Thursday, March 28, 2013

ဖုန်းထဲကနေ gmail ကို အသုံးပြုဖို့ Gmail 2.3


Group ထဲမှာ တောင်းထားတာတွေ့လို့တင်ပေးလိုက်ပါတယ်။
g-mail အကောင့်ကို မိမိဖုန်းထဲကနေ mail စစ်ချင်၊mail ဖတ်ချင်သူများအတွက်ပါ။
ဖုန်းထဲကနေလဲ email ပို့လို့ရပါတယ်။
email အသစ်ဝင်လာတိုင်းလဲ notification တတ်လာပြီး သတိပေးမှာဖြစ်ပါတယ်။

အကောင့် နှစ်ခု သုံးခုလဲ တစ်ပြိုင်တည်း ထည့်ထားပြီးသုံးလို့ရပါတယ်။
လုပ်ဆောင်ပုံအဆင့်ဆင့်ကိုလဲ ပြောပြသွားပါမယ်။
ဒီ application လေးကို ဖုန်းထဲမှာ သုံးနိုင်ဖို့ Android version 2.3 နှင့်အထက်ရှိရပါမယ်။
ဖိုဒ်ဆိုဒ်ကတော့-1.55 MB ရှိပါတယ်။
ပထမဦးဆုံး Gmail2.3.apk ကို အောက်ပါ လင့်ကနေ ဒေါင်းလိုက်ပါ။

Gmail Application ကိုဒေါင်းရန်>>>

ဒီမှာနှိပ်ပါ

အသုံးပြုချင်ရင်ဒီနေရာမှာဒေါင်းပါ

ပြီးရင် အောက်မှာပြထားတဲ့အဆင့်တွေအတိုင်းလုပ်ပါ။

၁။ မိမိရဲ့ အီးမေးလ်လိပ်စာရယ် password ကိုဖြည့်ပါ။


၂။အကောင့်နာမည်ရယ် password ရယ် မှန်သွားပြီဆိုရင်ဒီလိုပေါ်လာပါလိမ့်မယ်။


၃။ဒါဆို မိမိ အီးမေးလ်အကောင့်ထဲက နောက်ဆုံးရောက်ထားတဲ့ Mailတွေကို စစ်နေပါပြီ။


၎။ဒါဆိုရင်တော့ မိမိ အီးမေးလ်ထဲကို ဖုန်းကဆင့် ၀င်ရောက်လို့ ပြီးသွားပါပြီ။

Kaspersky Mobile Security v9.10.125 for Android





Android ဖုန်းတွေအတွက် Kaspersky Mobile Security v9.10.125 for Android ကိုတင်ပေးလိုက်ပါတယ်။ ဖုန်းရဲ့ Security ပိုင်းဆိုင်ရာကိုအပြည့်အ၀အကာအကွယ်ပေးမယ့် app လေးပါ။ virus , malware တွေနဲ့ မ၀င်စေချင်တဲ့ဖုန်း call များ ၊ message များ ကိုပိတ်ပေးထားနိုင်သလို ၊ virus ဟုမင်္သကာဖွယ်ရာ application များကိုဖယ်ရှားရှင်းလင်းပေးနိုင်ပါတယ်။ ဒီဆော့ဝဲလေးကို Google Play မှာ ၄.၉၅ ဒေါ်လာနဲ့ဝယ်ယူရရှိနိုင်ပြီး Myanmar Mobile Application Store မှာတော့ freedownload ရယူနိုင်ပါတယ်။
Kaspersky Mobile Security v9.10.125 for Android အားရယူရန်
 အသုံးပြုချင်ရင်ဒီနေရာမှာဒေါင်းပါ

DroidSheep v15 for Android



Android ဖုန်း/Tablet ကိုအသုံးပြုပြီး Wifi ကွန်ရက်တစ်ခုအတွင်းမှာ ကိုယ်နဲ့အတူတူအင်တာနက်အသုံးပြုနေကြတဲ့သူတွေရဲ့ facebook , gmail ,twitter စတဲ့ account တွေကိုဝင်ရောက်ကြည့်ရှုနိုင်မယ့်ဆော့ဝဲလေးပါ။ စူပါမားကတ်တွေနဲ့ အခြား Pulic Wifi ကွန်ရက်တွေမှာ အင်တာနက်အသုံးပြုနေသူတွေ တခြားအသုံးပြုသူတွေကို လှမ်းကလိနိုင်မယ့် application လေးပါ။ ကိုယ်က အခြားသူအကောင့်ကိုဝင်ရောက်ကြည့်ရှုနေချိန်မှာ အဲဒီမူရင်းအကောင့်ပိုင်ရှင်က သူ့ကွန်ပျူတာ ဒါမှမဟုတ်ဖုန်းကနေ facebook ကို logout လုပ်သွားပြီဆိုရင်တော့ ကိုယ့်ဆီမှာလည်းကြည့်ရှုလို့ရတော့မှာမဟုတ်ပါဘူး။ သူ logout မလုပ်သရွှေ့ သူ့အကောင့်ကိုကြိုက်သလိုဝင်ရောက်ကြည့်ရှု ပြင်ဆင်နိုင်မှာဖြစ်ပါတယ်။ လေ့လာရန်အတွက်သာတင်ပေးခြင်းဖြစ်ပါတယ်။ လိုချင်သူများအောက်ကကြိုက်နှစ်သက်ရာ link ကနေရယူနိုင်ပါတယ်။ ကိုယ့်ဖုန်းနဲ့ကိုက်မယ့် ဖိုင်ကိုရွေးချယ်ရယူပါ။

အသုံးပြုချင်ရင်ဒီနေရာမှာဒေါင်းပါ

DroidSheep v14 for Android အားရယူရန်

Wifi Kill v1.7 for Android


(သိရှိထားမှသာ ကာကွယ်နိုင်မည်ဖြစ်သည်။ လေ့လာရန်သာတင်ပေးခြင်းဖြစ်သည်။)
Wifi ကွန်ရက်တစ်ခုအတွင်းမှာ ကိုယ်နဲ့အတူတူအင်တာနက်အသုံးပြုနေကြတဲ့ ကွန်ပျူတာနဲ့ အခြားအင်တာနက်သုံးလို့ရတဲ့ Device တွေကို အင်တာနက်သုံးလို့မရအောင် ကိုယ့်ရဲ့ Android ဖုန်းကနေ လှမ်းပြီးပိတ်လို့ရတဲ့ Android ဆော့ဝဲလေးဖြစ်ပါတယ်။ စူပါမားကတ်တွေနဲ့ အခြား Pulic Wifi ကွန်ရက်တွေမှာ အင်တာနက်အသုံးပြုနေသူတွေ တခြားအသုံးပြုသူတွေကို လှမ်းကလိနိုင်မယ့် application လေးပါ။ ဒီဆော့ဝဲလေးကိုအသုံးပြုဖို့ မိမိရဲ့ Android ဖုန်း/Tablet က root လုပ်ထားဖို့လိုပါတယ်။ လေ့လာဖို့တင်ပေးခြင်းသာဖြစ်ပါတယ်။ လိုချင်သူများအောက်က link မှာရယူနိုင်ပါတယ်။
Wifi Kill v1.7 for Android အားရယူရန်

 အသုံးပြုချင်ရင်ဒီမှာဒေါင်းပါ

Advanced Mobile Care 3.0 for android (latest version)


Published On: Thu, Mar 28th, 2013
weffsdf

serfwedd

Android ဖုန်းကိုင်ဆောင်သူတွေ မိမိတို့ဖုန်းရဲ့ virus,task,Cache,Junk files တွေကို one click လုပ်ရုံနဲ့ဒီဆော့ဝဲလ်လေးက  ရှင်းလင်းပေမယ့် ဆော့ဝဲလ်လေးဖြစ်ပြီး Task killer, game booster ,app manager တို့ပါ လိုရင် လိုသလို အသုံးပြုနိုင်မှာဖြစ်ပါတယ် .. ဒါအပြင် မိမိတို့ မတွေ့မမြင်လိုတဲ့  ဗွီဒီယိုဖိုင်တွေ၊ ဓာတ်ပုံဖိုင်တွေကို လည်း ဘယ်သူမှ မသိအောင် 0ှက်ထားနိုင်မှာဖြစ်ပါပြီး battery saver လေးပါ ထည့်ပေးထားတာကြောင့် အသုံးပြုသူတွေအနေနဲ့ တစ်ခု တည်းနဲ့ပြည့်စုံစေမှာပါ …
ဒီဆော့ဝဲလ်လေးကို   Myanmar Mobile App Store မှာ freedownload ရယူနိုင်ပါတယ် ခင်ဗျာ..
အောက်က Link မှာ ရယူနိုင်ပါတယ်
https://www.dropbox.com/s/ygnwgn1c0sg6d8y/com.iobit.mobilecare_3.0_HiAppHere_com.apk
dweffsdfsfsf

Wednesday, March 27, 2013

android system cleaner apk ( 393kb )

 တကယ်အသုံးတဲ. cleaner လေး ပါ ဒီApk လေးကို သင့်ရဲ.ဖုန်းထဲမှာထည်.ထားခြင်းဖြင့် ဖုန်းထဲမှာ ရှိတဲ.cacheနဲ အမိုက်များကို ရှင်းကာ ဖုန်းရဲ.စွမ်းဆောင်ရေ ကိုမြင့်မားစေပါသည်
အသုံးပြုချင်ရင်ဒီမှာဒေါင်းပါ

