Saturday, August 31, 2013

ရာသီ အကူးပြောင်းကြောင့် တုတ်ကွေးရောဂါ ခံစားရပြီးနောက် ဆောင်ရန် ရှောင်ရန် ကျန်းမာရေးရာ မေးခွန်းလွှာများ


                           

                      တုတ်ကွေးရောဂါ ခံစားရပြီးနောက် ဆောင်ရန် ရှောင်ရန် ကျန်းမာရေးရာ မေးခွန်းလွှာများ
ဆရာရှင့်... သမီးမှာ တုပ်ကွေးဖြစ်ပြီး ကတည်းက နှာပိတ်၊ နှာရည်ယိုတာကို အပြင်းအထန် ခံစားနေရပါတယ်။ နှာခေါင်း ပိတ်လို့ ဘာပဲစားစား အနံ့အရသာ မရှိသလိုပါပဲဆရာ။ အသက်ကို ပါးစပ်နဲ့ ရှူရတာကိုလည်း စိတ်ပျက်မိပါတယ်။ ဆေးခန်းက ဆေးပေးလို့ အဖျားက ပျောက်သွားပေမဲ့ နှာရည်ယိုတာ၊ နှာပိတ်တာ ကတော့ ကျန်ဆဲပဲဆရာ။ နှာရည်ယို၊ နှာပိတ်တာကို ပျောက်ချင်ပါတယ်။
ကေခိုင်ဦး(သင်္ဃန်းကျွန်း)
ယခုလိုရာသီမှာ အဖြစ်များတာက အဖျားရဲ့ လက်ကျန်နှာစေး၊ ချောင်းဆိုး ခြင်းပါ။ အများစုက ချောင်းဆိုးကျန်ကြပေမဲ့ သမီးက  နှာစေးကျန်သူပါ။ ဒါကြောင့် ယခုရာသီအတွင်းဖြစ်ပွားနေတဲ့ တုပ်ကွေးအားပေးသူများကြားထဲ သမီး ရောဂါက မဆန်းကြယ်လှလို့ ရက်အနည်းငယ် သာ ဖြစ်မှာဖြစ်ကြောင်း အားပေး နှစ်သိမ့်လိုပါတယ်။
ဒီကြားထဲမှာတော့ အအေးမမိဖို့၊ ပန်းဝတ်မှုန်၊ အမွေးအမှင် စတဲ့ လေမသန့် တာတွေ မရှူမိဖို့ အရေးကြီးပါတယ်။ ကားများတဲ့ နေရာ၊ မီးခိုးနှင့် ဖုန်မှုန့်များတဲ့ နေရာတွေလည်း ရှောင်ရမှာပါ။
နှာစေး၊ နှာပိတ်ပြီဆိုရင် ကိုယ့်ကိုယ်ကိုယ် ဂရုပြုလုပ်ဆောင်သင့်တဲ့ အချက် ကလေးတွေရှိပါတယ်။
(၁)     နေ့စဉ်နေ့တိုင်း ရေအပါအဝင်သစ်သီးဖျော်ရည်၊ လက်ဖက်ရည်ကြမ်း၊ စွပ်ပြုတ် စတာတွေ သောက်ပေးပါ။
(၂)     နှာခေါင်းပိတ်လာရင် ရေနွေးပူပူကဲ့သို့ အရည်ပူပူများသောက်ပါက နှာပွင့် လာနိုင်ပါတယ်။
(၃)     ဆားရည်ကြည်အစက်ချဆေးတွေ နှာခေါင်းထဲ ထည့်ပေးနိုင်ပါတယ်။
(၄)     ရေနွေးငွေ့ရှူခြင်း၊ ရေနွေးဖြင့် ရေချိုးခြင်းဖြင့်လည်း နှာခေါင်းပိတ်သက်သာ စေပါတယ်။
(၅)     နှာပွင့်ဖျန်းဆေးတွေ ဈေးကွက်ထဲ ဝယ်လို့ရရင်လည်း သုံးစွဲနိုင်ပါတယ်။(တစ်ပတ်ထက် ပိုမသုံးသင့်ပါ)
(၆)     နှပ်ရည်ကြောင့် နှာခေါင်းပေါက်ဝ ပူလောင်ပါက ပက်ထရိုလီယမ်ဂျယ်လီ သုတ်လိမ်းပေးပါ။
သဘာဝ ဆေးနည်းအနေနဲ့ ပရုတ်၊ ယူကလစ်၊ မဲန်သော်လ်စတဲ့ ဆီမွှေးတွေ ရှူနိုင်ပါတယ်။ နံ့သာဆီကို တစ်ရှူးပေါ် အစက်ချပြီး ရှူခြင်း၊ နှာခေါင်းပိတ်၍ည မအိပ်နိုင်ပါက ရာပန်းဆီကို ရင်ဘတ်လိမ်း အိပ်ခြင်း ပြုသင့်ပါတယ်။
အိမ်သုံးဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာကို ရေနွေးနွေးနဲ့ ဖျော်ပြီး တစ်နေ့ နှစ်ကြိမ်မှ လေးကြိမ်အထိ နှာခေါင်းထဲ အစက်ချ ပေးနိုင်ပါသေးတယ်။ သမီး ကေခိုင်ကို ဆက်လက်အကြံပေးလိုတာကတော့ ဆေးခန်းက သမီးကိုပေးလိုက်တဲ့ ပိုးသတ်ဆေးတွေကို ဆေးပတ်လည်အောင် ဆက်လက် သောက်သုံးဖို့ပါ။ အထူး သတိပေး လိုတာကတော့ ဈေးကွက် ထဲမှာ အလွယ်တကူရတဲ့ နှာပွင့်ဆေးနဲ့ နှာစေး ပျောက်ဆေးတွေကို တခြားအကိုက်အခဲ ပျောက်ဆေးတွေနဲ့ တွဲမ သောက်ဖို့ပါ။
ဆေးပမာဏ လွန်ခြင်း ဖြစ်နိုင်ပါတယ်။ စိတ်ငြိမ်ဆေး သုံးထားသူ၊ ဆီးချို၊ သွေးတိုး၊ နှလုံးစတဲ့ ရောဂါရှင်တွေ ဆိုရင်တော့ ဆရာဝန် ညွှန်ကြားချက်နဲ့သာ ကုသရမှာပါ။
ဒေါက်တာစွမ်း(ဆေး-၂)

ကျောက်ကပ် အားနည်းခြင်း ဖြင့် ဖြစ်ပေါ်နိုင်သော ရောဂါအခြေအနေ


                           

              ကျောက်ကပ် အားနည်းခြင်း
ကျောက်ကပ်နှစ်လုံးဟာ ခန္ဓာကိုယ် က အညစ်အကြေး အဆိပ်အတောက်များကို စွန့်ထုတ် ပေးရတယ်။ ကျောက်ကပ်တစ်လုံး ထုတ်လိုက်ရင်လည်း ကျန်နေတဲ့ တစ်လုံးကောင်းမွန်ရင်
ဆီးဆိပ် သွေးထဲမှာ များလာမယ်။ ကျန်တစ်လုံး က သုံးပုံတစ်ပုံမှ တစ်ဝက်ခန့် ထုတ် လိုက်ရင်လည်း  ဆီးဆိပ်များ ပုံမှန် အတိုင်းရှိနိုင်တယ်။ သွေးထဲမှာ ဆီးဆိပ် များလာရင် အလုပ်လုပ်နိုင်တဲ့ ကျောက်ကပ်ပမာဏ ၃ဝ ရာခိုင်နှုန်းအောက်၊ သုံးလေးဆများရင် အလုပ်လုပ်နိုင်တဲ့ ကျောက်ကပ်ပမာဏ ၁ဝ ရာခိုင်နှုန်းအောက်လို့ ခန့်မှန်းနိုင်တယ်။
ခန္ဓာကိုယ်ထဲမှာ ဆီးဆိပ်များ လာရင် ထုံဆေးနဲ့ ဝမ်းဗိုက်ထဲကို ပိုက်ငယ်တစ်ခု ထည့်ပြီး တပ်ဆင်ဆေးကြော ကုသခြင်း နဲ့ ပုံမှန်ဆေးကြောခြင်း၊ ကျောက်ကပ် တုသွေးသန့်စက်ဖြင့် ဖယ်ရှားသန့်စင် ကုသခြင်းနဲ့ ကျောက်ကပ် အစားထိုး ကုသခြင်းတို့ ပြုလုပ်နိုင်တယ်။
ရေရှည် ကျောက်ကပ် အလုပ်မလုပ်တဲ့ လူနာတွေမှာ ဆီးဆိပ်များပြီး ခန္ဓာကိုယ် အစိတ်အပိုင်းများက တဖြည်းဖြည်းချင်း ပျက်စီးချို့ယွင်းလာတယ်။ ကြာတော့ အသက်ဆုံးရှုံး ရခြင်းဖြစ်ရတယ်။
ကျောက်ကပ် အားနည်းလို့ လူနာဟာ မစားချင်မသောက်ချင် ဖြစ်လာခြင်း၊ ပျို့အန်ခြင်း၊ ကိုယ်လက် မအီမသာဖြစ်ခြင်း၊ မောပန်းခြင်း၊ နေ့အခါ အိပ်ငိုက်ခြင်း၊ မှိန်းခြင်း၊ ကိုယ်လက် ယားယံခြင်း စတဲ့ ခံစားချက်များ ခံစားရရင် ခန္ဓာ ကိုယ်ထဲမှာ ဆီးဆိပ်တွေ ပမာဏ လေး၊ ငါးဆပိုပြီး  စုပုံလာလို့ ဖြစ်ပါ တယ်။
အချို့လူနာများမှာ ကျောက်ကပ်ဘေး ဖြစ်စေတဲ့ ဆေးဝါး၊ အစားအစာ (တညင်းသီး စားသုံးခြင်းစသည်) အခြားရောဂါ (ဥပမာ ဝမ်းလျှောများခြင်း၊ သွေးပေါင်ကျခြင်း၊ သွေးပေါင်တက် လွန်းခြင်းများ) ကြောင့် တဖြည်းဖြည်း နာတာရှည် ကျောက်ကပ် အားနည်း သွားကာ ဆီးဆိပ်များ လျင်မြန်စွာ တိုးတက်လာတယ်။
နာတာရှည် ကျောက်ကပ် အလုပ်မလုပ်တဲ့ လူနာတွေမှာ ရေရှည် ဆီးဆိပ် ဖယ်ရှားကုသဖို့နဲ့ သွေးသန့်စင်ဖို့လို ပါတယ်။ ကျောက်ကပ် ဆေးပေးရမယ်။ တစ်ပတ်ကို  သုံးကြိမ် အနည်းဆုံး နှစ်ကြိမ် ဆေးပေးလို့မှ ကျောက်ကပ် အလုပ်လုပ်မှု မကောင်းရင် ကျောက်ကပ်လဲလှယ် ကုသသင့်ပါတယ်။
ကျောက်ကပ် ခေတ္တ အလုပ်မလုပ်တဲ့ ရောဂါကို ကျောက်ကပ်ဆေးခြင်းဖြင့် ပြန်ကောင်းမွန် လာစေပြီး ရေရှည် ကျောက်ကပ် အလုပ်မလုပ်ရင်   ဆီးအညစ်အကြေးများကြောင့် ဦးနှောက်၊  နှလုံးသွေး၊  အစာလမ်းကြောင်း၊ အရိုး စတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းများ တဖြည်းဖြည်း ယိုယွင်းပျက်စီးလာပြီး အသက်ဆုံးရှုံးနိုင်တယ်။ တစ်ခါတစ်ရံ ပြန်ကောင်း သလိုရှိပြီး ပြန်လည်ယို ယွင်း ပျက်စီးနိုင်တယ်။ ကျောက်ကပ် တဖြည်းဖြည်း ပျက်စီးလာရင် နောက်ထပ် ကောင်းမွန်လာအောင် မလုပ်နိုင်ပါဘူး။ ဆေးဝါးများနဲ့ အတိုင်းအတာ တစ်ခုအထိသာ ဆောင်ရွက်နိုင်တယ်။ ဆီးချို၊ သွေးတိုး၊ ဖောရောင်ခြင်း၊ မောပန်းခြင်း၊ ဆီးသွားလျှင် လိုသည်ထက် ပို၍ အမြှုပ်ထခြင်း၊ ဆီးစစ်ကြည့်လျှင် ဆီးထဲ၌အသားဓာတ် ပါခြင်း၊  ကျောက်ကပ် အလုပ်လုပ်တဲ့ ပမာဏကို သာမန် သွေးစစ်ခြင်းမျိုး မဟုတ်ဘဲ ပိုမိုတိကျတဲ့ နည်းများနဲ့ တိုင်းတာခြင်း  စသည်ဖြင့် ကျောက်ကပ် စတင်ပျက်စီးခြင်းကို စောစီးစွာသိရှိပြီး ထိရောက်တဲ့ ကုသမှုပေးနိုင်ဖို့  အရေးကြီးပါတယ်။
ကျောက်ကပ်ရောဂါ မဖြစ်အောင် ဆီးလမ်းကြောင်း ပိုးဝင်ရောဂါဖြစ်ရင် သေချာတိကျတဲ့ ဆေးညွှန်းအတိုင်း ကုသပြီး ဆေးသောက်ပါ။ ငယ်ငယ်က ကျောက်ကပ်ရောင် ရောဂါဖြစ်ရင် ရာသီ ဥတုဒဏ်မခံနိုင်လို့   စွန့်စားတဲ့အလုပ်၊ ပင်ပန်းတဲ့ အလုပ်တွေကိုရှောင်။ သောက်ဆေး စတီးရွိုက်ကို  နေ့စဉ် အညွှန်းအတိုင်း သောက်ပါ။ ကိုယ့်သဘောနဲ့ ဆေးဖြတ်ခြင်းမလုပ်သင့်ပါ။ ဆီးကို သွားချင်တဲ့ ဆန္ဒရှိရင် သွားပေးပါ။ အောင့်မထားပါနဲ့။ တစ်ကိုယ်ရေသန့် ရှင်းရေးကို ဂရုစိုက်ပါ။ ကျောက်ကပ် ကျောက်တည်ခြင်း ဆီးလမ်းကြောင်း ကျောက်တည်ခြင်းတို့ကို သေချာစွာ ကုသရန် လိုအပ်ပါသည်။    

လူတို.တွင် လိုအပ်သော အာဟာရဓာတ် ငါးမျိုး


                                       

