းသားအချင်းချင်းတစ်ဦးနဲ့ တစ်ဦး သစ္စာရှိရမယ်ဆိုတဲ့ စိတ်ဓာတ်ကိုဆိုလိုတာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

ဒီနေ့တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ သက်ကြီးပူဇော်ပွဲဟာ ပထမဆုံးအကြိမ် ကျင်းပတာ ဖြစ်ပါတယ်။ ဒီနေ့ပွဲကို ရှမ်းပြည်တိုးတက်ရေးပါတီ နာယက ဗိုလ်ချုပ်ဆေထင် မွန်ဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဌ ဦးနိုင်ငွေသိမ်း၊ ရခိုင်ဒီမိုကရေစီအဖွဲ့ ချုပ်က ဦးသာဘန်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် ဦးဝင်းတင်၊ ရှမ်းပြည်လူမျိုးပေါင်းစုံ လွတ်မြောက်ရေးအဖွဲ့ ဥက္ကဌ ဦးခွန်စိန်ရွှေ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦး၊ ဦးပူးကျင့်ရှင်းထန်စတဲ့ ဝါရင့်နိုင်ငံရေးခေါင်းဆောင် ၂ဝ က တက်ရောက်ကန်တော့ခံခဲ့ပါတယ်။

ဖိတ်ကြားထားတဲ့ ဝါရင့်နိုင်ငံရေးခေါင်းဆောင် ၃၁ ဦးမှာ ဆရာကြီး ဒဂုန်တာရာနဲ့ သခင်သိန်းဖေတို့တော့ တက်ရောက်နိုင်ခြင်းမရှိပါဘူး။ ကန်တော့ခံ နိုင်ငံရေးခေါင်းဆောင်ကြီးတွေကလည်း ပင်လုံစာချုပ်၊ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၊ ပြည်ထောင်စုစနစ်ဖော်ဆောင်ရေးနဲ့ ပြည်တွင်းစစ်ရပ်စဲရေး အကြောင်းတွေကို ဒီအခမ်းအနားမှာ ဆွေးနွေးပြောကြားခဲ့ပါတယ်။

RFA Burmese 

အမျိုသားဒီမိုကရေစီ အင်အာစုပါတီ ၏ကချင်ပြည်နယ်တောင်ဝန်ခံဒေါ်ဘောက်ဂျာကို လူသေစေမူဖြင့် တရားစွဲဆို


အမျိုးသားဒီမိုကရေစီ အင်အားစု NDF ပါတီ၏ ကချင်ပြည်နယ်တာဝန်ခံ ဒေါ်ဘောက်ဂျာကို လူသေစေမှု၊ မှတ်ပုံတင်မရှိဘဲ ဆေးပစ္စည်း ကိုင်ဆောင်မှု၊ လိုင်စင်မရှိဘဲ ဆေးဝါးများ ကိုင်ဆောင်ထားမှုတို့ဖြင့် စွဲဆိုထားသည့် အမှုကို ယနေ့ ဖားကန့်တရားရုံးတွင် ရုံးထုတ် စစ်ဆေးမည်ဖြစ်သည်။

ဒေါ်ဘောက်ဂျာကို ကာမိုင်းမြို့နယ်မှ ဒေသခံ ဒေါ်ခမ်းဆိုင်၊ ကာမိုင်းရဲအုပ် သန်းထွန်းဝင်းနှင့် ဥာဏ်ဝင်းတို့နှစ်ဦးတို့က တရားလိုအဖြစ် ပြုလုပ်ပြီး ၂၀ဝ၉ကတည်းက တရားစွဲဆိုထားခြင်းဖြစ်သည်။

၂၀ဝ၉ ခုနှစ်အတွင်းက ဒေါ်ဘောက်ဂျာက ဖားကန့်မြို့နယ်မှ ဒေသခံတစ်ဦးကို ဆေးကုသပေးနေစဉ် သေဆုံးခဲ့သည်ဟု စွပ်စွဲကာ
တရားစွဲဆိုခြင်းဟု ဒေါ်ဘောက်ဂျာ၏ ရှေ့နေ ဦးမြင့်သွင်က ပြောသည်။

“တောင်သူတွေမှာ ကျန်းမာရေးအတွက် လိုအပ်တဲ့အခါ ဆေးကုတာ လူတစ်ယောက် သေတယ်လို့ ပြောတယ်။ အဲဒီအမှုတွေကို
၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကျတာ့ ဗိုလ်ချုပ်အုန်းမြင့်နဲ့ပြေလည်သွားတဲ့အခါမှာ အဲဒီအမှုတွေကို ဖွင့်ပြီးတော့ ရပ်ထားလိုက်တယ်” ဟု ပြောသည်။