MX Andriod Appliciation….:D

တကယ်ဆန်းသစ်လှပပြီး…..စုံလင်လှတဲ့…….Feature တွေနဲ့…….Camera

Camera MX Appliciation လေးဟာ မိမိ
Camera MX Appliciation လေးဟာ မိမိ ဓါတ်ပုံတွေ၊ Video တွေကို Effects တွေ၊ နောက်ခံရှုခင်းတွေ၊ဘောင်တွေထည့်ပြီး….လုံးဝအလန်းပြင်ဆင်နိုင်တဲ့.. Appliciation လေးတစ်ခုဖြစ်ပါတယ်..။ဒီ Appliciation လေးကိုအသုံးပြုပြီး..မိမိ စိတ်ကူးနိုင်စွမ်းကောင်းရင်ကောင်းသလောက်…မိမိဖန်တီးမှုတွေနဲ့..တစ်ခြားလူကိုအံသြစေနိုင်ပါတယ်ဗျာ……။
HDR,Vintage,Lomo,Tilt-shift,Pop Art,Sepia စတဲ့ ဓါတ်ပုံ Effects ပေါင်း ၂၀ ကျော်နဲ့မိမိရဲ့ဓါတ်ပုံတွေကို စိတ်ကြိုက်ပြုပြင်နိုင်ပြီး Effects တွေကို ကင်မရာထဲမှာတင်တိုက်ရိုက်ထည့်နိုင်တာ…အလန်းဆုံးပါခင်ဗျာ….။Auto Image Editing,Brightness,Contrast,Saturation,Rotation,White Balance စတဲ့ Functions တွေနဲ့ ပုံတွေကိုပြင်ဆင်နိုင်သေးသလို နောက်ခံသီချင်းတွေထည့်ပြီး ဓါတ်ပုံတွေကို Slideshows တွေလုပ်နိုင်တာ…အံသြစရာကောင်းပါတယ်ဗျာ…။
Selftimer သုံးပြီးမိမိဘာသာမိမိ ဓါတ်ပုံတွေကိုသူများအကူအညီမလိုပဲ ရိုက်ကူးနိုင်သေးသလို Quickstart Icon ပါသေးတဲ့အတွက် လျှပ်တစ်ပြတ်ပုံတွေကိုလည်းရိုက်ကူးနိုင်အုံးမှာပါခင်ဗျာ…။Online Album လုပ်နိုင်အောင် 500MB  Webspace ထောက်ပံပေးထားပြီး ဓါတ်ပုံတွေဗီဒီယိုတွေကိုလည်း….Facebook,Flickr,Twitter တို့မှာ Share နိုင်အောင်လည်းပြုလုပ်ပေးထားတဲ့အတွက်တကယ်ကိုအံသြဖွယ်ကောင်းနေပါပြီခင်ဗျာ…။
ဒီ Camera MX Appliciation လေးကို Andriod Version 2.2 နှင့်အထက်မှာအသုံးပြုနိုင်မှာပါ……။
Camera MX App ကိုဒေါင်းရန် >> Box Link
Camera MX App ကိုဒေါင်းရန် >> Dropbox Link
Camera MX App ကိုဒေါင်းရန် >> MediaFire Link
အားလုံးအဆင်ပြေ…..ပျော်ရွှင်ကြပါစေခင်ဗျာ………..:D
8 DECEMBER 2012,SATURDAY Net Guide Journal မှအချက်အလက်များအတိုင်းပြင်ဆင်ဖော်ပြလိုက်ပါတယ်ခင်ဗျာ..။အင်တာနက်အသုံးပြုမှုနည်းပြီးဂျာနယ်ဖတ်အားသန်သော…..Mobile user များ လွယ်ကူစွာရှာဖွေဒေါင်းယူနိုင်ရန်အတွက်ရည်ရွှယ်ပါသည်..။

Fast Pro for Facebook (Beta) v1.98 for Android





Android ဖုန်းတွေအတွက် facebook ဆော့ဝဲအသစ်လေးပါ။ ဒီဆော့ဝဲလေးနဲ့ facebook သုံးမယ်ဆိုရင် facebook သုံးရတာပိုမိုမြန်ဆန်ပါတယ်။ သိသိသာသာမြန်ပါတယ်။ ဒီဆော့ဝဲလေးကို Google Play မှာ ၁.၅ ဒေါ်လာနဲ့ဝယ်ယူရရှိနိုင်ပြီး Myanmar Mobile App Store မှာတော့ freedownload ရယူနိုင်ပါတယ်။ သုံးကြည့်ချင်သူများအောက်က link မှာရယူနိုင်ပါတယ်။
Fast Pro for Facebook (Beta) v1.98 for Android အားရယူရန်

ခွေးလှေးယားစေ့ အနှစ်ရည်က မြွေပွေးအဆိပ် ပြေနိုင်ကြောင်း လေ့လာတွေ့ရှိ Posted: 27 Mar 2013 05:45 AM PDT

မြွေပွေးအဆိပ်၏ သေစေနိုင်သော သတ္တိကို ခွေးလှေးယားသီးစေ့အနှစ်ရည်နှင့် ၎င်းင်းအနှစ်ရည် ထိုးသွင်းထားသော ယုန်၏သွေး ရည်ကြည်တို့က ချေဖျက်နိုင်စွမ်းရှိကြောင်း ဆေးသုတေသန ဦးစီးဌာန(အောက်မြန်မာပြည်)က သုတေသနပြုလေ့လာတွေ့ရှိခဲ့ကြောင်
း သတင်းရရှိသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
( သစ်ထူးလွင်)

၆၈ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ NLD ကျင်းပ Posted: 27 Mar 2013 04:12 AM PDT

မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိခဲ့တာဟာ ပြည်သူနဲ့တပ်မတော် လက်တွဲကြိုးပမ်းခဲ့ကြလို့ဖြစ်
သလို ဒီမိုကရေစီရရှိရေးအတွက် ပြည်သူနဲ့အတူ တပ်မတော်ပူးပေါင်းပါဝင်ဖို့ လိုအပ်ကြောင်း NLD ပါတီက ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ဒီကနေ့ကျရောက်တဲ့ ၆၈ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်းအနား NLD ရန်ကုန်ရုံးချုပ်မှာ ကျင်းပရာမှာ အခုလိုထုတ်ပြန်လိုက်တာပါ။ ဒါ့အပြင် တရားဥပဒေစိုးမိုးရေး ၊ ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးနဲ့ ပြည်သူအတွက် အကျိုးမပြုတဲ့ အချက်တွေပါဝင်တဲ့၂ဝဝ၈ ဖွဲ့စည်းပုံပြင်ဆင်ရေးတွေမှာ ဂုဏ်သိက္ခာပြည့်ဝတဲ့ တပ်မတော်တစ်ရပ်အနေနဲ့ ပါဝင်ဖို့လိုအပ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ NLD ပါတီရဲ့ကြေညာချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

 NLD နာယက ဦးတင်ဦးက ဖက်ဆစ်တော်လှန်ရေးကာလက စစ်တပ်မှာ ကိုယ်တိုင်ပါဝင်တိုက်ပွဲဝင်ခဲ့တာတွေကို သမိုင်းနဲ့နှိုင်းယှဉ်ပြီး ဟောပြောခဲ့ပါတယ်။ ဒီကနေ့ ပြုလုပ်တဲ့အခမ်းအနားကို NLD အဖွဲ့ချုပ်က နာယက ဦးတင်ဦး၊ ဦးဝင်းတင်တို့နဲ့အတူNLD ပါတီဝင်တွေ၊ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီး ၊ မနီလာသိန်း စတဲ့ပုဂ္ဂိုလ်တွေ၊ နိုင်ငံရေးပါတီတစ်ချို့က တာဝန်ရှိသူတွေနဲ့ နိုင်ငံတကာသံရုံးများက သံအရာရှိတွေ တက်ရောက်ကြပါတယ်။ ၈၈ မျိုးဆက်အဖွဲ့က ဒီကနေ့ NLD မှာပြုလုပ်တဲ့ ၆၈ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ သဝဏ်လွှာပေးပို့ခဲ့ပါတယ်။

RFA Burmese

photo: RFA/ Thiha Tun

ဇီးကုန်းမှာ ဗလီတလုံးနဲ့ မွတ်စလင်အိမ်ခြေ ၅၀ လောက်ကို ရာနဲ့ချီတဲ့လူအုပ်က လာရောက်ဖျက်ဆီး Posted: 27 Mar 2013 06:07 AM PDT

ဖျက်နေတုန်းတော့ လုံခြုံရေးက ရဲရော စစ်တပ်ရော ဘာမှမတွေ့ဘူး။ မူဆလင် အိမ်ရှင်တွေက ကြားထားပြီးပြီ၊ ၉၆၉ အရ ဗလီတွေ၊ စီးပွားရေးတွေနဲ့ အိမ်တွေ ဖျက်မယ်ဆိုပြီးလေ။ သူတို့လည်း မသယ်နိုင်တာတွေထား တံခါးတွေပိတ်ပြီး နီးစပ်ရာ ရွာတွေဆင်းပြီး အသက်မသေပြီး ရောဆိုပြီး သွားနေရတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ (သစ်ထူးလွင်)

တယ်လီဖုန်းဆင်းကတ်ကိစ္စ ဧပြီလဆန်း သတင်းထုတ်ပြန်မည် Posted: 27 Mar 2013 05:26 AM PDT

မိုဘိုင်းဖုန်း ဆင်းကတ်တွေကို ရောင်းချပေးမယ့် သတင်းနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို လာမယ့် သီတင်းပတ်အတွင်း ထုတ်ပြန်ပြောဆိုမယ်လို့ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း မိုဘိုင်းဆက်သွယ်ရေးဌာန အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ပြောပါတယ်။  “ဧပြီလအတွင်းမှာ ရောင်းပေးဖို့တော့ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ (သစ်ထူးလွင် )

အမုန်းတရားများ မရှိပါလျက် Posted: 27 Mar 2013 02:29 AM PDT


"မိတ္ထီလာမြို့မှ အကြမ်းဖက်မှုမှာ လူ့အဖွဲ့အစည်း အားလုံးကို တုန်လှုပ်စေခဲ့ပြီး နိုင်ငံ့ပုံရိပ် ညှိုးနွမ်းစေခဲ့သည်"

ဖြစ်ရပ်(၁)

မီးလောင် ကျွမ်းနေသော သီရိမင်္ဂလာ ရက်ကွက်သို့ ကိုဖြိုးသန့်မင်း တစ်ယောက် မတ်လ၂၁ ရက် ညနေ ၄ နာရီခန့်က သွားကြည့်သည်။ အိမ်တစ်လုံးထဲတွင် အစ္စလာမ် ဘာသာဝင် အမျိုးသမီး တစ်ဦး ခိုလှုံနေရာမှ ထွက်မရဖြစ်နေကြောင်း လုံခြုံရေး ၀န်ထမ်းများထံမှ သတင်းကြားပြီးနောက် ၎င်းကိုကယ်တင်ရန် ဆုံးဖြတ်လိုက်သည်။

ထိုနေရာသို့ သွားရောက်ပြီး အမျိုးသမီးအား လူအများ အစ္စလာမ်ဘာသာဝင်မှန်း သတိမထားမိရန် မျက်နှာကို ဆိုင်ကယ်စီးဦး ထုပ်ဆောင်း၍ ဖုံးကွယ်ကာ ကယ်တင် ခဲ့ကြောင်း ကိုဖြိုးသန့်မင်းက ပြောသည်။

အမျိုးသမီးကို ကယ်ထုတ်ပြီးနောက် ပိတ်မိနေသော အစ္စလာမ်ဘာသာဝင်များထံမှ လာရောက်ကယ်တင်ပေးရန် ဖုန်းများဖြင့် မကြာခဏ အကူအညီတောင်းခံခြင်းခံရသည်။ ထို့ကြောင့် အောင်မြင်သာစည်ကျောင်းမှ ဆရာတော်နှင့်အတူ ကားနှစ်စီးဖြင့် အစ္စလာမ်ဘာသာဝင် ၄၀ ကျော်အား ပိတ်မိနေသောအိမ်များမှ ထွက်ခွာနိုင်အောင်ကူညီကာ ခရိုင်အားကစားကွင်းသို့ ပို့ဆောင်ပေးခဲ့ကြသည်။

“အဲဒီအချိန်မှာ ကျွန်တော့်ခေါင်းထဲ ဘာမှမရှိဘူး။ မဆိုင်တဲ့ လူတွေကို ကယ်တင်နိုင်ဖို့ပဲရှိတယ်” ဟု ထိုအချိန်က စိတ်ထဲဖြစ်ပေါ်ခဲ့ ပုံကို အသက်(၄၆)နှစ်အရွယ် ကိုဖြိုးသန့်မင်းကပြောသည်။