လူအများစုဟာ နေ့စဉ် အစားအသောက်တွေ စားနေပေမယ့် အဓိက လိုအပ်တဲ့ အာဟာရ ဓာတ်တွေ ချို့တဲ့ နေတတ်ပါတယ်။ ဒီလို အရေးပါတဲ့ အာဟာရ ဓာတ်တွေ ချို့တဲ့နေရင် နှလုံးရောဂါ၊
လေဖြတ်တာ၊ ညောင်းညာ နုံးချိတာနဲ့ ကိုယ်အလေးချိန် တက်တာတွေလို ကျန်းမာရေး ပြဿနာတွေ ဖြစ်နိုင်ခြေ များပါတယ်။ ဒါပေမဲ့ ကံကောင်းတာက ဒီအာဟာရ ဓာတ်တွေကို အစားအသောက် တွေကနေ အလွယ်တကူ ရနိုင်တာပဲ ဖြစ်ပါတယ်။
(၁) ဗီတာမင် ဒီ
အရိုးတွေကို သန်စွမ်းစေတဲ့ ဗီတာမင်ပါ။ သွေးလှည့် ပတ်မှုဆိုင်ရာ လေ့လာမှု တစ်ရပ်အရ ဗီတာမင်ဒီ ချို့တဲ့ သူတွေဟာ နှလုံးရောဂါထတာနဲ့ လေဖြတ် တာတို့ ဖြစ်နိုင်ခြေ ၈၀ ရာခိုင်နှုန်း မြင့်မားကြောင်း သိရပါတယ်။ အကြောင်း ကတော့ ဗီတာမင်ဒီဟာ သွေးလွှတ်ကြော တွေရဲ့ ရောင်ရမ်းမှုကို လျော့ကျ စေလို့ပါ။ မင်နီဆိုတာ တက္ကသိုလ်ရဲ့ လေ့လာမှု တစ်ရပ်အရ ဗီတာမင်ဒီ အလုံ အလောက် ရှိသူတွေက လက်ပ်တင် ဟော်မုန်းကို ထွက်ရှိစေပြီး ဒီဟော်မုန်းက ဦးနှောက်ဆီကို ဗိုက်ပြည့်ကြောင်း သတင်းအချက်အလက် ပို့ပေးတယ်လို့ သိရပါတယ်။ တခြားလေ့လာမှု တစ်ရပ်အရ သွေးထဲမှာ ဗီတာမင်ဒီပါဝင်မှု မြင့်မားတဲ့ သူတွေ အနေနဲ့ အဆီစုဆောင်းမှု လျော့နည်းကြောင်း၊ ဗီတာမင်ဒီ ရှိတာက ဗိုက်အဆီကို လျော့ကျ စေကြောင်း သိရပါတယ်။
ဗီတာမင်ဒီ ရရှိအောင်
ခရမ်းလွန် ရောင်ခြည် ဘီကို အရေပြားက ရရှိတဲ့အခါမှာ ခန္ဓာကိုယ်ကနေ ဗီတာမင်ဒီ ထုတ်လုပ် ပေးပါတယ်။ တကယ်လို့ နေရောင်ခြည်ကို မခံယူ ဖြစ်ရင် ဗီတာမင်ဒီပါတဲ့ ဆယ်လ်မွန်ငါး၊ တူနာငါးနဲ့ မက်ကရာယ်ငါးတွေကို စားပေးပါ။ နို့နဲ့ ဥအမျိုးမျိုးမှာလည်း ဗီတာမင်ဒီ ပါဝင်ပါတယ်။
(၂) မဂ္ဂနီဆီယမ်
မဂ္ဂနီဆီယမ်က လုပ်ငန်းဆောင်တာ အများကြီးကို လုပ်ဆောင် ပါတယ်။ ခန္ဓာကိုယ်ရဲ့ လုပ်ငန်း ဆောင်တာ ၃၀၀ ကျော်မှာ ပါဝင်နေပါတယ်။ အမေရိကန် အာဟာရဂျာနယ်ရဲ့ လေ့လာမှု တစ်ရပ်အရ မဂ္ဂနီဆီယမ်ပမာဏ နည်းပါး တာက၊ သွေးထဲက C-reactive ပရိုတင်း အဆင့်ကို တိုးစေပါတယ်။ C-reactive ပရိုတင်းဟာ နှလုံးရောဂါကို ဖြစ်စေ နိုင်ပါတယ်။
မဂ္ဂနီဆီယမ် ရရှိအောင်
တစ်နေ့မှာ မဂ္ဂနီဆီယမ် ၄၀၀ မီလီဂရမ် ရရှိအောင် မှီဝဲပါ။ ခန္ဓာကိုယ်ထဲမှာ မဂ္ဂနီဆီယမ် အလုံအလောက် မရှိရင် ဆဲလ်တွေဟာ စွမ်းအင်ထုတ်လုပ်ဖို့ ပင်ပန်း ရတတ်ပါတယ်။ မဂ္ဂနီဆီယမ် ရရှိအောင် ဟင်းနုနယ်ရွက်နဲ့ ဟေလိဘက် ငါးတွေ စားသင့်ပါတယ်။ ဒါမှမဟုတ် မဂ္ဂနီဆီယမ် ၂၅၀ မီလီဂရမ် မှီဝဲသင့် ပါတယ်။
(၃) ဗီတာမင် B12
ဗီတာမင် B12 ဟာ ဦးနှောက်ရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်တဲ့ Gray Matter ကို အကျိုးပြု ပါတယ်။ ဗြိတိန်လေ့လာမှု တစ်ရပ်အရ ဗီတာမင် B12 အဆင့် နည်းတဲ့ အသက်ကြီး သူတွေက ဗီတာမင် B12 အမြင့်ဆုံးရှိနေသူနဲ့ ယှဉ်ရင် ငါးနှစ်အတွင်း ဦးနှောက်ထုထည် ဆုံးရှုံးမှု မြန်ဆန်ကြောင်း သိရပါတယ်။
ဗီတာမင် B12 ရရှိအောင်
သိုးသားနဲ့ ဆယ်လ်မွန်ငါး တွေမှာ ဗီတာမင် B12 များစွာ ပါဝင်နေပါတယ်။ ပရိုတင်း ဓာတ်နဲ့တွဲပြီး ရှိနေ တတ်ပါတယ်။ အားဖြည့် ကွေကာထဲမှာ ဗီတာမင် B 12 အမြင့်ဆုံး ပါဝင်ပါတယ်။
(၄) ပိုတက်စီယမ်
ပိုတက်စီယမ် မရှိရင် နှလုံးက ကောင်းကောင်း ခုန်နိုင်မှာ မဟုတ်သလို ကြွက်သားတွေ ကလည်း ကောင်းစွာ ကျုံ့ဆန့် နိုင်စွမ်းရှိမှာ မဟုတ်ပါဘူး။ ဦးနှောက်ကလည်း သတင်း အချက်အလက် တွေကို ကောင်းကောင်း ဘာသာပြန်နိုင်မှာ မဟုတ်ပါ။ ပိုတက်စီယမ်ဟာ ဆဲလ်တွေကို ဂလူးကို့စ် သုံးနိုင်အောင် ကူညီပါတယ်။ ဒါမှ စွမ်းအင်ရရှိ လာမှာပါ။
ပိုတက်စီယမ် ရရှိအောင်
သွေးထဲမှာ ဆိုဒီယမ်များနေရင် သွေးတိုး နိုင်ပါတယ်။ ပုံမှန် ပိုတက်စီယမ် အဆင့် ရှိနေမှသာ သွေးဖိအား ကောင်းမှာပါ။ ထောပတ်သီး တစ်လုံးမှာ ပိုတက်စီယမ် ၁၀၀၀ မီလီဂရမ် ပါဝင်ပြီး ငှက်ပျောသီး တစ်လုံးမှာ ပိုတက် စီယမ် ၄၀၀ မီလီဂရမ် ပါဝင်ပါတယ်။ အာလူး တစ်ခွက်မှာ လည်း ပိုတက်စီယမ် ၁၆၀၀ မီလီဂရမ် ပါဝင်ပါတယ်။
(၅) အိုင်အိုဒင်း
သိုင်းရွိုက်ဂလင်းကနေ ဟော်မုန်း T3နဲ့ T4တို့ ထုတ်နိုင်ဖို့အတွက် အိုင်အို ဒင်း လိုအပ်ပါတယ်။ ဒီဟော်မုန်း နှစ်မျိုး စလုံးဟာ ကယ်လိုရီ လောင်ကျွမ်းမှုကို ထိန်းချုပ်ပေးထားပါတယ်။ အိုင်အိုဒင်း အလုံအလောက် မရှိတာက ကိုယ် အလေးချိန် တက်တာနဲ့ နုံးတာတွေကို ဖြစ်စေ နိုင်ပါတယ်။
အိုင်အိုဒင်း ရရှိအောင်
အိုင်အိုဒင်းဟာ နို့မှာ ပါဝင်ပါတယ်။ ဥအမျိုးမျိုးနဲ့ ဒိန်ချဉ် ထဲမှာလည်း အိုင်အိုဒင်းဓာတ် ပါဝင် တာကြောင့် တစ်နေ့မှာ အနည်းဆုံး ဥတစ်လုံး ဒါမှမဟုတ် ဒိန်ချဉ် တစ်ခွက် စားပေးပါ။
ကြယ်စင်

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ရွာချောင်းကြီးကျေးရွာတွင် စာသင်ခုံ မရှိ၍ ကျောင်းသားများ အခက်ကြုံ



ကျောင်းသား ကျောင်းသူ ၂၅၀ ကျော်ရှိသည့် ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ရွာချောင်းကြီးကျေးရွာ၏ စာသင်ကျောင်းသစ်တွင် စာသင်ခုံများ မရှိသဖြင့် ကျောင်းသားများ စာသင်ကြားရန် အခက်ကြုံနေကြရသည်ဟု သတင်း ရရှိသည်။

BAJ ၏ အကူအညီဖြင့် ခေတ်မီ မူလတန်း ကျောင်းသစ် တစ်ဆောင်အား ရွာချောင်းကြီး ကျေးရွာတွင် များမကြာမီက ဆောက်လုပ်ပေးထားသော်လည်း စာသင်ခုံ တစ်ခုံမျှ မရှိသဖြင့် ကျောင်းသား ကျောင်းသူများ အနေဖြင့် သမံတလင်းပေါ်တွင် ထိုင်ပြီး စာသင်နေကြရသည်ဟု ဒေသခံ ကျောင်းသား မိဖများက ပြောသည်။

ရွာချောင်းကြီး ကျေးရွာ အုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးသိန်းကျော်အား နိရဉ္စရာက ဆက်သွယ် မေးကြည့်ရာ စာသင်ခုံများ အထက်သို့ တင်ပြ တောင်းထားသော်လည်း ယခုထက်တိုင် မရောက်သေးကြောင်း ပြောဆိုသည်။

“ စာသင်ခုံ မရှိတော့ ကျောင်းသားတွေ စာသင်ရတာ အခက်အခဲ ရှိနေတဲ့ အတွက် မြို့နယ် ပညာရေးမှူးရုံးကို တင်ပြထားပါတယ်။ အခုအချိန်ထိတော့ တစ်စုံတစ်ရာ အကြောင်း ပြန်ကြားတာ မရှိသေးပါ” ဟု ဆိုသည်။

စာသင်ခုံများ မရှိသဖြင့် ကျောင်းသား ကျောင်းသူများ အနေဖြင့် သမံတလင်းပေါ်တွင် ထိုင်ပြီး စာသင်ရသဖြင့် ကျောင်းသားများ အနေဖြင့် မကြာခဏ ဖျားနာမူများ ဖြစ်ပေါ်နေသည်ဟု ကျောင်းသား မိဖ တစ်ဦးကဆိုသည်။

“ ကလေးတွေ မကြာခဏ ဖျားနာတာတွေတော့ ရှိပါတယ်။ သမံတလင်းပေါ်မှာ ထိုင်ပြီး တစ်နေ့လုံး စာသင်ရတော့ ကလေးတွေ ကျန်းမာရေး ထိခိုက်နေတာ အမှန်ပါဘဲ။ ဒါပေမယ့် ကျောင်းမတက်ရင် ပညာရေး ထိခိုက်နိုင်တာမို့ နေ့တိုင်း ကျောင်းသွားနေကြရတာပါဘဲ” ဟု ဆိုသည်။

ကျောင်းသူ ကျောင်းသားများ အတွက် စာသင်ခုံများ မရှိသည်သာမက ဆရာ ဆရာမများ အတွက်လည်း စားပွဲနှင့် ထိုင်ခုံများ မရှိဘဲ ဖြစ်နေသည်ဟု သိရသည်။

ရွာချောင်းကြီးကျေးရွာမှာ ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင် ကလေးဘ၀က နေထိုင်ခဲ့သော ကျေးရွာဖြစ်သဖြင့် အဆိုပါ BAJ ကျောင်းဆောင်သစ်အား ဆောက်လုပ်ပေးခြင်း ဖြစ်ကြောင်း၊ သို့သော်လည်း ကျောင်းသူ ကျောင်းသားများ အတွက် စာသင်ခုံ တစ်ခုံမှ မရှိသဖြင့် ပြည်နယ် ၀န်ကြီးချုပ် အနေဖြင့် စာသင်ခုံများ ဆက်လက် ကူညီ လှူဒါန်းပေးစေလိုကြောင်း ကျေးရွာသားများက ပြောဆိုသည်။

(နိရဉ္စရာ- ၃၁ သြဂတ်စ် ၂၀၁၃) 

ဆရာဝန် မရှိ၍ ရမ်းဗြဲတွင် တကိုယ်တော် ဆန္ဒပြ


             

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်တွင် အမျိုးသား တစ်ဦးက ပိုစတာ တစ်ခုကို ကိုင်ဆောင်ပြီး တိုက်နယ် ဆေးရုံ (၂) ခုတွင် ဆရာဝန်များ အမြန်ဆုံး ချပေးရန် တစ်ကိုယ်တော် ဆန္ဒပြပွဲ တစ်ခု ပြုလုပ်ကာ တောင်းဆိုသွားသည်ဟု သတင်း ရရှိသည်။

ရမ်းဗြဲမြို့နယ် လေးတောင်တိုက်နယ်နှင့် စကု တိုက်နယ် ဆေးရုံ (၂) ခုတွင် ဆရာဝန် မရှိသည်မှာ ၃ လခန့် ကြာမြှင့်နေပြီ ဖြစ်သဖြင့် တစ်ကိုယ်တော် ဆန္ဒပြသူ ကိုထွန်းထွန်းဦးမှ ဆရာဝန်များကို အမြန်ဆုံး ချထားပေးရန် တောင်းဆိုသွားသည်ဟု လူမူရေး လူပ်ရှားနေသူ ရမ်းဗြဲဒေသခံ ကိုသန်းဝင်းက ပြောသည်။

“ သူက ပထမ လေးတောင်ကို လာပြီး ပိုစတာ တစ်ခုကို ကိုင်ဆောင်ကာ တစ်ကိုယ်တော် ဆန္ဒပြပါတယ်။ ဆန္ဒပြတာကတော့ မြဇင်ကျေးရွာ အနီးကနေ လေးတောင် ထိ လမ်းလျှောက်ပြီး တိုက်နယ်ဆေးရုံနဲ့ လေးတောင် ရဲစခန်းရှေ့မှာ ဆန္ဒပြပါတယ်။ နောက်တော့ လေးတောင်ကနေ ရမ်းဗြဲထိ ချီတက်ပြီး ဆက်လက် ဆန္ဒပြပါတယ်” ဟု ဆိုသည်။

ရမ်းဗြဲမြို့တွင် လှည့်လည် ဆန္ဒပြပြီး နံနက် ၁၀ နာရီကျော်တွင် ဆန္ဒပြပွဲကို ရပ်နားလိုက်သည်ဟု ဆိုသည်။

သူကိုင်ဆောင်ထားသော ပိုစတာထဲတွင် “ လေးတောင်တိုက်နယ်နဲ့ စကုတိုက်နယ် ဆေးရုံများတွင် ဆရာဝန် အခုချပေး” ဟု ရေးသား ထားသည်ဟု ဆိုသည်။

ရမ်းဗြဲမြို့နယ် လေးတောင်နှင့် စကု တိုက်နယ် ဆေးရုံ (၂) ခုတွင် ဆရာဝန်များ မရှိသဖြင့် ရောဂါ ဖြစ်ပွားနေသော လူနာများ အနေဖြင့် ဆေးဝါးကုသရန် အထူးခက်ခဲနေသည်ဟု ကိုသန်းဝင်းက ပြောသည်။

မိုးရာသီ ဖြစ်သဖြင့် ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများမှာ မကြာခဏ ချောင်းဆိုး အအေးမိပြီး ဖျားနာကြသော်လည်း ဆရာဝန် မရှိသဖြင့် ဆေးမကုရဘဲ ဖြစ်နေကြရသည်ဟု သူက ဆိုသည်။


(နိရဉ္စရာ- ၃၀ သြဂတ်စ် ၂၀၁၃)

တမူးမြို့တွင် အိန္ဒိယမှ တရားမဝင် လာရောက်နေထိုင်သူများထံမှ လက်နက်များ ဖမ်းမိ


              

စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့တွင် သြဂုတ်လ၂၄ ရက်နေ့က အိန္ဒိယနိုင်ငံမှ တရားမဝင် လာရောက်နေထိုင်သူများထံမှ လက်နက်များ သိမ်းဆည်းရမိခဲ့ကြောင်း တမူးခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး ခင်မောင်သော်က The Voice သို့ ပြောကြားသည်။

“လူတွေက ခမ်းပတ်ဘက်မှာမိလို့ အဲဒီမှာ လဝကအက်နဲ့ အမှုဖွင့်ပါတယ်။ လက်နက်ကိုတော့ တမူးဘက်မှာမိလို့ တမူးရဲစခန်းမှာ အမှုဖွင့်ထားတယ်။ ဖမ်းမိတဲ့သူတွေက တစ်ဖက်နိုင်ငံမှာ ဆက်ကြေးတောင်းပြီး နေကြတဲ့ ကူကီးချင်းလူမျိုး တပ်မတော်က လူတွေပါ” ဟု ဒုတိယရဲမှူးက ဆက်လက်ပြောကြားသည်။