အဆိုပါမှုကို ရပ်ဆိုင်းထားပြီးနောက် ယခုတွင် ထိုအမှုများဖြင့် ဇူလိုင်လ ၁၈ ရက်တွင် ပြန်လည် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟုလည်း
ဦးမြင့်သွင်က ပြောသည်။

“အမှုကို မပိတ်ထားဘူး။ ဒါပေမဲ့ အဲဒီ အမှုတွေမှာ ပုဒ်မ ၃၃ (လိုင်စင်မရှိဘဲ ဆေးဝါးများ ကိုင်ဆောင်မှု)၊ (မှတ်ပုံတင်မရှိဘဲ ဆေးပစ္စည်းများ ကိုင်ဆောင်မှု ဆေးကောင်စီ အက်ဥပဒေ) ပုဒ်မ ၄၁ ကျန်နေသေးတယ်။ အဲဒီရုပ်သိမ်းလွာတင်တာကို မချပေးဘူး။ အခုကျမှာ အဲဒီအမှု သုံးမှုနဲ့ ပြန်ဖမ်းတယ်လို့ သိရတယ်” ဟု ပြောသည်။

ဒေါ်ဘောက်ဂျာကို မြစ်ကြီးနားမြို့နေအိမ်တွင် ဖမ်းဆီးခဲ့ပြီး ဖားကန့်မြို့ အချုပ်တွင် ထားရှိသည်။ “မြစ်ကြီးနား ရဲစခန်းမှူးနဲ့ ကျွန်တော် ဖုန်းပြောရပါတယ်။ ဘာလို့ အမှုနဲ့ ဖမ်းတာလည်းလို့ မေးကြည့်တော့ အရင် အမှု သုံးမှုဖွင့်ထားတာတဲ့၊ တရားရုံးမှာတော့ အမှုတွေရောက်နေပြီ။ တရားခံပြေးနဲ့ ရှိနေတာမို့လို့ သူတို့ကို ဖမ်းခိုင်းတာကြောင့် ခိုးဖမ်းတာပါလို့ ပြောပါတယ်” ဟုလည်း ရှေ့နေ ဦးမြင့်သွင်က ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် ဖားကန့်မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ ဒေါ်ဘောက်ဂျာသည် သူ၏ ပြိုင်ဘက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ အငြိမ်းစားဗိုလ်ချုပ်ဟောင်း သမဝါယမဝန်ကြီး ဦးအုန်းမြင့်ကို မဲလိမ်သည်ဟု နေပြည်တော်ရွေးကောက်ပွဲ ခုံရုံးသို့ တိုင်တန်းခဲ့ပြီးနောက် အမှုကို ပြန်လည်ရုပ်သိမ်းသည်။

ထိုစဉ်က ဦးအုန်းမြင့်နှင့် ညှိနှိုင်းရာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ပေးမည်ဟု ကတိပေးပြောဆိုခြင်းကြောင့် အမှုကို ရုပ်သိမ်းပေးခြင်းဟု ဒေါ်ဘောက်ဂျာက မဇ္ဈိမနှင့် အင်တာဗျူးများတွင် ပြောဆိုထားသည်။

“ဒါတွေကို သူလုပ်ပေးပါမယ် ဆိုပြီးတော့ ကတိပေးပါတယ်။ ကျွန်မကိုလည်း အခုကစပြီးတော့ လွတ်လွတ်လပ်လပ်လုပ်ပါဆိုပြီးတော့ ကတိပေးတဲ့အတွက် ကျွန်မလည်း အခုလိုရုပ်သိမ်းတာပါ” ဟု ဒေါ်ဘောက်ဂျာက မဇ္ဈိမကို ပြောဆိုထားသည်။

ဖနိဒါ
Mizzima - News in Burmese 

အစိုးရတပ်ဖွဲ. နှင့် ကေအိုင်အေ တပ်ရင်း (၈) တိုတိုက် ပွဲဖြစ်ပွား


ရှမ်းပြည်မြောက်ပိုင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ (၄) နယ်မြေ နမ်ဖတ်ကာမြို့နယ် တပ်ရင်း ၈ ဒေသတွင် အစိုးရတပ်များ လှုပ်ရှားလာသောကြောင့် ဇူလိုင်လ ၁၈ ရက် ကြာသပတေးနေ့ နံနက်တွင် နှစ်ဖက်တပ်မှ တွေ့ဆုံပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့သည်။