“ဘုန်းဘုန်းတွေပို့တာလည်းပါတယ်။ ဗုဒ္ဓဘာသာ ရပ်ကွက်ခေါင်းဆောင်တွေလည်း အားကစားကွင်းကို ပို့ပေးတာလည်းရှိတယ်” ဟု ပညာရေးကောလိပ်ရှိ အစ္စလာမ် ဒုက္ခသည်ခေါင်းဆောင် ကိုမောင်မောင်က ပြောသည်။

ဖြစ်ရပ်(၂)
အကြမ်းဖက်မှုများဖြစ်ပွားသည့် ဒုတိယနေ့ မတ်လ ၂၁ ရက် ညနေ ၄ နာရီ။ အစ္စလာမ်ဘာသာဝင်များနှင့် ဗုဒ္ဓဘာသာဝင်များ အတူနေထိုင်ရာ မိတ္ထီလာမြို့၊ ချမ်းအေးသာယာရပ်ကွက်၌ နေထိုင်သော မမြင့်တစ်ယောက် နေအိမ်မှ ထွက်ပြေးရန် ပစ္စည်းများသိမ်းနေခဲ့သည်။ ထိုသို့ သိမ်းဆည်းနေစဉ် တုတ်၊ ဓားများ ကိုင်ဆောင်ထားသော တစ်ရပ်ကွက်တည်းနေ အစ္စလာမ်ဘာသာဝင်များ အိမ်ရှေ့သို့ရောက်လာသောအခါ ဆောက်တည်ရာ မရတော့။ သို့သော် သူတို့က မမြင့်ကို ရန်မမူဘဲ လုံခြုံသောနေရာတွင် သွားနေရန်ပြောလေသည်။ ပစ္စည်းများသိမ်းပြီး ဆွေမျိုးများရှိရာ ပကောရွာသို့ ထွက်ပြေးစဉ် လမ်း၌ကြောက်လန့်တကြား ချုံထဲတွင် ပုန်းနေသောအစ္စလာမ် ဘာသာဝင်များနှင့် ပက်ပင်းတွေ့ဆုံမိပြန်သည်။

“ နင့်တို့ကို ဘာမှမလုပ်ဘူး။ သွားစရာရှိတာသွားပါ” ဟု ပြောသဖြင့် သွားလိုသော နေရာသို့ဘေးကင်းစွာရောက်ခဲ့ကြောင်း အသက် ၄၁ နှစ်အရွယ် မမြင့်က အတွေ့အကြုံကိုပြန်လည်ပြောပြသည်။

ပြဿနာဖြစ်ပွားပြီး နှစ်ရက်အကြာ ဒုက္ခသည်စခန်းများသို့ရောက်သွားချိန်တွင်လည်း တစ်ရပ်ကွက်တည်း အတူနေခဲ့သူများနှင့်
ဘာသာမတူသော်လည်း သိကျွမ်းသူများအချင်းချင်း အပြန်အလှန်ကူညီကြသည်။

“အစ္စလာမ်ဘာသာဝင်တွေထားတဲ့ အမှတ်(၁) ရဲစခန်းရှေ့ရောက်တော့ အထဲကနေ လက်ထောင်ပြတယ်။ ဒါနဲ့ ကျွန်တော်လည်း ပြန်ထောင်ပြတော့ ကွမ်းစားချင်လို့ ဆေးလိပ်သောက်ချင်လို့ ပြောတဲ့အတွက်ဝယ်ပေးခဲ့တယ်” ဟု မီးလောင်ပြာကျခဲ့ရသော ချမ်းအေးသာယာရပ်ကွက်မှ အသက် (၂၅) နှစ်အရွယ် ကိုအာကာက ပြောသည်။

ထို့အပြင် စခန်းထဲတွင်ရှိနေသူတစ်ဦးက ဆေးရုံတင်ထားရသော ကိုယ်ဝန်ဆောင်သည် အစ္စလာမ်ဘာသာဝင် အမျိုးသမီးအတွက် အသုံးအဆောင်ပစ္စည်းများပို့ပေးရန် အကူအညီတောင်းခဲ့သဖြင့် ပို့ဆောင်ပေးခဲ့သည်။

“အိမ်တွေမီးရှို့ခံရတုန်းကတော့ ဒေါသဖြစ်တာပေါ့။ ဒုက္ခသည် စခန်းမှာတွေ့တော့ သနားသွားတဲ့အတွက် ကူညီပေးခဲ့တာ” ဟု ကိုအာကာက ပြောသည်။

ဒုက္ခသည်စခန်းမရောက်ခင် ပဋိပက္ခဖြစ်ပွားစဉ်ရက်များအတွင်း တစ်ရပ်ကွက်တည်း အေးအတူ ပူအမျှနေထိုင်ခဲ့ကြသော ဘာသာမတူသူများမှာ ခဏချင်း တုတ်၊ ဓားများကိုင် တစ်ဖက်နှင့်တစ်ဖက် ရန်သူများသဖွယ် နေ့ချင်းညချင်း ကူးပြောင်းခဲ့ကြသည်။ သူတို့မှာ တစ်ဦးနှင့်တစ်ဦး မုန်းတီး၍တော့မဟုတ်ဘဲ မိမိကိုးကွယ်ရာ ဘာသာဝင်များအား ကာကွယ်ရန်နှင့် စိုးရိမ်စိတ်တို့ကြောင့် ယခုကဲ့သို့ လက်နက်များ ကိုင်ဆောင်လာခြင်းဖြစ်သည်။

ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည်မှာ ကျပ်တစ်သိန်းလေးသောင်းတန် ရွှေထည်ပစ္စည်းကို ငါးသောင်းပေးမည်ဟုဆိုကာ ရောင်းမှားဝယ်မှားဖြစ်ခဲ့ရာမှ စတင်ခြင်းဖြစ်သည်။ နယူးဝိန်စိန်ရွှေဆိုင်မှ ရွှေဆံကုတ် ၀ယ်ယူခဲ့သော ပြွန်ကောက်ကျေးရွှာမှ ဦးခင်မောင်ဝင်းနှင့် မအေးနိုင်တို့မှာ ထိုရွှေထည်အား ထိုဆိုင်မှ ဘောင်ချာဖြင့် ပြန်လည်ရောင်းချစဉ် ပြဿနာ ဖြစ်ပွားခဲ့သည်။

ဦးခင်မောင်ဝင်းတို့ ရွှေထည်အားဝယ်ယူရန် ရွှေဆိုင်က စစ်ဆေးရာတွင် ပဲ့သွားခဲ့သဖြင့် မူလပြောထားသော သတ်မှတ်ထားသည့် ဈေးမပေးတော့ရာမှ စတင်ကာ အချင်းများကြပြီးဆိုင်ရှင်က ဦးခင်မောင်ဝင်းအားကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့ရာ ၎င်းမှာ ပေါက်ပြဲဒဏ်ရာ ရရှိခဲ့သည်။

ထိုသို့ ကိုယ်ထိလက်ရောက် ကျူးလွန်သည်ကို မြင်တွေ့ခဲ့သူများက ဆိုင်ရှင်ဇနီးမောင်နှံအား ရဲစခန်းတွင် အမှုဖွင့်အရေးယူထားသော်လည်း မကျေနပ်သဖြင့် ထိုနေ့မွန်းလွဲပိုင်းတွင် လူများက စုဝေးပြီး ထိုရွှေဆိုင်အပါအ၀င် ကပ်လျက်ဆိုင်ခန်းအား အကြမ်းဖက် ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

ထို့နောက် ပဋိပကမ္ခများ ပိုမိုကြီးထွားလာပြီး ယင်းနေ့ညနေ ၅ နာရီခန့်တွင် သာစည်မြို့နယ်၊ ဟံဇားကျေးရွာ ကျောင်းမှသက်တော် ၄၅ နှစ်ရှိ ဆရာတော် ဦးသောဘိတမှာ ယဉ်ကျေးလိမ္မာကျောင်းအတွက် စာအုပ်ဝယ်ရန် မိတ္ထီလာမြို့သို့ လာရောက်စဉ် အစ္စလာမ်ဘာသာဝင် အချို့က ရိုက်နှက်သဖြင့် ပျံလွန်တော်မူခဲ့သည်။

“သံဃာတစ်ပါး သွေးမြေကျသွားတဲ့ ကိစ္စကြောင့်ပါ။ အစတုန်းကတော့ ဗလီတွေဘက် ပစ်မှတ်မရှိကြဘူး။ ပစ်မှတ်မရှိတဲ့ အကြောင်းလည်း လူအုပ်ကြီးက သတိပေးထားပါတယ်။ သံဃာတော်တွေကလဲ ကတိပေးထားပါတယ်။ အဲဒီအချိန်မှာ မဆီမဆိုင် သံဃာတစ်ပါးသွေးမြေကျတာနဲ့ ပတ်သက်ပြီးတော့ ပစ်မှတ်ပြောင်းသွားတာပေါ့” ဟု ဆရာတော်ဦးဝီရသူက သူ၏အမြင်ကို မိန့်သည်။

သို့သော် နောက်ပိုင်းရက်များတွင်မူ မြို့ခံများပင် မသိသော စာသင်သားငယ်ဖြူမှန်း မသိသောသူများ ၀င်ရောက်လာခဲ့ပြီးနောက် ပြဿနာမှာ ကြီးသွားခဲ့သည်ဟု ဆရာတော်ဦးဝီရသူက မိန့်သည်။ မြို့ခံများကလည်း မတ်လ ၂၁ ညနှင့် ၂၂ ရက် အခြေအနေများမှာ ရှုပ်ရှုပ်ထွေးထွေးဖြင့် အကြမ်းဖက်မှုများ ကြောက်မက်ဖွယ်ဖြစ်ပွားခဲ့ကြောင်း ဆိုကြသည်။

“တတိယနေ့ကတော့ ပယောဂ ၀င်ပူးသွားပြီ” ဟု ဆရာတော်ဦးဝီရသူက မှတ်ချက်ပြုသည်။ ထို့ကြောင့် ရွှေဆံကုတ်အရောင်းအ၀ယ်မှ စတင်ခဲ့သော အကြမ်းဖက်မှု သုံးရက်အတွင်း လူပေါင်းများစွာသေဆုံးခဲ့ကာ ဒဏ်ရာရသူဦးရေ များစွာရှိပေါ်စေခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဖြစ်ရပ်တွင် မရိုးသားမှုအချို့နှင့် ရည်ရွယ်ချက်ရှိရှိ နောက်ကွယ်မှကြိုးကိုင်သူအချို့ ရှိနိုင်သည်ဟု ခန့်မှန်းသူများရှိသော်လည်း အစိုးရအနေဖြင့် ဖော်ထုတ်အရေးယူပြနိုင်ခြင်းမျိုး မရှိသေးပေ။

ပြဿနာဖြစ်ပွားနေစဉ်တွင် သက်ဆိုင်ရာလုံခြုံရေးအဖွဲ့များ၏ ကိုင်တွယ်မှုများနှင့် ပတ်သက်၍ “ကျွန်တော်တို့ ငယ်ငယ်က စပါးခင်းထဲမှာ ချထားတဲ့ စာခြောက်ရုပ်ထက်မပိုပါဘူး။ ဓားနဲ့ခုတ်လည်း ကြည့်နေတယ်။ မီးရှို့လည်း ကြည့်နေတယ်” ဟု ဒေါက်တာစန်းလှိုင်က မှတ်ချက်ပြုသည်။