တမူးခရိုင် ခမ်းပတ်မြို့နယ်ခွဲ အမှတ် (၃) ရပ်ကွက်ရှိ ဦးလွန်ဇကပ် (ခ) ပန်ကျား (၄၆) နှစ်၏ နေအိမ်သို့ သြဂုတ်လ ၂၄ ရက်နေ့ ညနေ ၅နာရီ ၃၀ မိနစ်ခန့်က ဝင်ရောက်ရှာဖွေခဲ့ရာ အိန္ဒိယနိုင်ငံသားဖြစ်သော လမ်လ်ခန့်ခွာ (၂၅-နှစ်၊ ခင်ရန်ရွာ၊ ဆာနားပတီးမြို့နယ်၊ အိန္ဒိယနိုင်ငံ)၊ ပေါင်လင်းထန် (၂၄-နှစ်၊ မိုရေးမြို့၊ အိန္ဒိယနိုင်ငံ) နှင့် ရန်ရန်း (၃၁-နှစ်၊ ဖိုလ်ငိုတ်ရွာ၊ ချန်ဒယ်လ်ခရိုင်၊ အိန္ဒိယနိုင်ငံ) တို့ကို တွေ့ရှိဖမ်းဆီးခဲ့ပြီး ၎င်းတို့ကို လဝကအက်ဥပဒေပုဒ်မဖြင့် ခမ်းပတ်ရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း၊ ၎င်းတို့သည် အိန္ဒိယနိုင်ငံအခြေစိုက် ကူကီးအမျိုးသားတပ်မတော် (Kuki National Army-KNA) မှ ခွဲထွက်လာသူများ ဖြစ်ပြီးပါလာသော ပစ္စတိုသေနတ်တစ်လက်နှင့် AK-47 သေနတ်တစ်လက်တို့ကို တမူးမြို့ မြို့မ (၁၄) ရပ်ကွက် ချောက်နက်ကြီးရွာတောစပ်ရှိ လူမနေသော တဲတစ်လုံးတွင် ဝှက်ထားခဲ့ကြောင်း သိရသဖြင့် သွားရောက်ရှာဖွေရာ အမေရိကန် ပြည်ထောင်စုလုပ် RUGER (၉ ဒသမ မမ ပစ္စတိုတစ်လက်) နံပါတ်မထင်ရှား၊ ကျည်ကတ်တစ်ခု၊ AK-47 သေနတ်တစ်လက် (နံပါတ်-၂၈၆၃၉)၊ ကျည်အိတ်တစ်ခု၊ (၇.၆၂ထ၃၉) ကျည် ၁၀ တောင့်တို့ကို သိမ်းဆည်း ရရှိခဲ့ကြောင်း တမူးမြို့နယ် ရဲတပ်ဖွဲ့စခန်းထံမှ သိရသည်။

အဆိုပါအမှုအတွက် တမူးမြို့နယ် ရဲတပ်ဖွဲ့စခန်းက (ပ) ၇၅/၂၀၁၃၊ လက်နက်ဥပဒေပုဒ်မ ၁၉ (က) ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်နေကြောင်း အဆိုပါ ရဲတပ်ဖွဲ့စခန်းမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၃ ရက်နေ့ကလည်း တမူးမြို့နယ်တရားရုံး စာရေးမတစ်ဦး၏ နေအိမ်တွင် လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုက အပ်နှံထားသော ဗုံးသီး၊ နင်းမိုင်း၊ ကျည်မျိုးစုံနှင့် ကျည်အိမ်များ၊ ယမ်းတောင့်၊ ယမ်းကြိုးခွေစသော လက်နက်မျိုးစုံ ထည့်ထားသည့် သံသေတ္တာ ၁၀ လုံး တွေ့ရှိခဲ့ကြောင်း၊ သြဂုတ်လ ၁၀ ရက်နေ့တွင်လည်း တမူးမှ ကလေးသို့ ဆိုင်ကယ်အတွင်း ပစ္စတိုလက်နက် သယ်ဆောင်မောင်းနှင်လာသူတစ်ဦးကို ခမ်းပတ်မြို့နယ်ခွဲတွင် ဖမ်းဆီးရမိခဲ့ကြောင်း တမူးခရိုင် ရဲတပ်ဖွဲ့စခန်း မှတ်တမ်းများအရ သိရသည်။

The Voice Weekly 

ဒေါ်အောင်ဆန်းစုကြည် က ဘာသာရေးနှင့်လူမျိုးရေးပဋိပက္ခများ ဆက်တိုက်ဖြစ်ပွားပါက နိုင်ငံအပြောင်းအလဲ ဖြစ်နိုင် ဟု ပြောကြား


          

ဘာသာရေးအသွင်ဆောင် ပဋိပက္ခများ ဆက်တိုက်ဖြစ်ပွားပါက ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ နိုင်ငံအပြောင်းအလဲ ဖြစ်နိုင်ကြောင်း ပြည်သူ့ လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

သြဂုတ်လ ၃၀ ရက်နေ့က ပြည်သူ့လွှတ်တော်ရုံးတွင် ပြုလုပ်သည့် သတင်းမီဒီယာများနှင့် တွေ့ဆုံပွဲတွင် လက်ရှိ ဖြစ်ပွားနေသော ဘာသာရေးအသွင်ဆောင် ပဋိပက္ခများနှင့် ပတ်သက်ပြီး ၂၀၁၅ အထွေအထွေ ရွေးကောက်ပွဲအပေါ် သက်ရောက်မှုရှိ မရှိမေးခွန်းကို သတင်းထောက်အချို့က မေးမြန်းရာ ၎င်းက ယင်းသို့ပြန်လည် ဖြေကြားသွားခြင်း ဖြစ်သည်။

“အခုကတော့ ၂၀၁၃ မကုန်သေးဘူး။ ၂၀၁၅ ရောက်ဖို့ တစ်နှစ်ကျော်ကျော် ကျန်သေးတယ်။ ဒီကြားထဲမှာ နိုင်ငံအပြောင်းအလဲတွေ ဖြစ်နိုင်တယ်” ဟု ၎င်းကဆိုသည်။

သို့သော် မည်သို့သော အပြောင်းအလဲ ဖြစ်နိုင်သည် ဆိုသည်ကိုမူ ပြောကြားခြင်း မရှိပေ။ မြန်မာနိုင်ငံတွင်း ဖြစ်ပွားလျက်ရှိသည့် ပဋိပက္ခများကို ဖြေရှင်းရာတွင် ရွေးကောက်ပွဲများ ရှိခြင်း မရှိခြင်းကို မစဉ်းစားဘဲ အမြန်ဆုံးပြန်လည် ဖြေရှင်းသင့်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

မြန်မာနိုင်ငံတွင်း ဖြစ်ပွားနေသော ပဋိပက္ခများသည် နိုင်ငံရေး မတည်ငြိမ်မှုကို ရည်ရွယ်လုပ်ဆောင်နေခြင်း ဖြစ်သည်ဟူသော စွပ်စွဲပြောဆိုချက်များသည် အထောက်အထား ခိုင်လုံမှု မရှိသဖြင့် မှန်ကန်သည်ဟုဆို၍ မရကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

ယခုဖြစ်ပွားနေသော ဘာသာရေး အသွင်ဆောင် ပဋိပက္ခများကို ဘာသာရေး ခေါင်းဆောင်များက နှစ်ဖက်လူ့အဖွဲ့အစည်းများအကြား ယုံကြည်မှု တည်ဆောက်ရန် ကူညီပေးသင့်ကြောင်း ၎င်းက ဆက်လက်အကြံပြုသည်။

ပဋိပက္ခများ ဖြေရှင်းရာတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်အင်အား၊ အထောက်အကူပြု ပစ္စည်းနှင့် ပဋိပက္ခ ထိန်းချုပ်နိုင်သော စွမ်းရည်များ လိုအပ်နေသေးကြောင်း၊ အစိုးရက အမြန်ဆုံး ဖြည့်ပေးရန် တာဝန်ရှိ ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြ ပြောဆိုသည်။

မြန်မာနိုင်ငံတွင် လူမျိုးရေးနှင့် ဘာသာရေးအသွင်ဆောင် ပဋိပက္ခများ ဆက်တိုက်ဖြစ်ပွားပါက နိုင်ငံအသွင်ကူးပြောင်းမှုကို ထိခိုက်စေနိုင်ကြောင်း အမေရိကန်အစိုးရ၏ ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ အထူးကော်မရှင်က သြဂုတ်လ ၂၅ ရက်နေ့တွင် ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။

The Voice Weekly 

စက်တင်ဘာလအ တွင်း စင်ကာပူသွားမည့် ဒေါ်အောင်ဆန်းစုကြည်


                 

ရန်ကုန် ၊ သြဂုတ် - ၃၀ ။   ။စင်ကာပူ နိုင်ငံ၏ နိုင်ငံရေးနှင့် ဖွံ့ဖြိုးတိုး တက်မှုများကိုလေ့လာရန် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အနေ ဖြင့် စင်ကာပူနိုင်ငံသို့ ပထမဆုံး ခရီးစဉ်အဖြစ် စက်တင်ဘာလအ တွင်း သွား ရောက်ရန်ရှိကြောင်း သိရသည်။

ယင်းခရီးစဉ်သည် စက်တင် ဘာ ၂၀ ရက်နှင့်  ၂၂ရက်များတွင် ပြုလုပ်မည့် ဒုတိယအကြိမ် စင်ကာ ပူထိပ်သီးညီလာခံတွင် မြန်မာနိုင်ငံ ၏ ပြုပြင်ပြောင်းလဲရေးနှင့်ပတ် သက်သည့် အဓိကအချက်အ လက်များခေါင်းစဉ်ဖြင့် ဒေါ်အောင် ဆန်းစုကြည် မှ မိန့်ခွန်းပြောကြား မည်ဖြစ်သည်။  ဒေါ်အောင်ဆန်းစုကြည်၏ စင်ကာပူခရီးစဉ်နှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှ ပြောရေးဆိုခွင့်ရှိသူနှင့် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်း မြင့်က ''စင်ကာပူခရီးစဉ်ကို ၂၀ ရက်မှာ မြန်မာနိုင်ငံကနေ ထွက် မယ်။ စင်ကာပူ  Summit ကိုတက် ဖို့ သွားမှာပါ။ စင်ကာပူနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို လေ့လာ ဖို့ ဘာတို့ဆိုတာက သွားရင်းနဲ့ လိုအပ်တာတွေကိုလဲ ဆွေးနွေး မှုတွေရှိချင်လဲရှိမှာပါ''ဟု ရန်ကုန် တိုင်းမ် သတင်း စာ ၏ ဆက်သွယ် မေးမြန်းမှုကိုဖြေကြားသည်။

Global Asia Programmed Office  ၏စီစဉ်မှုဖြင့် စင် ကာပူစီးပွားရေးဖွံ့ဖြိုးမှုဘုတ်အ ဖွဲ့၊ စင်ကာပူငွေကြေးအာဏာပိုင် အဖွဲ့ ကုန်သွယ်ရေးနှင့်စက်မှုဝန် ကြီးဌာန၊ ဘဏ္ဍာရေးဝန်ကြီးဌာန၊ GIC နှင့် စင်ကာပူနိုင်ငံရှိ ပုဂ္ဂလိက တက္ကသိုလ် တစ်ခုဖြစ်သည့်   Temasek  တက္ကသိုလ်တို့မှ ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်နှင့်ပတ်သက်၍ စင်ကာပူ အမျိုးသားတက္ကသိုလ်၏ East Asian Institrte မှ ဧည့်သုတေသီ Dr Alistair Cook  က ''မြန်မာ နိုင်ငံအနေဖြင့် စီးပွားရေးဖွံ့ဖြိုးဖို့ ဆိုရင်ပွင့်လင်းမြင်သာမှု၊ နိုင်ငံရေး ပြုပြင်မှု၊ လွတ်လပ်သည့် တရားစီ ရင်ရေးစနစ်နှင့် တရားဥပဒေစိုး မိုးရေးတို့ကို ပြည်သူအားလုံးအ တွက်လိုအပ်ပါတယ်''ဟု CNA သတင်းဌာန၏ ဖော်ပြချက်တွင် သုံးသပ်ပြောကြားထားသည်ကို တွေ့ရသည်။

ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် နေအိမ်အကျယ်ချုပ် မှလွတ်မြောက်ပြီး အမေရိကန်၊ ပြင်သစ်နှင့် အင်္ဂလန်နိုင်ငံများသို့ ၂၀၁ဝပြည့်နှစ်အတွင်းက သွား ရောက်ခဲ့ပြီး အာဆီယံဒေသတွင်း အိမ်နီးချင်းနိုင်ငံ ခရီးစဉ်အဖြစ် ထိုင်းနိုင်ငံသို့ ၂၀၁၂ခုနှစ် အတွင်း သွားရောက်ခဲ့ကာ စင်ကာပူနိုင်ငံ သို့ လာရောက်ခြင်းမှာ ယခုအ ကြိမ်သည် ပထမဆုံးအကြိမ်ဖြစ် ကြောင်းလည်းသိရပြီး ယင်းစင် ကာပူခရီးစဉ်မတိုင်မီ စက်တင် ဘာ ၁ဝရက်တွင် ဥရောပခရီးစဉ် များအဖြစ် ပိုလန်၊ ဟန်ဂေရီနှင့် ချက်သမ္မတ နိုင်ငံများသို့ သွား ရောက်ရန်ရှိကြောင်း သိရသည်။

ကောင်းမြတ်ကျော်

Yangon Media Group 

Friday, August 30, 2013

Flipagram – Turn your Instagram photos into fun, captivating video slideshows v2.1 for iOS


 





 မင်္ဂလာပါ ခင်ဗျာ တော်ဝင်သစ္စာမိသားမှကြိုဆိုပါတယ် မိမိတို.iPhone/iPad/ iPod တွေအတွက် ဆော့ဝဲအသစ်လေးတစ်ခု ကိုမိတ်ဆွေသူငယ်ချင်းများ နှင့် ဓာတ်ပုံဝါသနာရှင်များအတွက်အသုံးတဲ့ တတ် Flipagram လို့ခေါ်တဲ့ဆော့ဝဲလေးပါ။ သူက Instagram ဆော့ဝဲနဲ.တည်ဆောက်ပုံတူပါတယ်  application လေးတစ်ခုလို့ပြောလို့ရပါတယ်။ ဘာတွေလုပ်လို့ရလဲဆိုရင် ဖုန်းထဲက ဓာတ်ပုံတွေကို effect အလန်းစားလေးတွေထည့်ပြီး Slide show video ဖိုင်လေးတစ်ခုအဖြစ်ဖန်တီးလို့ရပြီး ကိုယ်ဖန်တီးထားတဲ့ Photo SlideShow Video လေးကို Facebook သုံးတတ်တဲ့သူများအတွက်ကတော့အဆင်ပြေအုံးမှာပါ social network  လို.ခေါ်တဲ့ လူမူ.ကွန်ရက်ပေါ်ါ်ကို တိုက်ရိုက် upload လုပ်နိုင်ပါတယ်။ အသုံးပြုချင်ရင်တော့အောက်ကလင့်ခ်မှာဒေါင်းနိုင်ပါတယ်ခင်ဗျာ
               အသုံးပြုချင်ရင်ဒီနေရာမှာ DOWNLOAD ဒေါင်းပါ

TO LINK FOR iOS


                           အသုံးပြုချင်ရင်ဒီနေရာမှာဒေါင်းပါ


(Download Site ထဲရောက်သွားရင် Flipagram.Turn.your.Instagram.photos.into.fun…ipa ကိုနှိပ်၍ download ရယူပါ)


MX Player Pro v1.7.19 for Android


 





မင်္ဂလာပါခင်ဗျာ တော်ဝင်သစ္စာမိသားစုမှကြိုဆိုပါတယ် မိမိတို.Android ဖုန်း/Tablet တွေမှာ original ပါတဲ့ Video Player က ဗီဒီယို format အများကြီး ဖွင့်လို့မရလို.ရှိရင်  ဒီ့ MX Player Pro v1.7.19 ကတော့ Video format ပေါင်းစုံကိုလည်း ကြည့်နိုင်သလို ဗီဒီယိုတွေမှာစာတန်းထိုး Subtitle ထည့်သွင်းထားတယ်ဆိုရင်လည်း ဒီ Video Player လေးက subtitle စနစ်ကိုအထောက့်အပံ့ပေးနိုင်ပါသေးတယ်။ တော်တော်ကိုသုံးရတာအဆင်ပြေတာကိုတွေရမှာပါ
အသုံးပြုချင်ရင်တော့အောက်ကလင့်ခ်မှာဒေါင်းနိုင်ပါတယ်ခင်ဗျာ
အသုံးပြုချင်ရင်ဒီနေရာမှ DOWNLOAD ဒေါင်းပါ 