၎င်းအစိုးရတပ်များသည် နမ္မတူမြို့နယ် မုန်းမောဘက်မှလှုပ်ရှားလာသည့် အင်အား ၇၀ ခန့်ရှိသော အစိုးရတပ်များနှင့် KIA တပ်ရင်း (၈) အောက် ပြည်သူ့စစ် (MHH) တပ်ခွဲ(၂) တပ်ဖွဲ့မှ အောင်နန်ရွာ အောက်ရှိ နားရောင်းရွာဟောင်းတွင် နာရီဝက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း တပ်မဟာ ၄ မှ အုပ်ချုပ်ရေးအရာရှိ တဦး KNG ကချင်သတင်းဌာန သို့ပြောသည်။

“အစိုးရတပ်တွေ စစ်ကြောင်းထွက်လာတာနဲ့ ကျွန်တော်တို့နဲ့ တွေ့ပြီး ပစ်ကြတာ။ တွေ့ရင်တော့ နှစ်ဖက်တပ် ကနေ ပစ်တာ။ အစိုးရတပ်တွေ လှုပ်ရှားလာရင်တော့ သေနတ်သံကဆက်ပြီး အသံတွေကြားနေရမှာဘဲ” ဟု ဆိုသည်။

ထိုအစိုးရတပ်များသည် ရွှေရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းစောင့် တပ်ဖွဲ့များဖြစ်ပြီး KIA တပ်ရင်း ၈ နယ်မြေများသို့ လှုပ်ရှားလာခြင်းကြောင့် တိုက်ပွဲဖြစ်ပွားလာခြင်းဖြစ်သည်ဟု ဆိုသည်။

ယခုချိန် မုန်းမော (Mung Maw) အစိုးရစခန်းတွင် ခြေလျင်တပ် ခလရ (၄၁) ရှိပြီး ယင်းနေ့ တိုက်ပွဲတွင် နှစ်ဖက်တပ်မှ ပစ်ခတ်ပြီးနောက် အစိုးရတပ်များ ပြန်ဆုတ်သွားခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် သတင်းပတ်အတွင်း KIA တပ်မဟာ (၄) မုန်းဂိုးဒေသ၊ တပ်ရင်း (၃၆) ပန်ဆိုင်း (ကြူကုတ်) ဒေသတွင် နမ့်ခမ်းဘက်မှ စစ်ကား ၂ စင်း အင်အား ၅၀ ကျော်သည် ပန်ဆိုင်း (ကြူကုတ်) စခန်းတွင် စစ်အင်အား တိုးချဲ့ထားပြီး မုန်ဂိုးဘက်မှလည်း အစိုးရတပ် ခြေလျင်တပ်ရင်း (ခလရ ၁၂၃) စစ်အင်အား ၁၀၀ ကျော်တိုးချဲ့ထားကြောင်း KIA ပြည်သူ့စစ် MHH တပ်ခွဲ (၅) တပ်ခွဲမှူး ဇော်ဆိုင်း KNG ကချင်သတင်းဌာန သို့ပြောသည်။

နှစ်ဖက်တပ်မှ စစ်ရေးလျှော့ရန် သဘောတူညီခဲ့သောကြောင့် ရင်ဆိုင်တိုက်ပွဲများ ပြင်းထန်မှု မရှိသော်လည်း နှစ်ဖက်လှုပ်ရှားမှုများကြောင့် တင်းမာမှုအရှိန်လျှော့သွားခြင်း မရှိသေးကြောင်း သိရသည်။

ကချင်သတင်းဌာန 

ရက်စက်ကာ ခေါင်းဖြတ်သက်ခဲ့သည့် တရားခံများအားဖမ်းမိ



၁၅.၇.၂၀၁၃ ရက်နေ့ ၁၉၀၀ အချိန် တွံတေးမြို့နယ်၊ ကြည်တန်းရွာနေ ဒေါ်သန်းမြင့်(ခ)ဒေါ်သန်းစိန် သည် ၎င်း၏လယ်တော အိမ်အနီးရှိ ကွမ်းခြံအတွင်း ဦးခေါင်းပြတ်လျက် သေဆုံးနေသဖြင့် ခင်ပွန်းဖြစ်သူ ဦးကြီးမောင်မှ စုံစမ်းအရေးယူ ပေးပါရန်တိုင်တန်းခဲ့၍ ခလောက်ချိုက် နယ်မြေရဲစခန်း (ပ)၆၃/၂၀၁၃၊ ပုဒ်မ ၃၀၂ ဖြင့် အရေးယူ စုံစမ်းဖော် ထုတ်ဆောင်ရွက်ခဲ့ပါသည်။