“ဒီပြဿနာ ကြီးထွားလာတာ ဆက်ပြီးဖြစ်လာတာက အုပ်ချုပ်သူတွေက အချိန်မီမဖြေရှင်းနိုင်တဲ့သဘော ဖြစ်သွားတယ်။
နောက်ကွယ်ကလည်း ပယောဂဆိုတာမျိုးလည်းပါနိုင်ပါတယ်။ ဒီလိုကိစ္စမျိုးက ဖြစ်တယ်ဆိုရင် ဖြစ်ဖြစ်ချင်း ကိုင်တွယ်ဖြေရှင်းတာမျိုးက အကောင်းဆုံးပဲ” ဟု ပြည်ခိုင်ဖြိုးပါတီမှ လွှတ်တော်အမတ် ဦးအေးမောက်က ပြောသည်။

ထို့ကြောင့် မိတ္ထီလာမြို့တွင် ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာဝင် ငွေကြေးပြည့်စုံသူများနှင့် လူလတ်တန်းစားများနေထိုင်သည့် သီရိမင်္ဂလာရပ်ကွက်၊ ဆင်းရဲသား အများစုနေထိုင်သော ရန်မျိုးအောင်ရပ်ကွက်၊ ချမ်းအေးသာစံ ရပ်ကွက်တို့မှာ မီးလောင်ကျွမ်းခဲ့ပြီး နှစ်ဖက်စလုံးတွင် သေဆုံးသူများရှိခဲ့သည်။

သာမန်အရောင်းအ၀ယ်မှ စတင်ပြီးသုံးရက်ကြာဖြစ်ပွားခဲ့သော ထိုအကြမ်းဖက်မှုကြောင့် လူ ၃၂ ဦးသေဆုံးခဲ့ပြီး ၃၉ ဦး ဒဏ်ရာရရှိခဲ့သည်။ အခုနောက်ဆုံးစာရင်းအရ သေဆုံးသူမှာ ၄၀ အထိ တိုးလာပြီဖြစ်သည်။ တရားခံဟု သံသယရှိသူ ၁၃ ဦးကို ဖမ်းဆီးထားနိုင်ခဲ့သော်လည်း အခင်းဖြစ်ပွားရာတွင် အဓိက ပြစ်မှုကျူးလွန်သူအချို့ကိုမူ မဖမ်းဆီးနိုင်သေးပေ။ ထိုပြဿနာဂယက်ကြောင့် လယ်ဝေးမြို့ ရုံးပင်ကျေးရွာနှင့် ရမည်းသင်းမြို့နယ်ရှိရွာတန်းနှင့် ရွေဒါးသာစည်ကျေးရွာတို့တွင် ဆူပူအကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သည်။ ထိုအကြမ်းဖက်မှုများမှ တရားခံဟု ယူဆရသူ ၂၂ ဦးကို ဖမ်းဆီးအရေးယူထားသည်။

မိတ္ထီလာမြို့တွင် ဒုက္ခသည်စခန်း ၁၅ ခု ဖွင့်လှစ်ထားပြီး ဒုက္ခသည် ၉၆၄၄ ကျော်အိုးမဲ့အိမ်မဲ့ ဘ၀ရောက်ခဲ့ကြရသည်။ နိုင်ငံတော်အစိုးရက အရေးပေါ်အခြေအနေ ကြေညာပြီး တပ်မတော် အကူအညီစတင်ယူခဲ့သည့် နေ့မှစ၍ တည်ငြိမ်စပြုလာသော်လည်း ရပ်ကွက်များ ဒုက္ခသည်စခန်းများတွင်မူ ဒေသခံများက စောင့်နေရဆဲဖြစ်သည်။

အစ္စလာမ် ဘာသာဝင်များအား ခရိုင်အားကစားကွင်း၊ စာသင်ကျောင်းများတွင်ထားပြီး အပြင်ထွက်ခွင့်မပေးသေးပေ။ ဗုဒ္ဓဘာသာဝင်ဒုက္ခသည်များမှာမူ ဘုန်းတော်ကြီးကျောင်းတွင် အများစုနေထိုင်ကြပြီး အချို့မှာ သစ်ပင်အောက်များတွင် နေထိုင်လျက်ရှိသည်။

ထိုကဲ့သို့သော ပြဿနာများ ဆက်လက်မဖြစ်ပွားရန် အစိုးရအပြင် သက်ဆိုင်ရာဒေသတွင်းရှိသော ဘာသာရေးနှင့် လူမှုခေါင်းဆောင်များကပါ ထိန်းသိမ်းကူညီပေးရန်လိုကြောင်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာဘီဂျေနမ်ဘီးယားက အကြံပြုသည်။

“လူမျိုးရေးကို အခြေခံတဲ့ ဒါမှမဟုတ် ဘာသာရေးကို အခြေခံတဲ့ ပဋိပက္ခမျိုးတွေဟာ ကျွန်တော်တို့ တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာ ကျွန်တော်တို့ လူမျိုးတွေရဲ့ ဂုဏ်သိက္ခာကို အကြီးအကျယ်ထိခိုက်စေတယ်။ ကျွန်တော်တို့ မြန်မာလူမျိုးတွေရဲ့ မေတ္တာတရား၊ ကရုဏာတရားစတဲ့ စိတ်နေသဘောထားတွေကိုလည်း အများက မေးခွန်းထုတ်လိမ့်မယ်။ အချုပ်ပြောရရင် တစ်တိုင်းပြည်လုံးအတွက် ရှက်စရာ ကောင်းပါတယ်” ဟု လူ့ဘောင်သစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ပြောသည်။

သမိုင်းတစ်လျှောက်တွင် ထိုကဲ့သို့ ပဋိပက္ခများ ဖြစ်ပွားခဲ့ဖူးသော်လည်း ဖြေလျှော့အောင် မလုပ်နိုင်ခဲ့မှုမှာ အဓိက အားနည်းချက်ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ ဥက္ကဋ္ဌဦးခင်မောင်ဆွေက သုံးသပ်သည်။

“ဒီလိုရောယှက်နေတဲ့ နေရာမှာတော့ ပြဿနာတွေရှိတတ်ပါတယ်။ ဒါပေမဲ့လည်း ဒီနေရာမှာ လူတွေက အရမ်းစိုးရိမ်နေတယ်။ အရမ်းကြောက်နေတာတွေ တွေ့ရတယ်။ တစ်ယောက်နဲ့ တစ်ယောက် မုန်းတီးတဲ့စိတ်တော့ မတွေ့ရဘူး” ဟု ဒုက္ခသည်စခန်းများအားလှည့်လည်ကြည့်ရှုပြီးနောက် နမ်ဘီးယားက ပြောကြားသည်။

သို့သော်အစ္စလာမ်ဘာသာဝင်များ ရောယှက်နေသည့် မိတ္ထီလာမြို့ပေါ် ရပ်ကွက်များရှိ ဗုဒ္ဓဘာသာဝင်နေအိမ်များ၊ ကားများနှင့် ဆိုင်ကယ်များတွင်မူ သာသနာအလံများ ထောင်ထားခြင်းများ ပြုလုပ်ထားကြသည်ကို
တွေ့ခဲ့ရသည်။ ကြင်နာပြီး၊ ကြင်နာသနားတတ်သည်ဟု သတင်းကြီးခဲ့သော မြန်မာနိုင်ငံတွင် နိုင်ငံသားအချင်းချင်း ထိုမျှရက်ရက်စက်စက် အကြမ်းဖက်မှုများဖြစ်ပွားခဲ့သည့်အတွက် နိုင်ငံ့ပုံရိပ် ညှိုးနွမ်းစေခဲ့သည်။ ဒီမိုကရေစီနိုင်ငံကို ဦးတည်ဖော်ဆောင်နေချိန်တွင် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများမှာ လုံးဝမဖြစ်သင့်ဘဲ၊ နောက်ကွယ်မှ ကြိုးကိုင်သူရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အဆိုပါဖြစ်ရပ်မျိုး ထပ်မံမဖြစ်ပွားရန်၊ သွေးထိုးလှုံ့ဆော်သူများ၏ ထောင်ချောက်အတွင်း မကျရောက်ရန်မှာ နိုင်ငံသားတစ်ဦးချင်းဆီမှစကာ နိုင်ငံသားအားလုံး၏ တာဝန်ပင်ဖြစ်သည်။ ကောလဟလမျိုးစုံထွက်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များကလည်း တည်ငြိမ်အောင် အစွမ်းကုန်ထိန်းသိမ်းနေချိန်တွင်၊ မိမိနေထိုင်ရာ ရပ်ကွက်၊ မြို့၊ နိုင်ငံ တည်ငြိမ်အေးချမ်းရေးမှာ နိုင်ငံသားအားလုံးတွင် တာဝန်ရှိပြီး ကောလဟလများကို မယုံကြည်ဘဲ တည်ငြိမ်အေးချမ်းရေးအတွက် ၀ိုင်းဝန်းဆောင်ရွက်ကြရန် ပြည်သူအားလုံး၏ တာဝန်ပင်ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူများက ပြောသည်။

"အဓိကကတော့ အားလုံးက ကျွန်တော်တို့မြန်မာတွေ၊ လူသားတွေချည်းပဲဆိုတာကို အခြေခံပြီး စဉ်းစားလိုက်ရင် အမုန်းတရားလည်း မရှိနိုင်တော့ပါဘူး" ဟု မိတ္ထီလာမြို့ခံတစ်ဦးကပင် ပြောသည်။

အမုန်းတရားများ မရှိပါလျက် ပြဿနာဖြစ်ခဲ့ကြသော်လည်း အားလုံးစိတ်ထဲတွင်မူ ယုံကြည်မှုများ ပျောက်ဆုံးသွားခဲ့ပြီး ယုံကြည်မှုပြန်လည်တည်ဆောက်ရန်မှာ အရေးကြီးဆုံးဖြစ်ပေသည်။ ။