အသုံးပြုချင်ရင်ဒီနေရာမှ DOWNLOAD ဒေါင်းပါ




Sunday, August 25, 2013

HD WALLPAPER FOR ANDROID

                                                    HD Wallpapers for Android


မင်္ဂလာပါခင်ဗျာ တော်ဝင်သစ္စာမိသားစုမှကြိုဆိုပါတယ် မိမိတို.ဖုန်းကို အပုံ အလန်းလေးတွေ နဲ.အမြဲတမ်း လန်းချင်သူတွေအတွက် HD wallpaper လေးပါ တကယ်ကို လှပတဲ့ အပုံကောင်းလေးတွေကိုတွေ.ရမှာပါ မိမိတို.ဖုန်းရဲ.အပုံဆိုက်နဲ.ကိုက်ညီမူရှိတာကိုလည်းတွေရမှာပါ ဒါပေမယ့်ဒါကိုအသုံးပြုချင်ရင်တော့ wifi လိုပါတယ် မိမိမှာ အင်တာနက်ရှိရင်လည်းရပါတယ် အသုံးပြုချင်ရင်တော့အောက်ကလင့်ခ်မှာဒေါင်းနိုင်ပါတယ်ခင်ဗျာ

                       အသုံးပြုချင်ရင်ဒီနေရာမှာ DOWNLOAD ဒေါင်းပါ


HD Wallpapers for Android - screenshot thumbnailHD Wallpapers for Android - screenshot thumbnailHD Wallpapers for Android - screenshot thumbnailHD Wallpapers for Android - screenshot thumbnail



HD Wallpapers for Android - screenshot
HD Wallpapers for Android - screenshot
HD Wallpapers for Android - screenshot
HD Wallpapers for Android - screenshot

တောင်သူတွေ ဒလမြို့နယ်မှာ ဖယ်ရှားပေးဖို့ ပုဒ်မ ၁၄၄ ထုတ်ပြန်


                

ရန်ကုန်တိုင်း ဒလမြို့နယ်မှာ သီးစားခပေးပြီး လုပ်ကိုင်နေတဲ့ တောင်သူလယ်သမားတွေကို ဒီလ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး လယ်မြေတွေက ထွက်ခွာပေးဖို့အတွက် ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်ကြောင်း လယ်သမားတွေက ဒီနေ့ ရန်ကုန်မြို့ ၈၈ မျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်းရုံးမှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ရန်ကုန်တိုင်း ဒလမြို့နယ် တုံးတင်ကန်မြောက်နဲ့ ခနောင်ရွာမအုပ်စု ကျေးရွာတဝိုက်က လယ်ဧက ၅ဝဝ နီးပါးလောက်ကို ဧရာဝတီရေတပ်စခန်းဌာနချုပ်က ၁၉၉ဝ ခုနှစ်မှာ သိမ်းယူခဲ့ပြီး နောက်ပိုင်း လယ်တစ်ဧကကို စပါး ၁၁ တင်းနှုန်းနဲ့ သီးစားခပြန်ချပေးခဲ့တာလို့ သိရပါတယ်။

အခုလ ၁ဝ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး အုပ်ချုပ်ရေးမှူးရုံးက ပုဒ်မ ၁၄၄ အမိန့်ကို ထုတ်ပြန်ခဲ့တာလို့ ခနောင်ရွာမကျေးရွာက လယ်သမား ဦးမြသိန်းက RFA ကို အခုလိုပြောပါတယ်။

“ဒီနယ်မြေဟာ အေးချမ်းတဲ့နယ်မြေဖြစ်တဲ့အတွက် ပုဒ်မ ၁၄၄ မထုတ်သင့်ပါဘူးလို့ ကျနော်တို့က ရန်ကုန်တိုင်းအစိုးရကို ပြောချင်ပါတယ်၊ နောက်တစ်ချက်က ဒီလယ်သမားတွေဟာ ဒီမိုးတွင်းမှာ မြေနေစရာမရှိဘဲနဲ့ ပြောင်းရွှေ့ဖို့လည်း အခက်အခဲတွေ အများကြီးရှိတဲ့အတွက် တကယ်လို့ ညှိနှိုင်းဆောင်ရွက်ပေးမယ်ဆိုရင်တော့ ပွင့်လင်းရာသီကျမှပဲ လုပ်ပေးဖို့ဆန္ဒရှိပါတယ်”

ပြီးခဲ့တဲ့နှစ်ထဲမှာ အဲဒီသီးစားခပေးပြီး လုပ်ကိုင်နေတဲ့ လယ်သမားတွေက သိမ်းယူထားတဲ့အတိုင်း အကောင်အထည်မဖေါ်တဲ့ လယ်မြေတွေပြန်ပေးဖို့ ဒါမှမဟုတ် လျော်ကြေးပေးဖို့ အစိုးရထံ စာတင်ခဲ့တယ်လို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ ရန်ကုန်တိုင်း လယ်ယာမြေ စုံစမ်းရေးကော်မရှင်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်း၊ ဦးခိုင်မောင်ရည်တို့အဖွဲ့ဟာ အဲဒီရွာတွေကို သွားရောက်စုံစမ်းစစ်ဆေးခဲ့ပြီး လယ်သမားတွေကိုကူညီဖို့ ကတိပေးခဲ့တယ်လို့ လယ်သမားတွေက ပြောပါတယ်။

RFA Burmese 

စစ်တွေ ရှိ မူဆလင်ဒုက္ခသည် IDP စခန်း နေရာရွှေ့ပြောင်း


               

မြန်မာနိုင်ငံ အနောက်ခြမ်းမှာ လူမျိုးရေး ပဋိပက္ခတွေ မနှစ်ကဖြစ်ပွားပြီး တဲ့နောက်မှာ စစ်တွေ အောင်မင်္ဂလာ ရပ်ကွက်မှာ ဖြစ်သလို အခြေအနေနဲ့ နေနေရတဲ့ ရာနဲ့ချီတဲ့ မူဆလင်တွေကို စနေနေ့ကတော့ အိုးအိမ်စွန့်ခွာ ထွက်ပြေးသူတွေ အတွက် စီစဉ်ပေးတဲ့ စခန်းတခုကို ရွှေ့ပြောင်းပေးခဲ့တယ်လို့  အရာရှိတွေက ပြောပါတယ်။

စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်ကနေ ပြောင်းရွှေ့မှုက ကိုယ့်ဆန္ဒနဲ့ကိုယ် ပြောင်းရွှေ့ခိုင်းတာ ဖြစ်တယ်လို့ မြန်မာအစိုးရ ပြောခွင့်ရသူ ဦးဝင်းမြိုင်က ပြောတာပါ။ ဒါပေမဲ့ ဒီလို ရွှေ့ပြောင်းလိုက်ကာမှ အခြေအနေက ပိုပြီးတော့ ဆိုးသွားနိုင်တယ်လို့ ဆိုပြီး စိုးရိမ်နေကြသူတွေလည်း ရှိတယ်လို့ တက်ကြွလှုပ်ရှားသူ တဦးက ဆိုပါတယ်။

စစ်တွေ အောင်မင်္ဂလာရပ်ကွက်မှာ မူဆလင် ၆,၀၀၀ နီးပါး နေထိုင်နေ တာ ဖြစ်ပါတယ်။ တိုက်ခိုက်မှုတွေကြောင့် အိုးအိမ်ဆုံးရှုံးခဲ့ရတဲ့ လူပေါင်း ၅၇၇ ဦးကို စနေနေ့က IDP စခန်းကို ရွှေ့ပြောင်းပေးခဲ့ပြီး၊ ဒီကနေ့ တနင်္ဂနွေနေ့ မှာလည်း ထပ်ပြီးတော့ ပြောင်းရွှေ့ပေးဦးမယ်လို့ ဦးဝင်းမြိုင်က ပြောပါတယ်။ အိုးအိမ် မဆုံးရှုံးခဲ့ရသူတွေကတော့ အောင်မင်္ဂလာ ရပ်ကွက်မှာပဲ ဆက်ပြီးတော့ နေထိုင်သွားမှာဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

အရေအတွက် အကန့်အသတ်ဖြင့်သာ ဆက်လက်ရောင်းချမည့် မိုဘိုင်းလ်ဆင်းမ်ကတ်များ


                

အခြေခံအဆောက်အဦးများ တည်ဆောက်ပြီးစီးပါက လိုအပ်ချက်နှင့်အညီ ဖြန့်ချိပေးမည်ဟု ဆိုထားသည့် မိုဘိုင်းလ် ဆင်းမ်ကတ်များကို လက်ရှိရောင်းချထားပေးနေသည့်အတိုင်း အရေအတွက် အကန့်အသတ်ဖြင့်သာ ဆက်လက်ရောင်းချသွားမည် ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းတင်က ပြောကြားသည်။

သမ္မတဦးသိန်းစိန်၏ ညွှန်ကြားချက်ဖြင့် လစဉ်ဆင်းမ်ကတ် သုံးသိန်းငါးသောင်းကို ငွေကျပ် ၁၅၀၀ နှုန်းဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးသို့ ဖြန့်ချိနေခြင်းဖြစ်ပြီး ယင်းအတိုင်းသာ ဆက်လက် ဖြန့်ချိမည် ဖြစ်ကြောင်း ဦးသောင်းတင်က ထပ်လောင်းပြောကြားသည်။

“ဒီလိုရောင်းတာ ဘယ်အချိန်အထိ ရောင်းမှာလဲဆို မလိုချင်တော့တဲ့ အချိန်အထိ ရောင်းသွားမှာပါ” ဟု ဦးသောင်းတင်က ဆိုသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက မိုဘိုင်းလ် ဆင်းမ်ကတ်များကို အကန့်အသတ်ဖြင့်သာ ဖြန့်ချိနေခြင်းကြောင့် သမ္မတဦးသိန်းစိန် သတ်မှတ်ပေးသည့် ၁၅၀၀ ကျပ် ဈေးနှုန်းများ ပြင်ပဈေးကွက်တွင် အဆတစ်ရာနီးပါး ကွာဟနေကြောင်း ဖုန်းအရောင်းဆိုင်များထံမှ စုံစမ်းသိရှိရသည်။

မိုဘိုင်းလ် ဆင်းမ်ကတ်များ ပြင်ပဈေးနှုန်း မြင့်မားနေခြင်း၊ အရေအတွက် အကန့်အသတ်ဖြင့်သာ ရောင်းချနိုင်ခြင်းတို့မှာ စနစ်သစ်တစ်ခုသို့ ကူးပြောင်းနေခြင်းကြောင့်ဖြစ်ပြီး အချိန်အနည်းငယ် သည်းခံစောင့်ဆိုင်းပေးရန် ဦးသောင်းတင်က တိုက်တွန်း ပြောကြားသည်။

ကျပ် ၁၅၀၀ တန် CDMA ဆင်းမ်ကတ်များမှာ ပြင်ပပေါက်ဈေး ကျပ်ရှစ်သောင်း ဝန်းကျင်ရှိပြီး ၁၅၀၀ တန် GSM ဆင်းမ်ကတ်များမှာမူ တစ်သိန်းနှစ်သောင်းကျပ် ဝန်းကျင်အထိ ဈေးပေါက်နေကြောင်း ဖုန်းဆင်းမ်ကတ် အရောင်းအဝယ် ပြုလုပ်နေသူများက ဆိုသည်။

လစဉ် မိုဘိုင်းလ် ဆင်းမ်ကတ် သုံးသိန်းငါးသောင်းကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ မဲစနစ်ဖြင့် ခွဲဝေ ရောင်းချပေးမည်ဖြစ်ပြီး လိုအပ်သည့် ဆက်သွယ်ရေးစခန်းများ တည်ဆောက်တပ်ဆင်ပြီးပါက အကန့်အသတ်မရှိ ရောင်းချပေးမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ကြေညာထားသည်။
သို.သော်လည်း အစိုးရသတင်းများ ၏ ဖော်ပြချက်မှာ ယခုလ အတွက်ဆင်းမ်ကတ်များ ကို တစ်သောင်းပိုမိုချထားပေးမယ် ဆိုသော်လည်း ရပ်ကွက်များတွင်မူ အရင်ကချထားပေးသည့်ဆင်းမ်ကတ်
အရေတွက် ထက်နည်းသည်ကို  မန္တလေးတိုင်း ချမ်းမြသည်မြို.နယ် အမှတ် ၅ ရပ်ကွက် နေသူ ဦ------ကတော့ ယခင်လထက် အရေတွက် နည်းသောကြောင့် မိမိတို.တွက်ထားသည့် စီိနီယာ မှာမူ နောက်သို.ဆုတ်သွားကြောင်းပြောကြားသည် ၄င်းက မိမိတို.ရပ်ကွက်တွင် ဆင်းမ်ကတ် ချထား ပေးချိန်တွင် အများနှင့် နည်းတူ အချိန်စောစွာ မရ ဘဲ နောက်ကြမှရောက် ကြောင်း မိမိရပ်ကွက်လူကြီးများ
အလုပ်မလုပ်ကြောင်းပြောသည်။

The Voice Weekly 

အိန္ဒိယနယ်မြေအတွင်း မြန်မာ့တပ်မတော် က ကျူးကျော်တပ်စွဲသည်ဆိုသည့် စွပ်စွဲချက် လုံးဝမမှန်ဟုဆို



                            
နယ်မြေတိုင်းတာ သတ်မှတ်မှုနှင့် ပတ်သက်၍ အပြင်းအထန် အငြင်းပွားမှုများ ဆက်တိုက်ဖြစ်ပေါ်နေသော အိန္ဒိယ-မြန်မာ နယ်စပ် တစ်လျှောက်တွင် မြန်မာ့တပ်မတော်က အိန္ဒိယနယ်မြေအတွင်း ကျူးကျော်တပ်စွဲနေသည်ဆိုသည့် စွပ်စွဲချက်မှာ လုံးဝမမှန်ကြောင်း နိုင်ငံတော် သမ္မတရုံး ညွန်ကြားရေးမှူး ဦးဇော်ဌေးက The Voice သို့ ပြောကြားသည်။

မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ၃၉၈ ကီလိုမီတာကျော် ထိစပ်နေသော အိန္ဒိယနိုင်ငံပိုင် မဏိပူရပြည်နယ် ချန်ဒယ်ခရိုင် အတွင်းရှိ ဟိုလန်ဖိုင်ရွာအတွင်း နှစ်နိုင်ငံ နယ်နိမိတ် တိုင်းတာချက်များ ကို ကျော်လွန်ကာ မြန်မာတပ်မတော်သားများက သြဂုတ်လ ၂၂ ရက်နေ့တွင် ယာယီတဲများ ဆောက်လုပ်၍ ကျူးကျော် တပ်စွဲနေကြကြောင်း မဏိပူရပြည်နယ် အစိုးရက ထုတ်ပြန် ကြေညာသည်ဟု အိန္ဒိယနိုင်ငံအခြေစိုက် သတင်းမီဒီယာများတွင် ဖော်ပြထားသည်ကို ဦးဇော်ဌေးက ယင်းသို့ ငြင်းဆိုလိုက်ခြင်း ဖြစ်သည်။

လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း အိန္ဒိယ-မြန်မာ နှစ်နိုင်ငံနယ်နိမိတ် တိုင်းတာသတ်မှတ်ရန်အတွက် နယ်နိမိတ် သဘောတူစာချုပ်ကို ၁၉၆၇ ခုနှစ်တွင် ချုပ်ဆိုခဲ့ကြပြီး သဘောတူစာချုပ်အရ နယ်နိမိတ်တိုင်းတာ သတ်မှတ်ခြင်းကို ၁၉၆၉ ခုနှစ်မှ ၁၉၇၄ ခုနှစ်အထိ ပူးတွဲတိုင်းတာခဲ့ကြရာ မြန်မာ၊ တရုတ်၊ အိန္ဒိယ သုံးနိုင်ငံဆုံရာ နေရာနှင့် အိန္ဒိယ-မြန်မာ ကဘော်ချိုင့်ဝှမ်းဒေသတွင်း ဒေသများတွင် နယ်နိမိတ် သတ်မှတ်တိုင်းတာရန် ကျန်ရှိနေခဲ့ကြောင်း၊ ယခုအငြင်းပွားမှု ဖြစ်ပေါ်နေသည့် နေရာမှာ ယင်း ကဘော်ချိုင့်ဝှမ်းဒေသတွင် ဖြစ်ပေါ်နေခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