အမှုမှတရားခံ ဖော်ထုတ်ရရှိရေး အတွက် ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် တိုင်း/ခရိုင်၊ မြို့နယ်များမှ တပ်ဖွဲ့ဝင်များပူပေါင်း၍ စုံစမ်း ဖော်ထုတ်ခဲ့ရာ သေဆုံးသူ ဒေါ်သန်းမြင့်
(ခ)ဒေါ်သန်းစိန်နှင့် တဲနီးချင်း ကပ်နေထိုင်သော ယခင်ကလယ် ပြဿနာ ဖြစ်ခဲ့ဘူးသည့် ထူးနိုင်၊(၂၉)နှစ်၊ (ဘ)ဦးစိုးမြင့်၊ သံဖြူ ရုံကျေးရွာ၊ တွံတေးမျြိ့နယ်နေသူမှ တွံတေးမျြို့နယ်၊ ဘုရားငုတ္တို ကျေးရွာ နေသူများ ဖြစ်သည့် အရှည်ကြီး(ခ)ကိုဇော်၊(၃၇)နှစ်၊ (ဘ)ဦးချစ်သိန်း နှင့်ထွန်းမင်းလတ်(ခ)မောင်ထွန်း(ခ)ထော်ကြီး၊ (၂၅)နှစ်၊ (ဘ)ဦးအေးလွင်တို့(၂)ဦးအား ငွေပေးစေခိုင်းပြီး ၎င်းမှလည်း ပြစ်မှုကျူးလွန်ရာတွင်အတူ ပါဝင်ခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့ပါသည်။ 

၎င်းပြစ်မှုအား အရှည်ကြီး(ခ)ကိုဇော်နှင့် ထွန်းမင်းလတ်(ခ)မောင်ထွန်း(ခ)ထော်ကြီး တို့မှလည်း ကျူးလွန် ခဲ့ကြကြောင်း ၀န်ခံထွက်ဆိုကြပြီး အသုံးပြုခဲ့သည့် သက်သေခံဓါးနှင့် ပြစ်မှုကျူးလွန်ရန်အတွက် ထူးနိုင်မှ ပေးအပ်ထားသည့် ကြိုတင်ငွေ များအား အပ်ပေးသဖြင့် သိမ်းဆည်း ရမိခဲ့ပါသည်။

အဆိုပါအမှုအား အချင်းဖြစ်ပြီး (၆) ရက်အကြာတွင် စုံစမ်းစစ်ဆေး ဖော်ထုတ်နိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။

Yangon Police  

မန္တလေးမြို.တွင်ဖြစ်ပွားခဲ့သောဗုံးပေါက်ကွဲမူ အစွန်းရောက်လက်ချက်ဟုပြောဆို


မန္တလေးမြို့ မဟာအောင်မြေမြို့နယ်မှာ ကျင်းပခဲ့တဲ့ ဆရာတော် ဦးဝီရသူ ရဲ့ တရားပွဲအနီး လက်လုပ်ဗုံးလို့ ယူဆရတဲ့ ဗုံးပေါက်ကွဲခဲ့တဲ့ ဖြစ်ရပ်ဟာ အစ္စလာမ်အစွန်းရောက်တွေရဲ့လုပ်ရပ်ဖြစ်တယ်လို့ ဦးဝီရသူက မိန့်ဆိုပါတယ်။

ဒီလုပ်ရပ်ဟာ အစ္စလာမ် အစွန်းရောက်တွေရဲ့လုပ်ရပ်ပါ၊ သာမန်ရိုးရိုး မွတ်စလင်ဘာသာဝင်တွေက ဒီလိုမျိုးမလုပ်ပါဘူးလို့ ဆရာတော် ဦးဝီရသူ က မိန့်ကြားကြောင်း AP သတင်းက ဖေါ်ပြပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားခဲ့အပြီး RFA က ဆက်သွယ်လျှောက်ထားခဲ့ရာမှာ ပြီးခဲ့တဲ့ သီတင်းပတ်လောက်က ခြိမ်းခြောက်တဲ့ စီဒီခွေ တစ်ခွေ ထွက်လာတာ တွေ့ရတယ်လို့ ဦးဝီရသူက မိန့်ခဲ့ပါတယ်။