အောင်သူရရေးသား၍ သတင်းအဖွဲ့ ပံ့ပိုးသည် - 7Day News Journal

Tuesday, March 26, 2013

Smart Memory Booster Pro

smAndroid  စနစ်နဲ့ မောင်းနှင်ထားတဲ့ ဖုန်းတိုင်းအတွက် မရှိ မဖြစ်ဆောင်ထားသင့်တဲ့ဆော့ဝဲလ်( Essential software) လေးတစ်ခုဖြစ်ပါတယ်ခင်ဗျ….ဒီဆော့ဝဲလ်လေး ကို မိမိရဲ့ဖုန်းထဲမှာ ထည့်ထားပြီး boost လုပ်ပေးရုံဖြင့် မိမိတို့ ရဲ့ ဖုန်း Memory ပိုင်း မြန်ဆန်မှု  ကို မြှင့်တင်ပေးသွားမယ့် ဆော့ဝဲလ် ကောင်းလေး တစ်ခု ဖြစ်ပါတယ်ခင်ဗျ    ဒါ့အပြင်  Facebook , internet borwser   တွေကို အသုံးပြုကြတဲ့အခါ မှာ  Facebook apk ,internet browser တွေမှာ  Cache ဖိုင်တွေ ကပ်ညှိနေတတ်ပါတယ်….အဲဒီအတွက်လည်း မပူပါနဲ့ ။ကပ်ညှိ နေတဲ့  Cache ဖိုင်တွေ ကို လည်း ဒီဆော့ဝဲလေးကရှင်းပေးနိုင်တာကို တွေ့ရပါတယ်ခင်ဗျ. ဒါ့အပြင် ကိုယ် boost လုပ်ချင်တဲ့အချိန်ကိုလည်း  Timer ပေးပြီးချိန်ထားနိုင်မှာဖြစ်သလို    Theme တွေကိုလည်းမိမိတို့ စိတ်ကြိုက်  ရွေးချယ်ပြီး သုံးခွင့်ပေးထားပါတယ်…
ဒီဆော့ဝဲလေးကိုလိုချင်တယ်ဆိုရင်ဖြင့် MMAS မှာ  Free ရယူနိုင်ပါတယ်ခင်ဗျာ……

https://www.dropbox.com/s/pjw8j7vx8mtcvep/Smart%20Memory%20Booster%20Pro%20v1.31.apk

http://www68.zippyshare.com/v/69994955/file.html

Monday, March 25, 2013

royalthitsarfamily application လေးပါ


royalthitsarfamily application လေးပါ အသစ်ထွက်တဲ့ ဗားရှင်းလေးးပါ အသစ်တင်သမျှ တွေကို update လုပ်ပေးသွားမှာပါ
အသုံးပြုချင်ရင်ဒီနေရာကိုနှိပ်ပါ

Sanity v2.12 for Android







Android ဖုန်းအသုံးပြုသူတွေအနေနဲ့ Sanity ဆော့ဝဲလေးကိုမရှိမဖြစ်ဆောင်ထားသင့်ပါတယ်။ ဒီဆော့ဝဲလေးတစ်မျိုးထဲနဲ့ ဖုန်းကို ကိုယ်မကိုင်ဖြစ်ရင် auto ဖြေပေးမယ့် Auto Answer, ကိုယ်မကိုင်ချင်တဲ့ ဖုန်းအ၀င် call တွေကို block ထားနိုင်မယ့် Call BlackList, ဖုန်းခေါ်ထားရင်းနဲ့ တစ်ဖက်လူက ဖုန်းကိုင်လိုက်တာနဲ့ ကိုယ့်ဖုန်းဘက်မှာ vibrate တုန်ခါသွားစေမယ့် Urgent Call , ဖုန်းပြောနေစဉ် နားနားကနေခွာလိုက်တာနဲ့ ဖုန်း speaker ကို auto ဖွင့်ပေးမယ့် automatic speakerphone, ကိုယ်ပြောထားတဲ့ ဖုန်း call တိုင်းကို အသံဖိုင်နဲ့ record လုပ်ထားနိုင်မယ့် call record , နားနဲ့ကပ်ပြီးဖုန်းပြောနေစဉ် ကိုယ့်ဦးနှောက်ကို ဖုန်းကထုတ်လွှတ်တဲ့ bluetooth , 3G Internet စတဲ့လိုင်းတွေကြောင့်မထိခိုက်အောင် ခဏတာ auto ပိတ်ပေးထားမယ့် reduce electromagnetic waves စတဲ့ features အလန်းပေါင်းများစွာပါဝင်ပါတယ်။ Sanity v2.12 for Android ကိုအောက်က link မှာရယူနိုင်ပါတယ်။
Sanity v2.12 for Android အားရယူရန်


Battery Saver (1.5 to 4 days) v1.0 APK

android ဆော့ဝဲလ် တစ်ခုရဲ့ အရည် အသွေး(quality) ကို သာမန်ကြည့်ရုံနဲ့ ပိုင်းဖြတ်ဖို့မလွယ်ပါဘူး………….အဲဒီဆော့ဝဲလ် ကို အသုံးပြုတဲ့လူ ရဲ့ နှိုက်ထုတ်သုံးစွဲနိုင်တဲ့ အရည် ddအချင်းပေါ်မှာပဲ မူတည်ပါတယ်…အခုလည်း  Battery saver တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ် … ဒီဆော့ဝဲလ် လေးကတော့  မိမိတို့ ဖုန်းရဲ့ ဘက်ထရီသုံးစွဲမှု ကို အရှည်ကြာဆုံးဖြစ်အောင် ထိန်းထားပေးသွားမှာဖြစ်ပါတယ် ..ဒါအပြင် ဒီဆော့ဝဲလ် လေးကို run ထားခြင်းဖြင့်  မိမိဖုန်း screen off တဲ့ အချိန်မှာ  Wifi,mobile data  အလိုအလျော်က်   off  ပေးထားမှာ ဖြစ်ပြီး   screen on  တဲ့အခါမှာ လည်း အလိုလို ပြန်ချိတ်ဆက်ပေးသွားမှာ ဖြစ်ပါတယ် Screen off  ထားတဲ့အခါမျိုးမှာလည်း  15မိနစ်တိုင်းမှာ မိမိတို့ အသုံးပြုနေတဲ့  facebook, twitter တွေ ကို  seconds 30 တစ်ခါ  sync လုပ်ပေးထားတယ်လို့ ပြောထားပါတယ် ….. သတိပေးချက်အနေနဲ့ကတော့  မိမိဖုန်းကို အချိန်တိုင်း အသုံးပြုနေမယ်ဆိုရင်တော့  ဒီဆော့ဝဲလ် လေးနဲ့ မသင့်တော်ပါဘူးတဲ့…သူအချိန်အတိုင်းအတာနဲ့ပဲ သင့်ရဲ့  smartphone တစ်လုံးကို အသုံးပြုပေးဖို့ သတိပေးထားပါတယ်  ….:D……
ဒီဆော့ဝဲလ်လေးကို   google play   $0.99 Buy  နဲ့ ၀ယ်ယူသုံးစွဲရမှာ ဖြစ်ပါတယ် …
https://play.google.com/store/apps/details?id=com.ggdiam.batterysaver

MMAS မှာ တော့  Freedownload ရယူနိုင်ပါတယ် ခင်ဗျာ…….
အသုံးပြုချင်ရင်ဒီနေရာကိုနှိပ်ပါ
 အသုံးပြုချင်ရင်ဒီနေရာကိုနှိပ်ပါ

Battery Booster (Full) v6.0 APK (Updated : Feb 28, 2013)


f

android  ဖုန်းကိုင်ဆောင်သူတိုင်း ဘက်ထရီ ပြသာနာ ဖြစ်ဖူးကြမှာပါ ..ဘာကြောင့်ဖြစ်ရသလဲဆိုတော့ Battery Manangement ကောင်းကောင်းမလုပ်တတ်လို့ပါပဲ.  .ဒီဆော့ဝဲလ် လေးကတော့ ဘက်ထရီ manangement  ကောင်းစြွ ကိုင်တွယ်နိုင်မှာ ဖြစ်သလို တခြားတခြားသော  features များစွာနဲ့  မိမိဖုန်းကို တစ်ဖက်တစ်လှမ်းကနေ အကျိုးပြုပေးမှာ ဖြစ်ပါတယ် ..ဒီဆော့ဝဲလ်လေးက မိမိဖုန်းရဲ့ battery charge(battery charge မှာဆိုရင် မိမိဖုန်းရဲ့ battery usage ကို ခြေရာခံလိုက်ကြည့်ပေးမယ့် auto updating live chart ပါဝင်)  battery capacity, temperature, voltage, etc တွေ နဲ့ ပတ်သတ်ပြီး တိကျသေချာတဲ့ အချက်အလက်တွေ ကို အချိန်နဲ့တစ်ပြေးညီပေးစွမ်းထားမှာ ဖြစ်ပါတယ် ..ဒါအပြင် Battery Tweak မှာ ဆိုလည်း အားလုံး လိုချင်ကြတဲ့ Smart  Battery Saver, wifi and bluetooth စတာတွေ ပါဝင်မှာဖြစ်ပါတယ် …ဒါအပြင်  Feature details လေးကြည့်ကြည့်ပါဦး  

ဒီဆော့ဝဲလ်လေးကို  google play HK$7.69 Buy  နဲ့ ၀ယ်ယူ သုံးစွဲရမှာ ဖြစ်ပါတယ် ..
https://play.google.com/store/apps/details?id=imoblife.batterybooster.full

MMAS မှာ တော့ ဒီဆော့ဝဲလ် လေးကို  Freedownload ရယူနိုင်မှာဖြစ်ပါတယ် …  :D
အသုံးပြုချင်ရင်ဒီနေကိုနှိပ်ပါ

အသုံးပြုချင်ရင်ဒီနေရာကိုနှိပ်ပါ

Sunday, March 24, 2013

Real Life scenes ကို အပြည့်အ၀ ထုတ်ပေးနိုင် မယ့်HDR Camera+ v2.32 APK

fdfsCamera  ဆော့ဝဲလ် တွေ ကအမျိုးမျိုးအဖုံဖုံ ထွက်ရှိနေပါတယ်…..သူဟာနဲ့သူတော့ ကောင်းနေတာပါပဲ……အခုလည်း  တကယ့် အပြင် ကအခြေအနေ၊ပုံပန်းသဏ္ဍာန်တွေ ကို အပြည့်အ၀ ထုတ်ပေးမယ့် ကင်မရာလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ် …  ရှေ့ကင်မရာ ၊ နောက်ကင်မရာ နှစ်ခုလုံး ပြောင်းလဲအသုံးပြုနိုင်မှာဖြစ်သလို   contrast, micro-contrast, color vividness, exposure တွေကို ကိုယ်တိုင်  ထိန်းချုပ် ပေးနိုင်မှာ ဖြစ်တာကြောင့်  full resolution အပြည့်ရစေမှာ ဖြစ်ပါတယ် ….
ဒီဆော့ဝဲလ်လေးကို  google play မှာ $2.99 Buy     ၀ယ်ယူသုံးစွဲရမှာဖြစ်ပါတယ် .
https://play.google.com/store/apps/details?id=com.almalence.hdr_plus

MMAS မှာတော့  Freedownload ရယူနိုင်ပါတယ် ..
https://www.dropbox.com/s/5xzd1zhtcnjtfuo/HDR%20Camera%2B%20v2.32%20apkmania.com.apk?m

http://www18.zippyshare.com/v/287594/file.html

အသစ်ထွက် Advnaced Task manager pro v 4.0.5





sef
ဒီဆော့ဝဲလ် လေးက တော့  Android  ဖုန်းကိုင်သူတိုင်း မသိသူ ရှားလှ ပါတယ် …  ဖုန်းတိုင်းလိုလို မှာ ထည့်ထားတဲ့ ဆော့ဝဲလ် လေးဆိုလည်း မမှားပါဘူး … ဒီဆော့ဝဲလ် လေးရဲ့ အလုပ်လုပ်ပုံကတော့  android os စနစ်မောင်းနှင်ထားတဲ့ဖုန်းတွေရဲ့ နောက်ကွယ်က  Task ဖိုင်တွေ ကိုရှင်းလင်းပေးတာဖြစ်တာကြောင့် အသုံးဝင်ဆော့ဝဲလ် လေးတစ်ခုပဲဖြစ်ပါတယ်..one touch လုပ်ပေးရုံဖြင့် ရှင်းလင်းပေးတာကြောင့် အသုံးပြုရတာလွယ်ကူစေမှာ အမှန်ပါပဲ…:D  updated ထွက်ရှိလာတာကြောင့် တင်ပေးလိုက်ပါတယ် ..
ဒီဆော့ဝဲလ်လေးကို  google play မှာ  HK$22.49 Buy ၀ယ်ယူအသုံးပြုရမှာဖြစ်ပါတယ် .. 
https://play.google.com/store/apps/details?id=mobi.infolife.taskmanagerpro