ယင်းသို့ နယ်နိမိတ် သတ်မှတ်ရန် ကျန်ရှိနေခြင်းမှာ ကဘော်ချိုင့်ဝှမ်းဒေသ အတွင်းတွင် လွတ်လပ်ရေး မရမီကပင် အင်္ဂလိပ်အစိုးရ လက်ထက်က နယ်မြေ သတ်မှတ်သည့်အနေနှင့် မှတ်တိုင် ၃၉ တိုင် စိုက်ထူခဲ့ပြီး ယင်းမှတ်တိုင်များ နေရာရွေ့လျားမှုနှင့် အိန္ဒိယဘက်မှ ရွာများ မြန်မာ့နယ်မြေဘက်တွင် ကျူးကျော်နေမှုများကြောင့် မှတ်တိုင်သစ်များ ပြန်လည် သတ်မှတ်စိုက်ထူရန် အခက်အခဲများ ရှိနေခြင်း ဖြစ်သည်။

အမှန်တကယ်တွင် ယင်းနေရာသည် မြန်မာပိုင် နယ်မြေများဖြစ်ပြီး နယ်နိမိတ်စာချုပ် သဘောတူညီချက်များအရ အတိအကျ ဆောင်ရွက်ပါက အိန္ဒိယဘက်မှ ကျူးကျော်နေသော ကျေးရွာအစိတ်အပိုင်း အချို့သည် ပြောင်းပေးရမည် ဖြစ်သော်လည်း အိန္ဒိယပြည်သူများက ဆန့်ကျင် ဆန္ဒပြမှုကြောင့် ဆက်လက်တိုင်းခြင်း မပြုလုပ်နိုင်ခြင်း ဖြစ်ကြောင်း ဦးဇော်ဌေးက ဆိုသည်။

မြန်မာဘက် အိမ်နီးချင်းပီသစွာ ကျူးကျော်ကျေးရွာများကို ဖယ်ရှားပေးစရာမလိုဘဲ ယင်းနယ်မြေ အစားထိုးနယ်မြေအချို့ ပြန်ပေးရန် အိန္ဒိယအစိုးရနှင့် ညှိနှိုင်းရာတွင်လည်း အဆင်မပြေခဲ့ကြောင်း ၎င်းကရှင်းပြသည်။

ပြီးခဲ့သည့် ဇူလိုင်လ အတွင်းကလည်း အိန္ဒိယ-မြန်မာနယ်စပ် အငြင်းပွားမှု အပြင်းအထန် ဖြစ်ပွားခဲ့မှုကြောင့် အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ် အတွင်းရှိ Goubajang ကျေးရွာ ထက်ဝက်သည် မြန်မာနိုင်ငံ ဘက်သို့ ရောက်ရှိသွားသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးမှ ဒုတိယသံအမတ်ကြီး Mr.Sailas Thangal က ယင်းသတင်းမှာ မမှန်ကန်ကြောင်း ငြင်းဆို ပြောကြားခဲ့သည်။

မဏိပူရအစိုးရက အိန္ဒိယ-မြန်မာ နယ်နိမိတ် ပြန်လည် သတ်မှတ်ရေးအတွက် အထူးကော်မတီတစ်ရပ် ဖွဲ့အစည်းရန် ကြိုးပမ်းနေချိန်တွင် ယင်းဖြစ်စဉ် ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

The Voice Weekly 

ယာဉ်တိမ်းမှောက်သဖြင့် လူ(၁၀)ဦးဒဏ်ရာရ

                                      


၂၃-၈-၂၀၁၃ ရက်နေ့ ၁၆၃၀ အချိန် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ်(၃၀၄/၇)နှင့်(၃၀၅/၀)ကြားတွင် မိတ္ထီလာမှ မန္တလေးသို့ ၀မ်းတွင်းမြို့နယ်၊ ကုက်္ကိုခါးလှရွာနေ မျိုးသူ(၃၈)နှစ် မောင်းနှင်သော ၁စ/xxxxဒိုင်နာအဖြူရောင်ယာဉ် သည် ၀ဲဘက်နောက်ဘီးပေါက်ပြီး လမ်းယာဘက်ဘေးမြေသားလမ်းပေါ်သို့ ထိုးကျတိမ်းမှောက်ခဲ့သည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ကုက်္ကိုခါးလှရွာနေ သန်းဦး(၁၈)နှစ်ပါ ၁၀ ဦးတွင် ဦးခေါင်းနောက်စေ့ ဖူးရောင်၊ နဖူး ဖူးရောင်၊ ယာပခုံးနာကျင်၊ ယာမျက်ခုံးပေါက်၊ ၀ဲနားဖူးပွန်း၊ ၀ဲ/ယာနံဘေးအောင့်၊ ယာဒူးပေါက်ပြဲ၊ ၀ဲပါးပွန်းပဲ့၊ ခါးနာကျင်၊ ရင်ဘတ်နာကျင်၊ ၀ဲယာတံတောင် ပွန်းပဲ့ဒဏ်ရာများ အသီးသီး ရရှိသဖြင့် မိတ္ထီလာဆေးရုံသို့ တင်ပို့ကုသခဲ့ပြီး ယာဉ်အားမဆင်မခြင်မောင်းနှင်သူ မျိုးသူအား သီးကုန်း အမြန်လမ်းရဲစခန်း ယာဉ်(ပ)၁၇/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၃၇/ ၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

မန္တလေးမြို့ ကျုံးပတ်လည်တွင် ဓားဖြင့် အကြောင်းမဲ့ လိုက်ခုတ်သူ ကိုးဦးတွင် အသက်မပြည့် သေးသူများ ပါဝင်ကြောင်းသိရ


               


မန္တလေးမြို့တော် အထင်ကရ နေရာဖြစ်သော ကျုံးပတ်လည်တွင် ညအချိန် ဆိုင်ကယ်စီး၍ အုပ်စုလိုက် အကြောင်းမဲ့ ဓားခုတ်၊ ရိုက်နှက်မှုများ၌ ပြစ်မှုကျူးလွန်သည်ဟု ဝန်ခံထားသူ ကိုးဦးတွင် အသက် ၁၄ နှစ်မှ အသက် ၂၀ အတွင်းရှိသူများ ပါဝင်သဖြင့် အသက်မပြည့်သေးသူအတွက် ကလေးသူငယ် တရားရုံးတွင် ထိန်းသိမ်းခွင့် တောင်းထားပြီး တရားစွဲဆိုသွားရန် အစီအစဉ် ရှိကြောင်း အောင်မြေသာစံမြို့နယ် အမှတ်(၂) ရဲစခန်းမှ ဒုရဲအုပ် ကံအောင်မြင့်က The Voice သို့ ပြောကြားသည်။

ကျုံးပတ်လည်တွင် ညအချိန် ဆိုင်ကယ်စီး၍ အုပ်စုလိုက် အကြောင်းမဲ့ ဓားခုတ်၊ ရိုက်နှက်မှုများ ပြုလုပ်ခဲ့သူ ကိုးဦးကို သြဂုတ်လ ၂၃ ရက်နေ့ ညနေ ၆ နာရီ အချိန်တွင် ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

ဇူလိုင်လ ၁၄ ရက်နေ့ညက ဓားခုတ်ခံရသူ ဦးစည်သူအောင်က တရားခံများကို လိုက်လံပြသခဲ့ရာ မသင်္ကာသူ ဖက်တီး (ခ) ချမ်းမြေ့သူနှင့် ဇော်ဦးတို့ကို မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းအကူဌာန တပ်ဖွဲ့ဝင်များက သက်သေများရှေ့ခေါ်ယူ ဖမ်းဆီးစစ်ဆေးခဲ့ရာမှ ၎င်းတို့ ကျူးလွန်သည်ကို သိရကြောင်း အဆိုပါရုံး မှတ်တမ်းများအရ သိရသည်။

ဦးစည်သူအောင်မှာ ဇူလိုင်လ ၁၄ ရက်နေ့ ည ၈ နာရီ ၃၉ မိနစ်တွင် ကျုံးမြောက်ဘက် တိရစ္ဆာန်ဥယျာဉ် အရှေ့ဘက်တွင် သူငယ်ချင်းကိုးဦးနှင့်အတူ ဆိုင်ကယ်ဘီးထောင်နေစဉ်တွင် scopy ဆိုင်ကယ်ဖြင့် လူငယ်ကိုးဦး ရောက်လာပြီး ရန်ငြိုးရန်စမရှိဘဲ ဓားဖြင့်ဝင်ခုတ်ခဲ့ရာ နောက်ကျော၊ တံတောင်ဆစ်များတွင် ဓားဒဏ်ရာများ ရရှိခဲ့သည့်အပြင် ခေါင်းကိုသံတုတ်ဖြင့် ရိုက်နှက်ခဲ့ကြကြောင်း ဦးစည်သူအောင်က The Voice သို့ ပြောကြားသည်။

“ကျွန်တော့်ကို လိုက်ခုတ်ပြီး သူတို့နောက်ကို လိုက်ကြည့်တယ်။ ကျုံးတောင်ဘက် ဆီဒိုးနားဟိုတယ်ထောင့်မှာလည်း ကျွန်တော်တို့လိုပဲ တခြားသူတွေကို လိုက်ခုတ်တယ်။ အစကတော့ ကျွန်တော်က ရဲကိုအမှုမဖွင့်ခဲ့ပါဘူး” ဟု ၎င်းကဆိုသည်။

သို့သော် ဆိုရှယ်မီဒီယာဖြစ်သော Facebook တွင် ဦးစည်သူအောင် နာမည်နှင့် ရေးထားသည့် ဖြစ်စဉ်များကြောင့် မန္တလေးတိုင်းရဲရုံးက အမှုဖွင့်ရန် ပြောကြားသဖြင့် လွန်ခဲ့သည့် နှစ်ရက်ခန့်က အမှုဖွင့်ခဲ့ခြင်း ဖြစ်ကြောင်း ဓားဖြင့်ခုတ်ခံရသူ ဦးစည်သူအောင်က ပြောကြားသည်။

အဆိုပါ ပြစ်မှုကျူးလွန်သည်ဟု ဝန်ခံထားသူ ဖက်တီး (ခ) ချမ်းမြေ့သူ (အသက် ၁၉ နှစ်) ကို စစ်ဆေးမေးမြန်းရာ ဓားဖြင့်လိုက်ခဲ့သည့် ဖြစ်စဉ်နှစ်ခုအား ကျူးလွန်ခဲ့ကြောင်းလည်း ထွက်ဆိုထားကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။ ဇူလိုင်လ ၁၄ ရက်နေ့လမ်း ၈၀၊ ၉ လမ်းနှင့် ၁၀ လမ်းကြားတွင် ဦးစိုင်းသီဟနှင့် ဦးအောင်ကိုလွင်တို့ကို လည်းကောင်း၊ ဇူလိုင်လ ၂၇ ရက်နေ့တွင် ၁၄ လမ်းနှင့် ၁၅ လမ်းကြားတွင် ဦးမျိုးသူရဦး ဆိုသူတို့ကို လည်းကောင်း ဓားဖြင့်အကြောင်းမဲ့ ခုတ်ခဲ့ကြောင်း အဆိုပါရုံးထံမှ သိရသည်။

ယခုကဲ့သို့ ဓားဖြင့်အုပ်စုဖွဲ့ရမ်းကားသူ ကိုးဦးကို ချမ်းအေးသာစံမြို့နယ် အမှတ်(၂) နယ်မြေရဲစခန်းက (ပ)၂၀၂/၂၀၁၃၊ ပြစ်မှု ပုဒ်မ၃၂၅/၃၂၆၊ ချမ်းအေးသာစံမြို့နယ် အမှတ် (၈) မြို့မရဲစခန်းက (ပ) ၁၂၂/ ၂၀၁၃ အရ ပြစ်မှုပုဒ်မ ၃၂၆ အရ ထိရောက်ဟန့်တားသော ပြစ်ဒဏ်များ ရရှိစေရန် တရားစွဲဆိုသွားမည် ဖြစ်ကြောင်း အဆိုပါရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

The Voice Weekly 

Saturday, August 24, 2013

သမ္မတပြောခွင့်ရသူ က မစ္စတာ ကင်တားနား ပြောကြားချက် မဟုတ်မှန်ကြောင်း ရှင်းလင်း

                           

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Ojae Quintana ရဲ့ မိတ္ထီလာမြို့ ခရီးစဉ်အတွင်း ဆန္ဒပြမှုအဖြစ်အပျက်နဲ့ ပတ်သက်ပြီး ရှင်းလင်းပြောကြားချက်တွေဟာ အဖြစ်မှန်နဲ့ ကွဲလွဲနေတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က ဒီနေ့ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံစဉ်ပြောခဲ့ပါတယ်။

ဒီနေ့နေပြည်တော် စက်မှုဝန်ကြီးဌာနမှာ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံပွဲမှာ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က မစ္စတာ Quintana ရဲ့ ရှင်းလင်းချက်အပေါ် အခုလို တုန့်ပြန်ပြောဆိုလိုက်တာပါ။

“ခုနက ကျနော်ပြောသလို သူ့ကားကြီးကို ကန်တယ်ဆိုတာမဟုတ်ဘူး၊ သို့သော် တီရှပ်နဲ့ စာတစ်စောင်ပေးဖို့ ကြိုးစားတာတော့ရှိတယ်၊ ကားနားကိုကပ်တယ်၊ မှန်ကိုသွားခေါက်တဲ့အတွက်ကြောင့်မို့ ရဲတွေကလမ်းရှင်းပေးလိုက်တယ်၊ အဲနားလေးမှာ တစ်မိနစ်၊ နှစ်မိနစ်လောက်ပဲလို့ ကျနော်ထင်တယ်၊ တကယ်သာ လူနှစ်ရာလောက်က သူ့ကားကြီးကို ဝိုင်းတွန်းကြဆွဲကြလုပ်တယ်ဆိုရင် အဲဒီဒေသမှာရှိတဲ့လူတွေက မိုဘိုင်းဖုန်းတွေရှိတာပဲ၊ သတင်းထောက်တွေလည်းရှိနေတာပဲ၊ ချက်ချင်းတက်လာမှာပေါ့”

ပြီးခဲ့တဲ့ သြဂုတ်လ ၁၉ ရက်နေ့ည ၁ဝ နာရီခွဲလောက်က မစ္စတာကင်တားနား မိတ္ထီလာမြို့ကိုရောက်ရှိစဉ် လူအင်အား ၂ဝဝ လောက်က သူ့ကားကို ဝိုင်းဝန်းထုနှက်ကြကြောင်း အဲဒီအတွက် ကြောက်ရွံ့ထိတ်လန့်မိကြောင်း၊ အဲဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ မတ်လအတွင်းက မိတ္ထီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုအတွင်း ခံစားခဲ့ရသူတွေကို သူ့အနေနဲ့ စာနာနားလည်မိကြောင်း မစ္စတာ ကင်တားနားက သြဂုတ်လ ၂၁ ရက်နေ့ ရန်ကုန်မင်္ဂလာဒုံလေဆိပ်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။ အဲဒီအပေါ် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က သတင်းထောက်တွေကို ဒီနေ့ရှင်းပြခဲ့တာပါ။

ဒါ့အပြင် ဦးရဲထွဋ်က မိတ္ထီလာမြို့မှာ ဆန္ဒပြခဲ့ကြသူတွေနဲ့ ပတ်သက်ပြီး အခုလို ရှင်းပြခဲ့ပါတယ်။

“ကြားတာ သုံးရာကျော်၊ လေးရာလောက်ရှိတယ်ပြောတယ်၊ တချို့ကလည်း တစ်ထောင်နီးပါးလောက်ရှိတယ်ပြောတယ်၊ အဲတာကို တဖြည်းဖြည်းစီလူစုခွဲနေတာပေါ့၊ သူရောက်လာတာ ၁ဝ နာရီခွဲဆို အဲဒီနားမှာ လူတစ်ရာလောက်ကျန်နေသေးတယ်၊ တချို့ကလည်းပြောတယ်၊ ကျနော်တို့ ဘာဖြစ်လို့ချက်ချင်းမခွဲလဲဆိုတာ၊ အဲဒီလူတွေက တုတ်တွေ၊ ဓားတွေနဲ့ လာပြီးတော့မှ ည ၁ဝ နာရီကျော်ခဲ့ပြီဆိုရင် ကျနော်တို့ဖြေရှင်းနည်းက တစ်မျိုးဖြစ်လိမ့်မယ်၊ သူတို့က ည ၁ဝ နာရီမတိုင်ခင်ကတည်းက အေးအေးချမ်းချမ်းဆန္ဒပြဖို့ ရောက်နေတာဖြစ်တဲ့အတွက်ကြောင့်မို့ ကျနော်တို့က မေတ္တာရပ်ခံတဲ့နည်းနဲ့ ဖြည်းဖြည်းချင်းဖယ်ရှားနေတာ၊ ဒါကြောင့်မို့ သူရောက်လာတဲ့အချိန်မှာ အဲဒီလူတွေကရှိနေတယ်၊ ခုနက ကျနော်ပြောသလို သူ့ကားကြီးကို ကန်တယ်ဆိုတာမဟုတ်ဘူး”

မစ္စတာ ကင်တားနားရဲ့ ပြောဆိုရှင်းလင်းချက်ဟာ တစ်ဦးချင်းသဘောအရသာ ပြောတာဖြစ်ပြီး ကုလသမဂ္ဂက တရားဝင်ပြောဆိုလာမယ်ဆိုရင် နိုင်ငံခြားရေးဝန်ကြီးဌာနကတစ်ဆင့် ဆက်လက်ဆောင်ရွက်သွားမယ်လို့လည်း ဦးရဲထွဋ်က ပြောပါတယ်။

ဒီနေ့နေပြည်တော်က သတင်းမီဒီယာတွေနဲ့ တွေ့ဆုံပွဲကို ဒုတိယဝန်ကြီး ဦးရဲထွဋ်၊ ဝန်ကြီး ဦးစိုးသိန်းနဲ့ ဝန်ကြီး ဦးခင်ရီတို့ တက်ရောက်ခဲ့ကြပါတယ်။

RFA Burmese 

ရန်ကုန် ရေကြီး မူ.ကြောင့် မြို.သူမြို.သားများ အခက်တွေ.