ဦးဝီရသူ တရားဟောတဲ့နေရာနဲ့ အနည်းဆုံး ကိုက်တစ်ရာအကွာမှာဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုကြောင့် ကားတစ်စီး ထိခိုက်ပျက်စီးမှု ရှိခဲ့ပြီး၊ လူ (၅) ယောက် ဒဏ်ရာအနည်းငယ်စီ ရခဲ့ကြပါတယ်။

ပေါက်ကွဲခဲ့တဲ့ဗုံးဟာ အသေးစား လက်လုပ်ဗုံးဖြစ်မယ်လို့ရဲက ခန့်မှန်းပြောဆိုခဲ့ပေမဲ့၊ အသေးစိတ်စစ်ဆေးမှုတွေ ဆောင်ရွက်ပြီးမှသာ အသေးစိတ်ပြောနိုင်မယ်လို့ ဆိုပါတယ်။

RFA Burmese 

နိုင်ငံရေးအကျဉ်းသား ၆၈ ယနေ.နေ.လည်၃နာတွင်ပြန်လွတ်

                   

ယနေ့ နေ့လည် (၃)နာ ရီ ခန့် က နိုင်ငံတော် လွတ်ငြိမ်းချမ်းသာခွင့် နှင့် မြန်မာနိုင်ငံ အကျဉ်းထောင် အချို့မှ အကျဉ်းသား စုစုပေါင်း (၇၃)ဦးတို့အား လွှတ်ပေးလိုက်သည်။ 

ယခု လွက်မြောက်လာသော အကျဉ်းသားများမှာ အင်းစိန် အကျဉ်းထောင် မှ (၆) ဦး၊ ရွှေဘိုအကျဉ်းထောင်မှ (၅) ဦး၊ င်္ဟသာတအကျဉ်းထောင် မှ (၁) ဦး၊ မော်လမြိုင် အကျဉ်းထောင် မှ (၁) ဦး သာယာဝတီ အကျဉ်းထောင် မှ (၈)ဦး၊ မြစ်ကြီးနား အကျဉ်းထောင် မှ (၁၆)ဦီး ၊ မန္တလေးအကျဉ်းထောင်မှ (၈)ဦး၊ လှေ လှော်အင်း ရဲဘက်စခန်း အကျဉ်းစခန်းမှ (၁)ဦး၊ တို့ဖြစ်ပြီး ကြပြီး ယင်းသို့ နိုင်ငံတော် လွက်ငြိမ်း ချမ်းသာခွင့် ဖြင့် လွက်မြောက်လာသော အကျဉ်းသားများတွင် နိုင်ငံရေး အကျဉ်းသား (၆၈)ဦးတို့ ပါဝင်ကြသည်ဟုသိရသည်။ 

ယနေ့ နိုင်ငံတော် လွတ်ငြိမ်းချမ်းသာခွင့် နှင့် လွက်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများ ကို နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ မှသွားရောက်ကြိုဆို့ နှုတ်ဆက် အားပေးစကားများပြောကြား ပြီး လိုအပ်သော ကူညီထောက်ပံမှုများကိုပေးအပ်ခဲ့

Former Political Prisoners


Monday, July 22, 2013

၁၅၀၀ တန်ဖုန်းများချထားပေးမည်ဈေနူန်းများပြောင်းလည်းမူမရှိ

                                  
   ၁၅၀၀ တန် GSM ဆင်းကတ် နှစ်သိန်း နှင့် CDMAဆင်းကတ် တစ်သိန်းခွဲကို ဇူလိုင်လ ၂၅ ရက်နေ.တွင်ချထာပေးမည်း ဟုအစိုးရမီဒီယာဖြစ်သောမြ၀တီ တီဗီလိုင်းတခုမှသတင်းရရှိသည် မည်သို.မည်ပုံရောင်းချမည်ကိုမူ မသိရသေး ။အရင်ကဲ့သို.အုပ်ချူပ်မူများ ထံတွင်ရောင်းချနိုင်ချေရှိသည်ဟု
သတင်းရက်ကွက်မှ ကြားသိရသည် မန္တလေးပြည်သူများက အရင်ကဲ့သို.ရောင်းချခြင်းကို မနှစ်သက်ကြောင်း ဒေသခံပြည်သူများမှသိရှိရသည်

LinkWithin

Related Posts Plugin for WordPress, Blogger...