Myanmar Mobile App Store မှာတော့  freedownload ရယူနိုင်ပါတယ် ခင်ဗျာ…….
https://www.dropbox.com/s/sgtv1nxocflk66k/mobi.infolife.taskmanagerpro%5B1%5D.85?m

Kaspersky Mobile Security v9.10.141 for Android (latest version)

au
ဒီဆော့ဝဲလ်လေးကတော့  anti-theft, anti-malware  တွေရဲ့ ရန်က ကာကွယ်ပြီး သင့်ကို စိတ်ကျေနပ်စရာအပြည့်အ၀ပေးမှာဖြစ်သလို   ကိုယ်ရဲ့ smart phone တစ်လုံးနဲ့ပတ်သတ်ပြီး ဖုန်းပျောက်သွားတာပဲဖြစ်ဖြစ်၊ကိုယ်ရေးကိုယ်တာအချက်အလက်တွေ ချိုးဖောက်ခံရတာပဲဖြစ်ဖြစ်၊ ကိုယ်ကိုစိတ်အနှောက်အယှက်ဖြစ်နေတဲ့  calls and messages  ကို  block နိုင်မှာဖြစ်တဲ့အပြင် အပြင် malicious software လိုမျိုးဆောဝဲလ်တွေရဲ့ ရန်က အကာအကွယ်ပေးနိုင်မှာဖြစ်ပါတယ် .. ဒါအပြင် မိမိသွင်းထုတ်နေတဲ့ ဆော့ဝဲလ်တွေမှာ virus ပါမပါကိုလည်း စစ်ဆေးပေးသွားမှာဖြစ်ပြီး ဖုန်းရဲ့ storage ,Sd ကဒ်ကို ပါ virus ရှိမရှိ၊ scan ဖတ်စစ်ဆေးနိုင်မှာ ဖြစ်ပါတယ် … စသုံးတဲ့အခါမှာ  passward နဲ့ email တောင်းသွားမှာဖြစ်ပြီး  update  ကိုလိုသလို လုပ်ပေးသွားရမှာဖြစ်ပါတယ် ………. မသုံးချင်လို့ ပျက်ဖျက်ချင်တယ်ဆိုရင်တော့ phone >setting>security>device administrators မှာ   diactivate လုပ်ပေးရမှာဖြစ်ပါတယ်။ ဒီဆော့ဝဲလ်လေးကို  google play မှာ  $4.95 Buy  ၀ယ်ယူသုံးစွဲရမှာဖြစ်ပြီး Myanmar Mobile App Store မှာတော့  freedownload ရယူသုံးစွဲနိုင်မှာပါ။ အောက်က link မှာရယူနိုင်ပါတယ်။
Download Here:

Mirror Download link: https://www.dropbox.com/s/sgcjo84dc69nc9o/Kaspersky%20Mobile%20Security%20v9.10.141%20apkmania%5

Night Camera+ v2.17 APK for android(latest version)

mmasNight Camera ဆိုတဲ့အတိုင်း  ညဘက်တွေ မှာ ရိုက်ဖို့ အကောင်းဆုံး  ဆော့ဝဲလ် လေးပါပဲခင်ဗျ…သာမာန်  ကင်မရာတွေ ထက် ပိုထူးခြားတာကို တွေ့ရမှာ ဖြစ်ပါတယ် .ညဘက်တွေမှာ ဓာတ်ပုံရိုက်လိုသူတွေအတွက် တော့ သာမာန်ကင်မရာထက် resolution ပိုသာ၊ပိုကောင်းတာကိုတွေ့ရမှာပါ.. ..ဘယ်အချိန်..ဘယ်နေရာမှာပဲဖြစ်ဖြစ် …အချိန်တိုင်းရိုက်နိုင်တဲ့အတွက် ကင်မရာ ဆော့ဝဲလ် ကောင်းလေးတစ်ခုဖြစ်ပါတယ်…
ဒီဆော့ဝဲလ်လေးကို  google play မှာ     $0.99 Buy   နဲ့ ၀ယ်ယူ သုံးစွဲရမှာ ဖြစ်ပါတယ်
https://play.google.com/store/apps/details?id=com.almalence.night_plus

Myanmar Mobile App Store မှာတော့ freedownload ရယူသုံးစွဲနိုင်ပါတယ် ခင်ဗျာ….
အောက်က link မှာ ရယူနိုင်ပါတယ် ..
Download Here:

Mirror Download link: http://www.mediafire.com/download.php?gb2bs

Deep Sleep Battery Saver Pro 1.9 (latest version) လေးထွက်ရှိလာပြန်ပါပြီ

mmtဒီဆော့ဝဲလ် လေးကတော့ မိမိတို့ ဖုန်းရဲ့ ဘက်ထရီ  life time ကို ကြာရှည် အောင်ထိန်းထားပေးနိုင်တဲ့  Deep sleep Battery saver pro လေးပါ ခင်ဗျ  .. ဒီဆော့ဝဲလ်လေး ထည့်ထားခြင်းအားဖြင့် မိမိတို့ ဖုန်း ဘက်ထရီ သုံးစွဲရမှု အချိန်သိသိသာသာ  ပိုများလာတာ  ကိုတွေ့ ရမှာ ဖြစ်ပါတယ် …
ဒီဆော့ဝဲလ်လေးကို  google play မှာ  1.99 ဒေါ်လာနဲ့ ၀ယ်ယူသုံးစွဲရမှာပါ ..
https://play.google.com/store/apps/details?id=com.rootuninstaller.batrsaverpro

Myanmar Mobile App Store မှာတော့ freedownload ရယူနိုင်ပါတယ် ခင်ဗျာ..
အောက်က Link မှာ ရယူနိုင်ပါတယ် ..
https://www.dropbox.com/s/fwd5mz4rtdvbi0z/com.rootuninstaller.batrsaverpro_1.9_HiAppHere_com.apk

Critical Missions SWAT v2.635 Apk Game 32MB

ဒီဂိမ်းကတော့ တစ်ယောက်တည်း စစ်တိုက်ရတဲ့ဂိမ်းလေးပါ
https://play.google.com/store/apps/details?id=com.studioonmars.csportable_paid
မှာလေ့လာပြီး ဖုန်းမှာထည့်သွင်းကစားမယ်ဆိုရင် အောက်ကလိပ်စာမှရယူနိုင်ပါတယ်
Download>>>mirrorupload(or)sharebeast (or)zippyshare

Castle Defense v1.0.6 Apk Game 15MB

ဒီဂိမ်းလေးကတော့ မိစ္ဆာတွေရွှာကိုလာတိုက်ခိုက်တာကို
လာတဲ့လမ်းမှာ လက်နက်ဆန်းတွေ နဲ့ စောင့်ပြီးတော့ တိုက်ခိုက်ရတဲ့ဂိမ်းလေးပါ
https://play.google.com/store/apps/details?id=com.hz.game.cd
မှာလေ့လာပြီး ကြိုက်ဆို အောက်ကလိပ်စာမှာရယူနိုင်ပါတယ်
Download>>>mirrorupload (or)zippyshare (or)sharebeast

မိတ္ထီလာပဋိပက္ခ မြန်မာကိုင်တွယ်ပုံ အမေရိကန်ထောက်ခံ Posted: 23 Mar 2013 02:15 PM PDT

မိတ္ထီလာမှာ အရေးပေါ် အခြေအနေ ထုတ်ပြန်တာဟာ မှန်ကန်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ အမေရိကန် ပြည်ထောင်စုက ပြောလိုက်ပါတယ်။ ဖြစ်ခဲ့တဲ့ အခြေအနေတွေနဲ့ပတ်သက်လို့ အမေရိကန်ရဲ့ စိုးရိမ်မှုကို မြန်မာအစိုးရတာဝန်ရှိသူတွေကို တိုက်ရိုက်ဆက်သွယ် အသိပေး ထားတယ်လို့

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



မိတ္ထီလာအဓိကရုဏ်း လူပေါင်း ၂ သောင်းကျော်အိုးအိမ်မဲ့ Posted: 23 Mar 2013 02:22 PM PDT

အဓိကရုန်းနဲ့ အကြမ်းဖက်တာတွေ ဖြစ်ခဲ့တဲ့ မိတ္ထီလာမှာ ဒီကနေ့ အခြေအနေတွေ ပြန်ပြီးတော့ တည်ငြိမ်လာ နေပြီလို့ ဒေသခံတွေက ပြောပါတယ်။ နှစ်ရက်ကြာ ဖြစ်ခဲ့တဲ့ ရုန်းရင်းဆန်ခတ် မတည်မငြိမ် အခြေအနေတွေကြောင့် လူပေါင်း ၂၀,၀၀၀ လောက်  အိုးအိမ်ပစ်ပြီး ဒုက္ခသည် ဖြစ်ခဲ့ရတယ်လို့ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


မတ်လ ၂၃ ရက်နေ့ ထုတ် Focus Online အတွဲ (၈)၊ အမှတ် (၃၄) Posted: 23 Mar 2013 02:01 PM PDT

မတ်လ ၂၃ ရက်နေ့ ထုတ် Focus Online အတွဲ (၈)၊ အမှတ် (၃၄)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


အကြမ်းဖက်သူတွေကို ဥပဒေနှင့်အညီအရေးယူသွားမည် Posted: 23 Mar 2013 02:30 PM P

DT မိတ္ထီလာ အကြမ်းဖက်မှုမှာ ပါဝင်ကျူးလွန်ခဲ့ သူတွေကို ဥပဒေနဲ့ အညီ အရေးယူ သွားမယ့် အကြောင်း သမ္မတပြောခွင့်ရက ပြောပါတယ်။ လူသေဆုံး တဲ့အထိ အကြမ်း ဖက်ပဋိပက္ခတွေဖြစ်ခဲ့တဲ့ မိတ္ထီလာခရိုင် လေးမြို့နယ်ကို သမ္မတ အမိန့်နဲ့ အရေးပေါ် အခြေအနေ ကြေညာပြီး---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


တရားစီရင်ရေးမဏ္ဍိုင် တည့်မတ်ဖို့ ကြိုးပမ်းရမည် Posted: 23 Mar 2013 02:46 PM PDT

မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးစနစ်ဟာ အားနည်းနေပြီး၊ ပြည်သူတွေကလည်း တရားရုံးတွေကို ယုံကြည်မှု မရှိတာ တွေ့ရတဲ့အတွက် တရားစီရင်ရေးစနစ်ကို ပြင်ဆင်နိုင်ဖို့ အမြန်ဆုံး ကြိုးစားသွားရမယ်လို့ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ မတ်လ ၂၃ ရက်နေ့မှာ ပြောလိုက်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