                                 

ရန်ကုန်မြို့မှာ မိုးကြီး ရေလျှံ ဖြစ်နေတဲ့ အတွက် မြို့တွင်း သွားလာသူတွေ ဒုက္ခရာက် ကြရသလို ကားတွေနဲ့ သွားသူတွေလည်း ကားရေနစ်လို့ ဖြစ်တဲ့ နေရာမှာ ပစ်ထားခဲ့ရသူတွေ ရှိသလို ကားထဲ ရေဝင်လို့ ရေခပ်ထုတ် နေရတဲ့ သူတွေလည်း ရှိနေပါတယ်။

ပုဇွန်တောင်ချောင်း ကလည်း ရေတက် ၊ လေရော မိုးရော ကျတာကလည်း နှစ်ရက် ရှိပြီ ဖြစ်တာကြောင့် မနေ့က မနက်က ဆိုရင် ပုဇွန်တောင်ချောင်း တံတားက ကွန်ကရစ် တိုင်တောင် ကျိုးသွားတယ်လို့

ပုဇွန်တောင်ဖက်မှာ နေထိုင်သူ တယောက်က ဘီဘီစီကို ပြောပါတယ်။

ဒါ့အပြင် မီးကလည်း ပျက်ပြီး မိုးရွာရင် ရေတအားပါတယ်လို့ မြို့ခံက ဆိုပါတယ်။

ကားဘီးတွေ ရေမြုပ်တဲ့ အပြင် မြို့ထဲမှာ မီးပွိုင့်တွေမှာ ကားတွေက ရွေ့တယ် ဆိုရုံသာ သွားနေရတာကြောင့် တနေရာနဲ့ တနေရာ သွားဖို့ အချိန် အတော် ယူရတယ်လို့ ပြောပါတယ်။

ရန်ကုန်မြို့တွင်းနေ လူထုအပြင် လှိုင်သာယာ စက်မှုဇုံဖက် အလုပ်ဆင်း ကြရတဲ့ သူတွေပါ မိုးထဲလေထဲ သွားလာကြတဲ့ အခါမှာ အခက်အခဲတွေနဲ့ ကြုံနေရတယ်လို့ မြို့ခံတွေက ဆိုပါတယ်။

လှိုင်သာယာ စက်မှုဇုန် ကနေ ဘုရင်နောင် မီးပွိုင့်ကို ဖြတ်တာ ၁ နာရီခွဲ ကြာတယ်လို့ ကိုယ်တွေ့ ကြုံခဲ့တဲ့ ခရီးသွား တယောက်က ပြောပါတယ်။

လမ်းတလျှောက် ကားတွေက ရေဝင်လို့ ပျက်တာ တွေ အများအပြား တွေ့ရပြီး သီရိမွန် ပလာဇာ ဖက်ကဆိုရင် အနိမ့်ပိုင်း ဖြစ်တာကြောင့် ကားတွေဟာ ရေတောထဲ မောင်းနေသလိုမျိုး မြင်ရတယ်လို့ ဆိုပါတယ်။

လပြည့်ကျော် ရက်လည်းဖြစ် ရေကြီးမယ်လို့ မိုးလေ၀သ ခန့်မှန်းချက် ထုတ်ထားတဲ့ အတိုင်း ရေကြီး မိုးသည်းထန် တာကြောင့် ရန်ကုန်တမြို့လုံး ရေလွှမ်းသွားတယ်လို့ ပြောပါတယ်။

လူထု အနေနဲ့လည်း အစိုးရဆီက အကူအညီ ကလည်း မရ ၊ တယောက်ကို တယောက်လည်း မကူညီနိုင် ဖြစ်နေကြောင်း သိရပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

မလေးရှားရောက် တရားမဝင် မြန်မာလုပ်သား တစ်သိန်းခွဲကို နိုင်ငံကူး လက်မှတ်ထုတ်ပေး

                                      

ရန်ကုန်၊ သြဂုတ် ၂၃

မလေးရှားနိုင်ငံရောက် တရားမဝင် မြန်မာအလုပ်သမား တစ်သိန်းခွဲကို နိုင်ငံခြားသား အလုပ်သမားများ စီမံခန့်ခွဲရေး အစီအစဉ် (6P) အရ နိုင်ငံကူးလက်မှတ်များ ထုတ်ပေးထားပြီး ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးက သြဂုတ်လ ၂၃ ရက်နေ့တွင် ထုတ်ပြန်သည်။

ယင်းလက်မှတ်များကို ၂၀၁၁ ခုနှစ် အောက်တိုဘာလမှ စတင်ကာ ထုတ်ပေးခဲ့ခြင်းဖြစ်ပြ...ီး တစ်ခါသုံး မည်သူမည်ဝါ ဖြစ်ကြောင်း အထောက်အထား (Certificate of Idenity) ကို မြန်မာလုပ်သား ၁၀၀၀၀ ခန့်အား ထုတ်ပေးခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံး ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ စွမ်းဆောင်ရည် အကဲဖြတ်အဖွဲ့က ယင်းသို့ ထုတ်ပြန်ခြင်း ဖြစ်သည်။

မလေးရှားနိုင်ငံတွင် ပြဿနာ တစ်စုံတစ်ရာ ဖြစ်ပွားပါက မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့ရှိ သံမှူးကြီး ဖုန်း ၆၀၃ ၄၂၅ ၁၄၄၅၅ နှင့် အလုပ်သမားအရာရှိ ဖုန်းနံပါတ် ၆၀၃ ၄၂၅ ၁၅၅၉၅ တို့ကို ဆက်သွယ်အကူအညီ တောင်းနိုင်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရှိရသည်။

မလေးရှားနိုင်ငံရောက် တရားမဝင် မြန်မာလုပ်သား နှစ်သိန်းခန့်ရှိနေပြီး ၎င်းတို့ ကို တရားဝင် အလုပ်လုပ်ကိုင်ခွင့် ရရှိရန် အထောက်အထားများ ထုတ်ပေးသွားမည် ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က ဇွန်လအတွင်းက ပြောဆိုထားသည်။

မေလကုန်နှင့် ဇွန်လဆန်းတို့တွင် ဖြစ်ပွားခဲ့သည့် မလေးရှားရောက် မြန်မာများ အကြမ်းဖက်ခံရသည့် ဖြစ်စဉ်တွင် မလေးရှားနိုင်ငံက အော်ပရာစီဟုခေါ်သည့် တရားမဝင် နိုင်ငံခြားသားများကို ဖမ်းဆီးသည့် စစ်ဆင်ရေးတစ်ရပ်ကို ပြုလုပ်ခဲ့ရာ မြန်မာ ထောင်ဂဏန်းခန့် ဖမ်းဆီးခံခဲ့ရသည်။

The Voice Weekly 

မြန်မာ့ မြေဈေး အစိုးရက ထိန်းချုပ်တော့မည်


                       

ရန်ကုန် ၊ သြဂုတ် ၂၃ ။           ။ ရန်ကုန် တိုင်းဒေသကြီးအတွင်းမြေဈေး ကြီးမြင့်မှုများအား ထိန်းချုပ်ရန် အတွက် အစိုးရက ပုံသေမြေဈေး နှုန်းသတ်မှတ်ပေးတော့မည်ဖြစ် ကြောင်း သိရသည်။ လက်ရှိပေါက်နေသည့် မြေ ဈေးကြီးမြင့်မှုများ အား ထိန်းချုပ် ရန် အစိုးရအဖွဲ့များနှင့်ပူးပေါင်း၍ ရန်ကုန်တိုင်းဒေသကြီးမှစတင် ၍ တစ်ပေပတ်လည်မြေဈေးနှုန်း များအား သတ်မှတ်ပေးမည်ဖြစ်ကြောင်းကို နိုင်ငံတော်သမ္မတရုံးပြည်ထောင် စုဝန်ကြီး ဦးစိုးသိန်းက ဩဂုတ် ၂၃ရက်က နေပြည်တော် တွင်ပြု လုပ်သည့် မီဒီယာတွေ့ဆုံပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ''မြန်မာနိုင်ငံမှာ မြေဈေး တွေကြီးနေတော့ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုတွေအတွက် အခက်အခဲ ဖြစ်နေတယ်။ မြေဈေးတွေကြီး နေတာကို အခွန်နည်းလမ်းများနဲ့ လဲထိန်းပြီး လုပ်ဆောင်ဖို့တွေရှိပါ တယ်။ တစ်ပေပတ်လည်ဈေးနှုန်း တွေကိုလဲ ပုံသေသတ်မှတ်ပေးဖို့လဲ ရှိတယ်''ဟုပြောသည်။ လက်ရှိအချိန်တွင် ရန်ကုန် မြို့ရှိအဓိကလမ်းများ၏ မြေဈေး များသည် တစ်ပေပတ်လည်လျှင် ၁ဝသိန်းနှင့် ၁၅သိန်းဝန်းကျင် ဈေးများပေါက်နေပြီး တောင်ဥက္က လာနှင့် သင်္ဃန်းကျွန်းမြို့နယ်များ ရှိမြေဈေးများသည်လည်း တစ် ပေပတ်လည်လျှင် တစ်သိန်းခွဲမှ လေးသိန်းဝန်းကျင်အထိ ဈေးများ ပေါက်နေကြောင်း သိရသည်။

ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိ ယဝန်ကြီး ဒေါက်တာမောင်မောင် သိန်းက ''မြေဈေးတွေကြီးတာ တွေကိုထိန်းချုပ်ဖို့၊ ဒီလိုထိန်း ချုပ်တဲ့နေရာမှာလဲ တံဆိပ်ခေါင်း ခွန်တွေကို ကြပ်မတ်စွာဆောင် ရွက်ရမယ်''ဟု ပြောသည်။ မြန်မာနိုင်ငံ အိမ်ခြံမြေအ သင်းအတွင်းရေးမှူးဦးခင်မောင်အေး  က ''မဆလခေတ်တုန်းကတောင် ကုန်စည်ဈေးနှုန်းတွေကို တရားဝင် ထိန်းချုပ်ဖို့တွေတောင် မလုပ်နိုင် ခဲ့တာ အခုလိုမျိုး အိမ်ခြံမြေဈေး နှုန်းကို တရားဝင်ပုံသေသတ်မှတ် ဖို့ဆိုတာက မဖြစ်နိုင်ဘူး။ ဒီလို ပုံသေဈေးသတ်မှတ်ဖို့က မဖြစ် နိုင်ဘူး။ နိုင်ငံတကာမြေပေါက်ဈေး တွေနဲ့ သူတို့ဆီက နည်းပညာ တွေကိုလဲ လေ့လာမှအဆင်ပြေ မယ်''ဟု သုံးသပ်ပြောသည်။

သန်းနိုင်ဦး ၊ အောင်သူ (ဒေးဒရဲ)

Yangon Media Group 

Friday, August 23, 2013

တညင်းသီး အဆိပ်သင့်ခြင်း ဖြေစေ နိုင်သော သိကောင်းစရာဆေးမြီးတို


                         

                                   တညင်းသီး အဆိပ်သင့်ခြင်း (တညင်းတောက်ခြင်း) အတွက် သိကောင်းစရာ ဆေးမြီးတို
မြန်မာနိုင်ငံတွင် ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် တို့တွင် တညင်းသီးပင်များ အောင်မြင် ဖြစ်ထွန်း ကြပါသည်။
တညင်းသီးကို မေလဆန်းတွင် စတင် ခူးဆွတ် စားသုံးရပြီး သြဂုတ်လကုန်တွင် တညင်းသီးရာသီ ကုန်သွားပါသည်။ ရှမ်းပြည်နယ် အောင်ပန်းဒေသနှင့် ကချင်ပြည်နယ် မြစ်ကြီးနား ဒေသထွက် တညင်းသီးများမှာ အောက်တိုဘာ၊ နိုဝင်ဘာ လအထိ ရရှိကြောင်း သိရပါသည်။ တညင်းသီးကို နေရာဒေသ အသီးသီးတွင် ချက်ပြုတ်၍ နှစ်ခြိုက်စွာ စားသုံး ကြပါသည်။ တညင်းသီး အနုများကို အစိမ်းလိုက် ငါးပိရည်ဖြင့် တို့မြှုပ် စား၍သော် လည်းကောင်း၊ ဆားရေစိမ်၍ လည်းကောင်း၊ မီးဖုတ်၍ လည်းကောင်း၊ ပြုတ်ပြီး ထောင်းထု၍ ဝက်သား သုံးထပ်သားဖြင့် ဆီပြန်ချက်၍ သော် လည်းကောင်း၊ တညင်းသီး ရင့်မှည့်၍ စေးသော တညင်းသီးကို ပြုတ်ပြီး ထောင်းထုကာ အုန်းနို့ဆမ်း၍ သော် လည်း ကောင်း နည်းမျိုးစုံဖြင့် စားသောက်ကြသည်။ ထို့ပြင် တညင်းသီး အလုံးကြီးများကို ရေဖျန်း၍ တညင်းဝက်အဖြစ် အခြမ်းကြီး များ ဖြစ်လာအောင် တစ်လခန့် ထားပြီး တညင်းဝက် ခြမ်းများကို အစိမ်းလိုက် ငါးပိရည်ဖြင့် တို့မြှုပ်၍သော် လည်းကောင်း၊ ဆီနှင့်ကြော်၍ နူးအိလာမှ ငါးပိရည်ဖြင့် တို့မြှုပ်၍ သော်လည်းကောင်း စားသုံးကြသည်။
တညင်းသီးသည် စား၍ အရသာရှိသော်လည်း လွန်ကြူးအောင် စားသုံးလျှင် ကျောက်ကပ်ရောဂါ ဖြစ်ခြင်း၊ ဆီး မသွားနိုင်ခြင်း၊ သွေးတိုးခြင်း၊ ဆီးသွားလျှင် သွေးပါခြင်း၊ ခေါင်းမူး၍ မအီမသာ ဖြစ်ခြင်းတို့ကြောင့် သတိထား ဆင်ခြင်၍ စားသုံးရန် လိုအပ်ပါသည်။ ''တန်ဆေး လွန်ဘေး'' ဆိုသကဲ့သို့ စည်းကမ်းမဲ့စွာ စားသုံး ပါက အန္တရာယ် ရှိနိုင်ပါသည်။
ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် လိပ်သိုမြို့နယ်ခွဲ အတွင်းရှိ ကျောင်းကုန်းကျေးရွာမှ ဒေသခံ ကရင် အမျိုးသားကြီး တစ်ဦး၏ ပြောကြားချက် အရ တညင်းသီးကို အစားများလျှင် သော်လည်းကောင်း၊ အစိမ်း စားလိုက်၊ မီးဖုတ် စားလိုက်၊ ပြုတ်စားလိုက်နှင့် တစ်နေ့တည်း အမျိုးမျိုး လုပ်စားလျှင်သော် လည်းကောင်း တညင်းသီး အဆိပ်သင့်ခြင်း သို့မဟုတ် ဒေသအခေါ် (တညင်း တောက်ခြင်း)ကြောင့် ဆီးမသွားနိုင်ခြင်း၊ ဆီးသွား သွေးပါခြင်းများ ဖြစ်ပါက ဆေးမြီးတို အဖြစ် ကြက်တောင်ပံမွေးကို မီးမြှိုက်၍ရသော ပြာဖြင့် အရက် (မည်သည့် အရက်မဆို) ရော၍ သောက်ပါက ခဏနှင့် ပျောက်ကင်းကြောင်း သိရပါသည်။
နောက် တစ်နည်းမှာ တပ်မတော် အငြိမ်းစား (ဗိုလ်မှူးအဆင့်) အရာရှိ တစ်ဦး ပြောကြားသည်မှာ ''ကျွန်တော်တို့ ကရင်ပြည်နယ်ကို စစ်ဆင်ရေး ထွက်တုန်းက ကျွန်တော့် တပည့်တွေ တညင်းသီးကို ပြုတ်လိုက်၊ မီးဖုတ်လိုက်နဲ့ စားတာ များသွားတော့ တညင်းသီး အဆိပ်သင့်ပြီး ဆီးမသွားနိုင်ဘဲ အော်နေ ရတယ်။ ဒါနဲ့ ဒေသခံ တိုင်းရင်းသား တစ်ဦးက နာနတ်သီး ထိပ်ပိုင်း အဆူးနဲ့ အရွက်ချွန်ချွန်ကို ထောင်းထုပြီး သကြား အနည်းငယ်နဲ့ ရောတိုက်လိုက်တာ တစ်နာရီလောက်နဲ့ သက်သာ ပျောက်ကင်း သွားတယ်ဗျာ'' ဟု ပြောကြားကြောင်း သိရသည်။
သို့ဖြစ်ရာ တညင်းသီး အဆိပ်သင့်ခြင်း (တညင်းတောက်ခြင်း) ဖြစ်ပါက အထက်ပါ ဆေးမြီးတိုများဖြင့် ကုသ ပျောက် vကင်း နိုင်ကြောင်း ရေးသား တင်ပြ အပ်ပါသည်။    ။
ဆောင်းပါးရှင် (တောင်ငူ- ဒေးဒေးဖိုး)
မြ၀တီ