မိတ္ထီလာမြို့ကို ကုလအကြံပေး ဗီဂျေနမ်ဘီယား ရောက်ရှိ (ရုပ်/သံ) Posted: 24 Mar 2013 02:42 AM PDT

အရေးပေါ် အခြေအနေ ကြေညာထားတဲ့ မိတ္ထီလာမြို့မှာ ဖွင့်လှစ်ထားတဲ့ ဒုက္ခသည်စခန်းတွေကို ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရဲ့ အကြံပေး မစ္စတာဗီဂျေးနမ်ဘီယားနှင့် အစိုးရအဖွဲ့ဝင်တွေ၊၊ ဘာသာရေး ခေါင်းဆောင်တွေက ဒီကနေ့ မနက်မှာ သွားရောက်လေ့လာခဲ့ပါတယ်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ

လက်ဖက်များတွင် ဆိုးဆေးများသုံးကာ ရောင်းချလာသည်ကိုတွေ့ရှိ Posted: 24 Mar 2013 02:41 AM PDT

မြန်မာလူမျိုးများ၏ ရိုးရာ ဓလေ့အဖြစ် စားသုံးလေ့ရှိသည့် လက်ဖက်ထဲတွင် ဆိုးဆေးများ ထည့်သွင်းရောင်းချခြင်းများရှိေ
န ကြောင်း မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးအသင်းမှ ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ပြောကြားသည်။ ““ဆရာတို့အနေနဲ့ အရင် တုန်းက စစ်ဆေးလို့တွေ့ရှိတာ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ပျားရည်တစ်စက်ကြောင့် ပြည်မပျက်စေလိုပါ Posted: 24 Mar 2013 07:08 AM PDT

မိတ္ထီလာမှာ လတ်တလောဖြစ်ပွားခဲ့တဲ့ ပြဿနာကို ကြားသိလိုက်ရတဲ့အချိန်မှာ ဘာမှ မလုပ်ချင် မကိုင်ချင်အောင်ကို ခြေကုန်လက်ပန်းကျသွားမိပါတယ်။ အင်တာနက်သတင်းတွေကို ကမန်းကတန်းကြည့်၊ ပြည်တွင်းမီဒီယာတွေကို ဖုန်းဆက်မေးမြန်းနဲ့ ဆက်တိုက်လုပ်ခဲ့ပါတယ်။ ဖြစ်ပြန်ပြီလားကွာလို့လည်း ညည်းတွားမိပါတယ်။ နောက်တစ်နေ့မနက်မှာတော့ တရားဝင်ထုတ်ပြန်တဲ့သတင်းရဖို
့အတွက် သတင်းစာဂျာနယ်တွေကို အပြေးအလွှားဖတ်ရပါတယ်။ ဆိုးဆိုးဝါးဝါးတွေ မဖတ်ရပါစေနဲ့လို့လည်း ကြိတ်ဆုတောင်းမိပါတယ်။ လစဉ်မှာယူထားလို့ အချိန်တန်ရင်စားပွဲပေါ်အခန့်သားရောက်နေကျ၊ နိုင်ငံတော်ကထုတ်ဝေတဲ့ ကြေးမုံသတင်းစာမှာတော့ ဒီလောက်ဟိုးလေးတကျော်ဖြစ်နေတဲ့ သတင်းက တစ်လက်မတစ်ကော်လံတောင်မှ ပါမလာခဲ့ပါဘူး။

နောက်ဆုံးသတင်းအပြည့်အစုံကို သိလိုက်ရပြီးတဲ့အချိန်မှာတော့ ကိုသန်းလှိုင်သီချင်းလိုပဲ ''ဆုတောင်း မပြည့်ခဲ့ပါလေပြီ''လို့ပဲ ညည်းတွားလိုက်ရပါတော့တယ်။

          ငယ်စဉ်တောင်ကျေး ကလေးဘဝက ''ပျားရည် တစ်စက်ကြောင့် ပြည်ပျက်တယ်'' ဆိုတဲ့ ပုံဝတ္ထုကလေး တစ်ပုဒ်ကို ဖတ်ခဲ့ရဖူးပါတယ်။ လူတစ်ယောက် ပျား ရည်ဆမ်းတဲ့မုန့်ကို စားရာက ပျားရည်စက်တစ်စက် ကြမ်းပေါ်ကျသွားတယ်။ အမှုမဲ့ အမှတ်မဲ့ ပေါ့ပေါ့တန် တန်နဲ့ စားပြီးကျကျန်နေခဲ့တဲ့ ပျားရည်စက်ကို မသုတ်ခဲ့ မိဘူး။ အဲဒီကျနေတဲ့ ပျားရည်စက်ကို ပုရွက်က လာစား တယ်။ ပုရွက်ကို အိမ်မြှောင်ကဆင်းပြီးစားတယ်။ ထို အိမ်မြှောင်ကို ကြောင်တစ်ကောင်က ခုတ်တယ်။ အဲဒီ ကြောင်ကို ခွေးတစ်ကောင်က ကိုက်တယ်။ ကိုက်တဲ့ခွေး ကို ကြောင်ပိုင်ရှင်ကတုတ်နဲ့ရိုက်တယ်။ အရိုက်ခံရတဲ့ခွေး ပိုင်ရှင်က ကြောင်ပိုင်ရှင်ကို ဓားနဲ့ခုတ်တယ်။ အဲဒီကနေ ညီအစ်ကိုမောင်နှမ၊ ဆွေမျိုးသားချင်းတွေ၊ မိတ်ဆွေတွေ၊ ကျေးကျွန်တွေပါ ပါဝင်လာကြပြီး ခုတ်ကြထစ်ကြ သတ် ဖြတ်ကြတာ ရွာကနေမြို့၊ မြို့ကနေတိုင်းပြည်ပျက်ပါ ရောဆိုတဲ့ ပုံဝထ္ထုကလေးပါ။  ငယ်စဉ်ကတော့ ဘာမှန်း မသိပဲ ဖတ်ခဲ့ဖူးတဲ့အကြောင်းအရာကလေးတစ်ခုအဖြစ် သာမှတ်ထင်ခဲ့ရာက အခုတော့မှ ရခိုင်ပြည်နယ်မှာ ဖြစ် ပွားနေတဲ့ပြဿနာများဟာ အဲဒီပုံပြင်ကလေးများ အသက် ဝင်လာလေသလားလို့တောင် ထင်မှတ်ရပါတယ်။

          အထက်ပါစာပိုဒ်နဲ့အစချီပြီး ကျွန်တော်ဆောင်းပါး တစ်ပုဒ်ရေးသားခဲ့ဖူးပါတယ်။ အခုတော့ ဒီထက်ပို ကျယ် ကျယ်ပြန့်ပြန့်ပြောဖို့လိုလာပါပြီ။ မြန်မာပြည်မှာ ပြဿနာ တစ်ခုဖြစ်လိုက်တိုင်း လူမျိုးရေး၊ ဘာသာရေးတွေနောက် ဆက်တွဲ ရောယှက်ပါဝင်လာတာတွေဟာ ဒီပုံဝထ္ထုကို အသက်သွင်းနေကြတာလားလို့ မေးရမယ့်ကိန်းဆိုက်နေ ပါပြီ။

          ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ ပဋိပက္ခအတွင်း လူ ပေါင်းများစွာ အသက်အိုးအိမ်စည်းစိမ်များစွာ ပျက်စီး ဆုံးရှုံးကြရပြီး ဖြစ်ပါတယ်။ မေလနှင့် ဇွန်လအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ပြဿနာများကြောင့် အသက်ဆုံးရှုံးရသူ (၅ဝ) ဦး၊ ဒဏ်ရာရသူ (၅၄) ဦး၊ အိမ်ခြေ ၂၂၃ဝ နှင့် ဘာသာရေးအဆောက်အဦ (၁၄)ခု မီးလောင် ဆုံးရှုံးခဲ့ ရပါတယ်။ အပြစ်မဲ့ဒေသခံ ပြည်သူလူထု (၆ဝဝဝဝ) ကျော်တို့ အိုးမဲ့အိမ်မဲ့ဖြစ်ပြီး ဒုက္ခသည်ဘဝ ရောက်ခဲ့ကြ ပါတယ်။ ''တောင်လဲရာမြက်ပြတ်''ဆိုသလိုပဲ ကလေး သူငယ် လူမမယ်တွေ အတိဒုက္ခရောက်ကြရပါတယ်။ နောက်ထပ်တစ်ဖန် ကျောက်ဖြူ၊ မင်းပြား၊ မြေပုံ၊ မြောက် ဦး စတဲ့မြို့များမှာ ပဋိပက္ခများအကြီးအကျယ်ဖြစ်ပွား ခဲ့ပြီး လူ(၉ဝ)ကျော် အသက်ဆုံးရှုံးပြီး (၁၃ဝ)ကျော်ဒဏ် ရာရရှိခဲ့ရပါတယ်။ အိုးအိမ် ၅၃ဝဝ ကျော်နှင့် ဘာသာရေး အဆောက်အဦ(၈)ခုမီးလောင်ပျက်စီးပြီး လူဦးရေ ၃ဝဝဝဝ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ကြ ရပြန်ပါတယ်။အေးချမ်းစွာ နေထိုင်လိုကြသူများ သောကမျက်ရည်ပင်လယ်ဝေခဲ့ရ ပါတယ်။ ကျောင်းသားကျောင်းသူ လူငယ်လေးတွေရဲ့ အေးချမ်းစွာပညာ သင်ကြားရခြင်းနေ့ရက်များဟာ မီး တောက်ထဲမှာ လောင်ကျွမ်းပြာကျခဲ့ရပါတယ်။ ကြားရ သူ မြင်ရသူအပေါင်း နှလုံးစိတ်ဝမ်း ညှိုးနွမ်းပူလောင်ကြ ရပါတယ်။

          လူ့အသိုင်းအဝိုင်းမှာ ဒီလို ကိုယ့်အသွေးအသားထဲ က တဏှာရာဂဘီလူးကို မထိန်း ချုပ်နိုင်လို့ ဖြစ်ပွားတဲ့ မုဒိမ်းတန္တမှုတွေ မကြာခဏ ပေါ်ပေါက်တတ်ပါတယ်။ ဒီလိုမှုခင်းတွေအကြောင်း  သတင်းစာအစောင်စောင် မှုခင်းဂျာနယ်အစောင်စောင်မှာ  ဖတ်ဖူးကြပါလိမ့်မယ်။ လူ့အသိုင်းအဝိုင်းမှာ အလွန်စက်ဆုပ်ရွံမုန်း အော့နှလုံးနာ စရာကိစ္စဖြစ်ပေမဲ့ ဒီအကြောင်းအရာတွေဟာ ဖြစ်တတ် တဲ့အကြောင်းတွေ၊ တစ်နည်းအားဖြင့် ထူး၍မဆန်းသော အကြောင်းတရားတွေသာဖြစ်ပါတယ်။ ကိုယ်ကျင့်တ ရားနဲ့ (Morals) နဲ့ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်မှု (Self-control) တို့ အားနည်းတဲ့သူတွေရှိနေသမျှ ဒီလိုပြဿနာ တွေနဲ့မကင်းနိုင်ပါဘူး။