ဒေါ်အောင်ဆန်းစုကြည် က လူနည်းစုဆန္ဒကို လေးစားဖို့ တိုက်တွန်း

                        

ဒီမိုကရေစီရဲ့ အနှစ်သာရဟာ အများရဲ့ဆုံးဖြတ်ချက်နဲ့ ဆန္ဒအတိုင်း လုပ်ကိုင်ဆောင်ရွက်ရတာဆိုပေမယ့်၊ လူနည်းစုရဲ့ ဆန္ဒတွေကိုလည်း လေးစားတန်ဖိုးထားရမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

ဒီကနေ့ ပြည်ထောင်စု လွှတ်တော်ကို လာရောက်လေ့လာတဲ့ ရန်ကုန်တိုင်း သာကေတမြို့နယ်နဲ့ မင်္ဂလာတောင်ညွန့်မြို့နယ်တွေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( NLD ) ပါတီဝင်တွေနဲ့ တွေ့ဆုံစဉ်မှာ ပြောကြားခဲ့တာပါ။

ဒါ့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဟာ ဒီမိုကရေစီအရေးနဲ့ အမျိုးသားရေးကို အခြေခံထားတဲ့ ပါတီအဖွဲ့အစည်းဖြစ်တဲ့အတွက် ဒီမိုကရေစီ အခြေခံလုပ်ပုံလုပ်နည်းတွေနဲ့ ဆက်သွားဖို့ လိုအပ်တယ်လို့လည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

အခုနှစ်ပိုင်းအတွင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( NLD ) ပါတီဝင်တွေဟာ လွှတ်တော်ကို မကြာခဏ လာရောက်လေ့လာနေကြပါတယ်။

RFA Burmese 

စာရေးဆရာကြီး ဒဂုန်တာရာ ဈာပနအတွက် သမ္မတ ဦးသိန်းစိန် ငွေလှူ

                             

စာရေးဆရာကြီး ဒဂုန်တာရာရဲ့ ဈာပနအခမ်းအနား အလှူငွေအဖြစ် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မနေ့ညပိုင်းက အလှူငွေ နှစ်သိန်း ပေးအပ်လှူဒါန်းခဲ့ပါတယ်။

အခုလို သမ္မတ ဦးသိန်းစိန် အလှူငွေပေးအပ်ခဲ့တာနဲ့ ပတ်သက်ပြီး ဈာပနအခမ်းအနား ကော်မတီအဖွဲ့ဝင် ဒေါ်မြင့်မြင့်စိန်က RFA ကို အခုလိုပြောပါတယ်။

“နိုင်ငံတော် သမ္မတကြီးကနေပြီးတော့ အလှူပါဝင်ထည့်မယ်လို့ ကျမတို့ဆီကို ညနေပိုင်း သတင်းရောက်လာပါတယ်၊ နောက်သိပ်မကြာခင်ပဲပေါ့ အောင်ပန်းမြို့က စည်ပင်သာယာ ဥက္ကဌနဲ့ ကလောမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ရောက်လာပါတယ်၊ ရောက်လာပြီးတော့ နိုင်ငံတော် သမ္မတကြီးကနေပြီးတော့ အလှူငွေနှစ်သိန်း၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ်ကနေပြီးတော့ ၁ သိန်း လာရောက်ပေးအပ်သွားပါတယ်”

ဆရာကြီး ဒဂုန်တာရာရဲ့ ဈာပနအခမ်းနားကို အောင်ပန်းမြို့မှာ မြန်မာနိုင်ငံနေရာအနှံ့က ကဗျာဆရာတွေ၊ စာရေးဆရာတွေက ဦးဆောင်ပြီး မနေ့ကကျင်းပခဲ့ပါတယ်။

အသက် ၉၅ နှစ်အရွယ် ဦးဌေးမြိုင် ခေါ် စာရေးဆရာကြီး ဒဂုန်တာရာဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၁၉ ရက်နေ့က ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့နေအိမ်မှာ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။

RFA Burmese 

သမဝါယမ ဝန်ကြီးဌာန က တရုတ်ဆီငွေချေးဖို့ အစီအစဉ်ကို လွှတ်တော်ကန့်ကွက်

                          

သမဝါယမ ဝန်ကြီးဌာန အနေနဲ့ တရုတ်နိုင်ငံဆီကနေ အမေရိကန် ဒေါ်လာသန်း ၁၀၀ ချေးယူပြီး ပြည်တွင်းမှာ အသေးစားချေးငွေ လုပ်ငန်းတွေ လုပ်ကိုင်မယ့် အစီအစဉ်ကို ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် တွေက ကန့်ကွက်ခဲ့တယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံဆီကနေ အတိုးနှုန်း ၄.၅ ရာခိုင်နှုန်း၊ ဝန်ဆောင်မှု ၁ ရာခိုင်နှုန်းနဲ့ ဒေါ်လာ သန်း ၁၀၀ ချေးယူပြီး ဆင်းရဲမွဲတွေမှု ပပျောက်ရေးအတွက် ငွေချေးလုပ်ငန်းတွေ လုပ်ဆောင်မယ့် အစီအစဉ်အပေါ် ကန့်ကွက်တာ ဖြစ်တဲ့အကြောင်း လှည်းကူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက ယခုလိုပြောပါတယ်။

“အဲဒီရတဲ့ငွေကို သမဝါယမ ဝန်ကြီးဌာနကနေ အသုံးပြုမယ်ဆိုတော့ အစ်ကိုတို့က တော်တော်ကို စိတ်ပူပါတယ်။ သမဝါယမ ဝန်ကြီးဌာနက ဘယ်တော့မှ မအောင်မြင်ခဲ့ပါဘူး။ ပြည်သူလူထု ဘဝမြှင့်တင်ဖို့ ဆင်ရဲမွဲတွေမှု ပပျောက်ဖို့ ချေးငွေတွေ တစ်သိန်း လောက်စီ ချေးပေမယ်ဆိုတဲ့ အခြေအနေတွေက ဝမ်းသာစရာကောင်းပါတယ်။ ဒါပေမယ့် တစ်ကယ်လက်တွေ့ ဆောင်ရွက်ပြီး ပုံဖော်မယ့် Performance လုပ်မယ့် ဝန်ကြီးဌာနအပေါ်မှာ အစ်ကိုတို့က သံသယ ရှိတယ်”

၎.၅ ရာခိုင်နှုန်းနဲ့ အတိုးနှုန်းပေးရမယ်ဆိုတာကလည်း မြင့်မားလွန်းနေပြီး တစ်ခြားနိုင်ငံတွေရဲ့ ချေးငွေ အကူအညီဟာ အတိုးနှုန်းထား ၁ ရာခိုင်နှုန်းရဲ့ အောက်မှာပဲရှိတယ်လို့လည်း ဆိုပါတယ်။

ပြည်တွင်း အသေးစားချေးငွေလုပ်ငန်းအတွက် ဝန်ကြီးဌာန ဆောင်ရွက်ရမယ့် အပိုင်းတွေကို အောက်တိုဘာလအတွင်း ပြုလုပ်မယ့် လွှတ်တော်မှာ ထပ်မံ ဆွေးနွေးသွားဖို့ရှိတဲ့အကြောင်း ဦးဖြိုးမင်းသိန်းက ပြောပြခဲ့တယ်လို့ ရေဒီယိုသြစတြေးလျ သတင်းထောက် စူးရှက သတင်းပေးပို့ခဲ့ပါတယ်။

ABC Radio Australia 

အကြမ်းဖက်သမားတစ်စု ဝင်လာနေတယ်ဆိုတဲ့ သတင်းတွေကြောင့် ပခုက္ကူမြို့မှာ လူဝင်လူထွက် ကြပ်မတ်စစ်ဆေး

                                        
                      
မကွေးတိုင်း ပခုက္ကူမြို့ဘက်ကို ဖေါက်ခွဲရေး အကြမ်းဖက်သမားတစ်စု ဝင်လာနေတယ်ဆိုတဲ့ သတင်းတွေကြောင့် မြို့ဝင်မြို့ထွက်တွေမှာ ခရီးသွားတွေကို စစ်ဆေးနေသလို၊ မြို့တွင်းမှာလဲ ရှောင်တခင် စစ်ဆေးတာတွေ ရှိနေတယ်လို့ သတင်းရရှိပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ မြို့ခံတစ်ဦးက RFA ကို အခုလိုပြောပါတယ်။

“ကြားတာကတော့ အကြမ်းဖက်သူ ၁၁ ယောက် မြန်မာပြည်ထဲကို ဝင်လာတဲ့သတင်းအရ လုံခြုံရေးစိစစ်တယ်ဆိုတဲ့ ပုံစံမျိုးကြားရတယ်၊ အပြင်မှာတော့ အများပြည်သူလန့်မှာစိုးလို့ မကြားရသေးဘူး၊ ကျနော်လည်း နီးစပ်ရာတစ်ခုကနေပြီးကြားရတာ၊ မြို့အဝင်အထွက်တွေမှာ မှတ်ပုံတင်စစ်တယ်၊ တံတားအဝင်အထွက်တွေမှာ မိုင်းရှာဖွေရေးကိရိယာနဲ့ စစ်တဲ့အထိတောင်လုပ်တယ်၊ ရဲကင်းလှည့်တာတွေကတော့ အကွက်စိတ်လေးတွေတွေ့ရတာပေါ့၊ မြို့ဝင်မြို့ထွက်တွေမှာ ခရီးသည်တွေ မှတ်ပုံတင်ယူဆောင်ကြဖို့ တစ်ယောက်နဲ့ တစ်ယောက် ပြောပေးကြတယ်”

အခုလိုစစ်ဆေးတာဟာ ပခုက္ကူမြို့တစ်မြို့ထဲမှာ ထူးခြားမှုရှိလို့ ဆောင်ရွက်တာမဟုတ်ဘဲ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လုံခြုံရေးအရ ပခုက္ကူမှာလည်း ဆောင်ရွက်တာဖြစ်တဲ့အကြောင်းနဲ့ တစ်စုံတရာ ထူးခြားချက်တွေ့ရင် ပြည်သူတွေလည်း ပူးပေါင်းကြဖို့လိုတဲ့အကြောင်း ပခုက္ကူရဲစခန်း တာဝန်ကျအရာရှိတစ်ဦးက ပြောပါတယ်။

ပခုက္ကူမြို့ဟာ ဧရာဝတီမြစ်နဲ့ ချင်းတွင်းမြစ်ဆုံအနားမှာ တည်ရှိပါတယ်။ အခုလို သတင်းတွေဖြစ်ပေါ်လို့ စစ်ဆေးနေတာ ၃ - ၄ ရက်လောက်ရှိပြီလို့လည်း သိရပါတယ်။
RFA Burmese                

ဘင်္ဂါလီ ၅၃ ဦး ပုသိမ်ခရိုင် ငရုပ်ကောင်းမြို့နယ်ခွဲတွင်ဖမ်းဆီးရမိ

                          

ပုသိမ် ၊ သြဂုတ် ၂၂ ။               ။ ငရုပ်ကောင်း မြို့နယ်ခွဲတွင် ဩဂုတ် ၁၉ရက် ညနေ ၆နာရီခန့်က ဘင်္ဂါလီလူမျိုး ၅၃ဦးကို ဖမ်းဆီးရမိခဲ့သည်ဟုသိ ရသည်။ ပုသိမ်ခရိုင် ငရုပ်ကောင်းမြို့ နယ်ခွဲ နံ့သာပုကျေးရွာအုပ်စု ဂေါ် ရန်ဂျီကျွန်းနှင့် ကိုက် ၃ဝဝခန့် အ ကွာ ကုလားမချိုင်အနီး ပင်လယ် ထဲတွင်တွေ့ရှိရသည့် အနက်ရောင် စက်လှေတစ်စီးမှ ဘင်္ဂါလီလူမျိုး ၅၃ဦးကို နယ်မြေခံရဲစခန်းမှူးနှင့် အဖွဲ့၊ မြို့နယ် လဝကဦးစီးအရာ ရှိနှင့်အဖွဲ့၊ မြို့နယ်အုပ်ချုပ်ရေးမှူး နှင့်အဖွဲ့တို့မှပူးပေါင်း၍ နံ့သာပု ကျေးရွာစာကြည့်တိုက်သို့ခေါ် ယူကာ စစ်ဆေးခဲ့သည်ဟု ဒေသ ခံများ၏ပြောပြချက်အရ သိရ သည်။

၎င်းဘင်္ဂါလီ ၅၃ဦးကို စက် လှေပေါ်မှ ရေထဲသို့ကန်ချခံရပြီး ကမ်းခြေသို့ ကူးခတ်ရောက်ရှိလာ ခြင်းဖြစ်သည်ဟု ရွာသားများ၏ ပြောပြချက်အရ သိရသည်။ ပွဲစား ဒူလ်အာလောင်မှ ဘင်္ဂါလီတစ်ဦးလျှင် မြန်မာငွေ ကျပ်နှစ်သိန်းနှုန်းရယူကာ မလေး ရှားနိုင်ငံသို့ ပို့ဆောင်ပေးရန်အ တွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၃၅ ဦးကို စစ်တကောင်းမြို့ဘက်မှခေါ် ယူလာခဲ့ပြီးနောက် မောင်တော မြို့နယ် နယ်မြေ(၅) ရွက်ညိုတောင် မှ ဘင်္ဂါလီ ၁ရဦးအား ထပ်မံတင် ဆောင်၍ မလေးရှားနိုင်ငံသို့သွား ရောက်ခဲ့သည်ဟု ဖမ်းဆီးရမိသူ များက ပြောပြသည်။

ဩဂုတ် ၂၁ရက်နံနက်တွင် ငရုပ်ကောင်းမြို့နယ်ခွဲမှ ဖမ်းမိ ထားသည့် ဘင်္ဂါလီ၅၃ဦးကို ပုသိမ် မြို့ အမှတ်(၄)ရပ်ကွက် ကမ်းနား လမ်းဗလီတွင် ထားရှိမည်ဟုဆို ကာ သတင်းများထွက်ပေါ်ခဲ့သော် လည်း အဆိုပါဘင်္ဂါလီ ၅၃ဦးအား တင်ဆောင် လာသည့် ကားမှာ ပု သိမ်-မော်တင်ကားလမ်းမှ ငပု တောမြို့နယ်နှင့် ပုသိမ်မြို့နယ် စပ်ဆုံရာ မဏ္ဍပ်ကျေးရွာအနီးအ ရောက် ညနေ ၄နာရီ ၅၅မိနစ် တွင် အဆိုပါဘင်္ဂါလီများကို ငရုပ် ကောင်းမြို့သို့တာ ဝန်ရှိသူများက ပြန်လည် ခေါ်ဆောင် သွားသည် ဟုသိရပြီး ယနေ့နံနက် ၁ဝနာရီ ခန့်က ငပုတောမြို့နယ် ဟိုင်းကြီး ကျွန်းမြို့နယ်ခွဲ လိပ်ကျွန်းတွင် ဘင်္ဂါလီလူမျိုး ၂၇၄ဦးရောက်ရှိနေ ကြောင်း ကြားသိရ၍ ဟိုင်းကြီးရေ တပ်နှင့် တာဝန်ရှိသူများက သွား ရောက်ခေါ် ဆောင်သည် ဟု သိရ သည်။ လိပ်ကျွန်းတွင်ရောက်ရှိ နေသည့် ဘင်္ဂါလီလူမျိုး ၂၇၄ဦး မှာ သီးသန့်စက်လှေတစ်စီးဖြင့် မလေး၊ ထိုင်းနိုင်ငံများသို့ ထွက် ခွာရင်း စက်လှေကွဲ၍လိပ်ကျွန်း တွင် ဆိုက်ကပ်ခြင်းဖြစ်သည်ဟု သိရသည်။

စိုးမိုး

Thursday, August 22, 2013

Myket android market freedownload

                           
မင်္ဂလာပါခင်ဗျာ တော်ဝင်သစ္စာမိသားစုမှကြိုဆိုပါတယ် Google app store မပါတဲ့ မိတ်ဆွေသူငယ်ချင်းများ အတွက် App store ကဲ့သို. ဂိမ်းကဲ့သို. သော App များကို freedownload ယူနိုင်သော မားကတ် တစ်ခု နဲ.မိတ်ဆက်ပေးပါရစေ ကျွန်တော် တို.မိတ်ဆွေ များနှင့်သူငယ်ချင်းများတို.မှာ တချို.ဖုန်းတွေမှာ လို play store မပါ ၀င်လို အပ်ဒိပ်ဖြစ်တဲ့ အပ်တွေရယ် ဂိမ်းတွေရယ် မဒေါင်းရ လို.စိတ်ညစ် နေတဲ့ မိတ်ဆွေသူငယ်ချင်းများအတွက် ဒီ myket လေးက ကူညီပေးပါလိမ်မယ် တော်တော်လေးကိုသုံးရတာအဆင်ပြေတာကိုတွေ.ပါလိမ့်မယ် တစ်ခုတော့ရှိပါတယ် ဒေါင်းပြီးရင် စသုံးတဲ့အခါ ဘာသာစားက အင်္ဂလိပ် စကားမဟုတ်တဲ့ဘာ မှန်းမသိအောင်ဖြစ်နေပါလိမ့်မယ်
ဒါအတွက်စိတ်မပူ ပါနဲ. အရင် App ကို ဖွင့်လိုက်ပါ ပြီင်္းတော့ မိမိဖုန်းမှာရှိတဲ့ Menu ကို နှိပ်ပါ အဲဒီထဲက စက်သွားပုံစံ ( ခွေးသွားစိတ် ) လေးဟာ setting  ပါ ဘဲ အဲဒီထဲကို ၀င်လိုက်ပါ အပေါ်ဆုံးက စာကြောင်းလေးကို နှိပ် ပါ  အဲဒီစာကြောင်းလေးထဲက အပေါ် က စာကိုနှိပ်ပေး လိုက်ရင် ရပါပြီ ခန တော့စောင့် ပါ အင်္ဂလိပ် လိုပေါ် လာပါလိမ့် မယ် ကဲဒေါင်းကြရအောင်ခင်ဗျာ
အသုံးပြုချင်ရင်တော့အောက်ကလင့်ခ်မှာဒေါင်းပါ

                အသုံးပြုချင်ရင်ဒီနေရာမှာ DOWNLOAD ဒေါင်းပါ 

တန်ဖိုးနည်း ငွေကျပ် ၁၅ဝဝ တန် ဆင်းကတ်များရက်ပိုင်းအတွင်း ရောင်းချပေးမည်


                 

ဆက်သွယ်ရေး သတင်း အချက်အလက်နှင့် နည်းပညာ ဝန်ကြီးဌာန မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ရောင်းချ ပေးနေသည့် တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်း များကို ပြည်သူများ ကြားတွင် လိုအပ်နေသေးသည့် အတွက် ထပ်မံကာ(၅) ကြိမ်မြောက် အဖြစ် ယခုရက်ပိုင်း အတွင်း ရောင်းချပေး သွားမည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ထုတ်ပြန်ခဲ့သည်။

ပြည်သူများ ကြားတွင် လိုအပ်နေသည့် တယ်လီဖုန်း လိုင်းအင်အားများကို တိုးမြှင့်တပ်ဆင် ပေးနိုင်ရန် အတွက် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သြဂုတ် ၂၃ ရက်တွင် ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့များ၏ အစီအစဉ်ဖြင့် တယ်လီဖုန်း ခေါ်ဆိုခ ငွေကျပ် ၃ဝဝ ကြိုတင် ပေးသွင်းထားသည့် CDMA 800 MHz (MEC) မိုဘိုင်းလ်ဖုန်း တစ်သိန်းခွဲနှင့် GSM မိုဘိုင်းလ်ဖုန်း နှစ်သိန်းတစ်သောင်း စုစုပေါင်း မိုဘိုင်းလ်ဖုန်း သုံးသိန်း ခြောက်သောင်းကို ဆင်းကတ် တစ်ခုအတွက် ငွေကျပ် ၁၅ဝဝ နှုန်းဖြင့် ဖြန့်ဖြူးရောင်းချ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ထိုကဲ့သို့ ရောင်းချပေးရာတွင် ပြည်နယ်အလိုက် ခွဲတမ်းအနေဖြင့် ရန်ကုန်တိုင်း ဒေသကြီး၌ ငွေကျပ် ၁၅ဝဝ တန် ဖိုးနည်းဖုန်းများ ဖြစ်သည့် CDMA 800 MHz (MEC) မိုဘိုင်းလ်ဖုန်း တစ်သောင်း သုံးထောင့်ရှစ်ရာနှင့် GSM မိုဘိုင်းလ်ဖုန်း ငါးသောင်း ခြောက်ထောင် ရရှိမည်ဖြစ် သည့်အတွက် ဖုန်းနှစ်မျိုးပေါင်း ၆၉၈ဝဝ ခွဲတမ်း ရရှိမည် ဖြစ်သည်။

နေပြည်တော်တွင် တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်း ခွဲတမ်းအနေဖြင့် CDMA 800 MHz (MEC) ၁၁၅ဝဝ နှင့် GSM မိုဘိုင်းလ်ဖုန်း ၁၅ဝဝဝ ဖြန့်ဖြူးရောင်းချ ပေးသွားမည် ဖြစ်သည့်အတွက် တန်ဖိုးနည်းဖုန်း ခွဲတမ်း အနေဖြင့် စုစုပေါင်း အလုံးရေ ၂၆၅ဝဝ ရရှိမည် ဖြစ်သည်။

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းသည် ဧပြီလမှ စတင်၍ တန်ဖိုးနည်း ဖုန်းများကို စတင်ရောင်း ချပေးခဲ့သည်။ စတင်ရောင်းချ ပေးစဉ်အချိန်တွင် ငွေကျပ် ၁၅ဝဝ တန် တန်ဖိုးနည်း ဆင်းကတ် အလုံးရေ သုံးသိန်း ငါးသောင်းကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လစဉ် ရောင်းချပေးခဲ့သည်။

ထိုသို့ ရောင်းချပေးခဲ့သည့် ငွေကျပ် ၁၅ဝဝ တန် ဆင်းကတ် အရေအတွက်မှာ ၁ ဒသမ ၄ သန်းအထိ ရှိခဲ့သည့်အတွက် ယခင်ရောင်းချ ပေးထားသည့် ငွေကျပ် ၁၅ သိန်းတန် ဖုန်းများနှင့် ငွေကျပ်နှစ်သိန်း တန်ဖုန်းများ ပေါင်းပါက စုစုပေါင်း ၅ ဒသမ ၂ သန်းကျော်အထိ ရှိသွားပြီဖြစ်ကြောင်း ထုန်ပြန်ချက်အရ သိရသည်။

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း အနေဖြင့် တစ်နိုင်ငံလုံး ရောင်းချပေးခဲ့ပြီး ဖြစ်သည့် ဖုန်းအရေ အတွက်များနှင့် နိုင်ငံအတွင်းရှိ အိမ်ထောင်စု ၈ ဒသမ ၇ သန်းကျော်ကို အချိုးကျ တွက်ချက် ကြည့်ပါက အိမ်ထောင်စု ၁ ဒသမ ၇ စုလျှင် မိုဘိုင်းလ်ဖုန်း တစ်လုံး ရရှိနိုင်မည် ဖြစ်သော် လည်း လက်ရှိ အချိန်တွင် အိမ်ထောင်စုတိုင်း မိုဘိုင်းလ်ဖုန်း သုံးစွဲရန် လိုအပ်နေလျက် ရှိကြောင်း စိစစ်တွေ့ရှိ ရသဖြင့် အိမ်ထောင်စု တိုင်းအတွက် မိုဘိုင်းလ်ဖုန်း ပိုမိုသုံးစွဲခွင့် ရရှိရန် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်သည်။

တန်ဖိုးနည်း ဖုန်းများမှာ ကတ်ဝယ်ယူ ထားသည့်နေ့မှစ၍ ၁၅ ရက်အတွင်း တယ်လီဖုန်း ဆင်းကတ်တွင် မူလထည့်သွင်း ပေးထားသည့် တယ်လီဖုန်း ခေါ်ဆိုခ ငွေကျပ် ၃ဝဝ မကုန်မီ တယ်လီဖုန်း သုံးစွဲသူသည် အနည်းဆုံး ငွေကျပ် ၅ဝဝဝ တန် ကြိုတင်ငွေ ဖြည့်ကတ်ဖြင့် ငွေဖြည့် သုံးစွဲရမည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သတင်းထုတ်ပြန် ထားသည်။

ဆင်းကတ်ကို အခြားသူ တစ်ဦးဦးသို့ လက်ဆင့်ကမ်း ရောင်းချခြင်းမှ ကာကွယ်ရန် အတွက် ၁၅ ရက် အတွင်း အသုံးပြုခြင်း မရှိပါက အဆိုပါ ဖုန်းကတ်သည် အလိုအလျောက် လိုင်းပိတ် သွားမည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ထုတ်ပြန်ထားသည်။

ယင်းတန်ဖိုးနည်း မိုဘိုင်းလ်ဖုန်းများကို လစဉ်ကြိုတင် ငွေဖြည့်ကတ်ဖြင့် ပြောဆိုခ ငွေကျပ် ၂၅ဝဝ အနည်းဆုံး သုံးစွဲရန် သတ်မှတ်ထားပြီး ဖြစ်၍ နှစ်လပြည့် သော်လည်း ကြိုတင်ငွေ ဖြည့်ကတ်မှ ငွေကျပ် ၅ဝဝဝ ကို အပြည့် မသုံးစွဲပါက အလိုအလျောက် ငွေကျပ် ၅ဝဝဝ ပြည့်သည်အထိ ဖြတ်တောက် သွားမည် ဖြစ်ကြောင်း၊ ဖြည့်သွင်းထားသော ငွေကုန်ဆုံးပြီး နောက် ၁၅ ရက်အတွင်း ငွေထပ်မံ ဖြည့်သွင်းခြင်း မရှိပါက အဆိုပါ ဖုန်းကတ်သည် အလိုအလျောက် လိုင်းပိတ်သွားမည် ဖြစ်ကြောင်း သိရသည်။

ကံထူး

မြ၀တီ 

စာနယ်ဇင်း မီဒီယာ ဥပဒေကြမ်း နဲ့ လွှတ်တော်အဆုံးအဖြတ်


                            

မြန်မာ အစိုးရ ပြန်ကြားရေး ဝန်ကြီးဌာန နဲ့ စာနယ်ဇင်း ကောင်စီ (ယာယီ) တို့ အကြား အငြင်းပွား နေကြတဲ့ သတင်းမီဒီယာ ဥပဒေကြမ်း နဲ့ ပတ်သက်ပြီး နှစ်ဘက်ညှိနှိုင်း ခဲ့ရာမှာ သဘောတူညီမှု အတော်များများ ရခဲ့ကြောင်း အစိုးရ သတင်းစဉ် မှာ ဖေါ်ပြခဲ့ပါတယ်။ ကွဲလွဲဆဲ အချက် ၃ ခု ကိုတော့ လွှတ်တော် ရဲ့ အဆုံးအဖြတ် ရယူရမှာပါ။

ပြေလည်မှု ရသွားတဲ့ အချက် ၁၄ ချက် က ဘယ်အချက် ဆိုတာရယ်၊ သဘောထား ကွဲလွဲတဲ့ အချက် ကိုပါ နှစ်ဘက်စလုံး ထုတ်ဖေါ် ပြောခြင်း မရှိပါဘူး။ ဒါပေမယ့် ဘီဘီစီ က စုံစမ်း သိရှိချက် အရ ပုံနှိပ်ထုတ်ဝေသူတွေ မှတ်ပုံတင်ရေး ကိစ္စ၊ အများပြည်သူ အကျိုးစီးပွား ဆိုတဲ့ စကားရပ် အပေါ် အဓိပ0x081ပါယ် ဖွင့်ဆိုပုံ ကွဲလွဲချက်၊ သတင်းမီဒီယာ ဥပဒေဟာ သတင်းမီဒီယာ လုပ်ငန်းကြီး တခုလုံး နဲ့ မဆိုင်ဘဲ၊ သတင်းမီဒီယာ သမားတွေ နဲ့ဘဲ သက်ဆိုင် တဲ့ ဥပဒေ အဖြစ် အစိုးရ ဘက် က စကားလုံး ပြင်စေချင်တာ ဖြစ်ကြောင်း ဒီလုပ်ငန်းစဉ် ကို ထဲထဲဝင်ဝင် သိသူက ပြောပါတယ်။

စာနယ်ဇင်း ကောင်စီ (ယာယီ) အဖွဲ့ရဲ့ အတွင်းရေးမှူး ကိုကျော်မင်းဆွေ ကတော့ သတင်းမီဒီယာ ဥပဒေ ကို လွှတ်တော် မှာ အတည်ပြုဖို့ ဆွေးနွေးကြတဲ့ အခါမှာ သူတို့ဘက် က အသာ ရလိမ့်မယ် လို့ မျှော်လင့်ကြောင်း ဘီဘီစီ ကို ပြောပါတယ်။ အမျိုးသား လွှတ်တော် ကလည်း စာနယ်ဇင်း ကောင်စီ (ယာယီ) အဖွဲ့ က မလိုလားတဲ့ ဥပဒေ ကို ဖြုတ်ပစ် လို့ သူတို့ဘက်က တင်တဲ့ ဥပဒေ ဟာ သူတို့ဘက်မှာ ရှိကြောင်း ကိုကျော်မင်းဆွေ က ရှင်းပြပါတယ်။

ပြန်ကြားရေး ဒုတိယ ဝန်ကြီး ဦးရဲထွဋ် ကတော့ လွှတ်တော် ဘက် က မေးလာရင် သူတို့ရဲ့ အမြင် ကို ပြောပြပြီး လွှတ်တော် ရဲ့ အဆုံးအဖြတ်သာ အရေးကြီး ကြောင်း ပြောပါတယ်။ အစိုးရ အနေနဲ့ စည်းကမ်းမဲ့ ရေးသားချက်တွေ၊ ကို ထိန်းချုပ်နိုင် ဖို့ ဥပဒေ မှာ ထည့်သွင်း ပြဌာန်းဖို့ လိုတယ် ဆိုတဲ့ အမြင်မျိုး ရှိနေတာ လည်း တွေ့ရပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

LinkWithin

Related Posts Plugin for WordPress, Blogger...