          ဒါဟာ မီးပွားတစ်ခုပါ။ ဒါပေမဲ့ မီးပွားကျတာ ခြင်းအတူတူ မြေပျော့မြေစိုပေါ်ကျတဲ့ မီးပွားနဲ့သစ်ရွက် ခြောက်ပုံပေါ်ကျတဲ့ မီးပွားတို့ရဲ့ အကျိုးသက်ရောက်မှု တို့ကတော့ကွာခြားလှပါတယ်။ အထူးသဖြင့် ရေနံတွင်း အစပ်က ယမ်းပုံပေါ်ကျတဲ့မီးပွားတစ်ခုရဲ့အကျိုးသက် ရောက်မှုကတော့ ကြောက်ခမန်းလိလိဖြစ်သွားတော့တာ ပါပဲ။

          ဒါကိုသင်ခန်းစာ မယူနိုင်ကြဘဲ အခုမိတ္ထီလာကိစ္စ ပေါ်ပေါက်လာပြန်တယ်ဆိုတော့ နိုင်ငံတော်သစ်ရဲ့ရှေ့ ခရီးကို ဘယ်နည်းနဲ့ဆက်ကြမှာလဲလို့ မေးမြန်းစရာတွေ ဖြစ်လာပါပြီ။ တွေးတောပူပင်စရာတွေရှိလာပါပြီ။

          ရွှေအရောင်းအဝယ်ကိစ္စနဲ့ စတင်ဖြစ်ပွားတဲ့ ပြဿနာ ဟာ ဘာကြောင့် ဒီလောက်ကြီးထွားသွားခဲ့ရတာပါလဲ။ ဘာကြောင့် ဒီလိုအဖြစ်ဆိုးတွေနဲ့ ကြုံတွေ့တဲ့အထိ ဖြစ် သွားခဲ့ရတာပါလဲ။ တစ်ယောက်နဲ့တစ်ယောက် ထိုးကြိတ် ရိုက်နှက်ရင် လက်ရောက်မှုနဲ့ ဥပဒေအရ အရေးယူခံရပါ မယ်။ ဆိုင်ကပစ္စည်းတွေကို ရိုက်ချိုးဖျက်ဆီးရင်လည်း အရေးယူဖို့ ဥပဒေရှိပါတယ်။ အဲဒီလောက်နဲ့ ပြီးရမယ့် ကိစ္စကို အကြီးအကျယ်ဖြစ်ပွားသွားရစေတဲ့ နောက်ကွယ် ကအကြောင်းတရားတွေက ဘာတွေပါလဲ။ သွေးရိုးသား ရိုးဟုတ်ရဲ့လား၊ အမှောင့်ပယောဂတွေပါနေပြီလား။ ဒါ တွေကို ဆန်းစစ်ဖော်ထုတ်ဖို့တော့ လိုပြီထင်ပါတယ်။

          ကမ္ဘာပေါ်မှာ စစ်ပွဲတွေအမြောက်အမြားဖြစ်ပွားခဲ့ ပါတယ်။ ကမ္ဘာကြီးမှာ စစ်မက်မဖြစ်ပွားခဲ့တဲ့အချိန်ရယ် လို့မရှိသလောက်ပါပဲ။  အဲဒီလိုစစ်ပွဲတွေထဲမှာသဘော တရားအခြေခံများအရ (၁) အာဏာလုစစ်ပွဲ၊ (၂) နယ်မြေ လုစစ်ပွဲ၊ (၃) တန်ခိုးအာဏာချဲ့ထွင်မှုစစ်ပွဲ၊ (၄) နယ်ချဲ့ စစ်ပွဲ၊ (၅) စီးပွားရေးစစ်ပွဲ၊ (၆)လူမျိုးရေးစစ်ပွဲနဲ့ (၇) ဘာသာရေးစစ်ပွဲလို့ ခွဲခြားလေ့လာနိုင်ပါတယ်။ အဲဒီလို စစ်ပွဲတွေအနက်က အရက်စက်အကြမ်းကြုတ်ဆုံးက လူ မျိုးရေးစစ်ပွဲအမျိုးအစားဖြစ်ပြီး၊ ကာလအရှည်ကြာဆုံးနဲ့ အသေအပျောက် အပျက်အစီးအများဆုံးစစ်ပွဲကတော့ ဘာသာရေးစစ်ပွဲအသွင်သဏ္ဌာန်ဖြစ်ပါတယ်။ လူမျိုးရေး နဲ့ ဘာသာရေးရြော>ွပမ်းနေတဲ့ စစ်ပွဲကတော့ ပြောစရာ တောင်ရှိတော့မယ်မထင်ပါဘူး။ ကိုရီးယား-ဂျပန် စစ်ပွဲ မှာ ဝါးချွန်နဲ့ထိုးပြီး ရက်စက်စွာသတ်ဖြတ်ကြတာတွေ၊ ဒုတိယကမ္ဘာစစ်မှာ ဂျူးတွေကို ဂျာမန်တွေက ရက်စက် စွာ မျိုးဖြုတ်သတ်ဖြတ်တာတွေ၊ ပြီးခဲ့တဲ့ ဆယ်စုနှစ် အတွင်းက ခရိုအေးရှားပြည်တွင်းစစ်ပွဲမှာ အပြစ်မဲ့သူတွေ ကို ရက်စက်စွာ(သေနတ်နဲ့မပစ်ဘဲ သစ်သားတင်းပုတ် ဖြင့် ခေါင်းကိုထု)သတ်ဖြတ်တာတွေဟာ လူမျိုးရေးစစ် ပွဲရဲ့အနိဋ္ဌာရုံတွေပါ။ ကမ္ဘာပေါ်မှာ ဘာသာရေး ကိုးကွယ် ယုံကြည်ချက် ကွဲပြားခြားနားမှုတွေအကြား ဖြစ်ပွားခဲ့တဲ့ ဘာသာရေးစစ်ပွဲ (ခရူးဆိတ်စစ်ပွဲ)ဟာ အချိန်ကာလ အရှည်ကြာဆုံးနဲ့ ကမ္ဘာ့လူသားများရဲ့ အသက်အိုးအိမ် စည်းစိမ် ပျက်စီးဆုံးရှုံးမှုအများဆုံး စစ်ပွဲကြီးတစ်ခုအဖြစ် သမိုင်းမှတ်တမ်းတင်ထားရပါတယ်။

          အခုမြန်မာပြည်မှာ ဖြစ်နေတဲ့ပြဿနာတွေဟာ အဲဒီ လိုလမ်းကြောင်းပေါ်ကို ဦးတည်ရွေ့လျားနေတာလား၊ တရားဥပဒေစိုးမိုးမှုဆိုတာမရှိတော့ဘူးလား၊ လက်တုံ့ပြန် ရေးဝါဒ (An eye for an eye) ကိုပဲ ရှေးရှုကြတော့မှာ လား၊ နေ့စဉ်နဲ့အမျှ ကြုံတွေ့နေကြရမယ့် နိစ္စဓူဝ ပဋိပက္ခ တွေကို ဘာသာရေးအစွန်းတရား၊ လူမျိုးရေးအစွန်း တ ရားတွေ အစာသွပ်နေကြတော့မှာလား။ နိုင်ငံတစ်နိုင်ငံ အတွင်းအတူနေထိုင်ကြတဲ့  လူမျိုးတစ်မျိုးနဲ့တစ်မျိုး မတည့်ကြတာနဲ့၊ ဘာသာအယူဝါဒချင်းမတူကြတာနဲ့ပဲ (ဟစ်တလာက ဂျူးတွေကို မျိုးဖြုတ်သုတ်သင်ခဲ့သလို) အဲဒီလူမျိုးကို အကုန်ဖယ်ရှားပစ်ချင်လို့ရနိုင်မှာမို့လို့လား။ နာဇီဝါဒကို မြန်မာနိုင်ငံမှာ အသစ်တစ်ဖန် ပြန်လည် ဆန်းသစ် အသက်သွင်းချင်နေကြတာလား။

          ကျွန်တော်တို့မြန်မာနိုင်ငံဟာ ဒီမိုကရေစီအယူဝါဒ ကို အသစ်တစ်ဖန် ပြန်လည်စတင်ကျင့်သုံးတဲ့ နိုင်ငံ ဖြစ်ပါတယ်။ ဒီမိုကရေစီလမ်းစဉ် ဆိုတာနဲ့ တစ်ပြိုင်နက် (၁) နိုင်ငံသားတိုင်း၏ မူလအခွင့်အရေး၊  (၂) လွတ်လပ် စွာ ပြောဆိုခွင့်၊ (၃) လွတ်လပ်စွာရေးသားခွင့်၊  (၄) လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်၊ (၅) ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ခွင့်တို့ကို စသည်တို့ကလည်း ပူး တွဲပါလာရပါမယ်။  ဒီမိုကရေစီကို ဘယ်လိုပင်လိုချင် လှပါချည်ရဲ့လို့ အော်ဟစ်နေသော်လည်းပဲ အထက်ပါ အချက်များထဲက တစ်ခုခုကိုချိုးဖောက်ပြီဆိုရင်  ဒီမိုက ရေစီနဲ့ထိုက်တန်သူတွေဖြစ်ဖို့ ခဲယဉ်းလှပါတယ်။ အာ ဏာရှင်စနစ်မှာ တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်ဝပ်ပိပြား ရေးဆိုတာဟာ အာဏာရှင်အစိုးရကလုပ်ဆောင်တာဖြစ် ပေမဲ့၊ ဒီမိုကရေစီစနစ်မှာ တရားဥပဒေစိုးမိုးရေးရဲ့အဓိက မဏ္ဍိုင်က ပြည်သူလူထုဖြစ်ပါတယ်။ ပြည်သူလူထုဟာ တရားဥပဒေစိုးမိုးရေးကို ကိုယ်တိုင်စောင့်ရှောက်ကြရမှာ ဖြစ်ပါတယ်။ ပြည်သူ့ရဲတပ်ဖွဲ့က တရားဥပဒေစိုးမိုးရေး ကို အကောင်အထည်ဖော်ဖို့ တာဝန်ရှိတယ်ဆိုရင် အဲဒီတာ ဝန်ကို ကြပ်မတ်ပေးရမှာက ပြည်သူတစ်ရပ်လုံးရဲ့ တာဝန် ဖြစ်တယ်ဆိုတာကို သတိရှိကြစေချင်ပါတယ်။ ပြည်သူ့ရဲ ဟာ တရားဥပဒေစိုးမိုးရေးကို အကောင်အထည်ဖော် ဆောင်ရွက်ရမယ့် ဝန်ထမ်းတွေဖြစ်တယ်ဆိုရင် ပြည်သူ တစ်ရပ်လုံးဟာ အဲဒီလုပ်ငန်းကြီးတစ်ရပ်လုံးရဲ့ အလုပ်ရှင် ဖြစ်တယ်ဆိုတာ နှလုံးသွင်းထားကြဖို့လိုပါတယ်။

          ဥပဒေရဲ့အကာအကွယ်အောက်မှာနေချင်ရင် ဥပဒေ ကို လိုက်နာကြရပါမယ်။ ကာကွယ်စောင့်ရှောက်ရပါ မယ်။ အမိုးအကာတစ်ခုအတွင်းမှာ လုံလုံခြုံခြုံ မှီတင်း နေထိုင်ချင်ရင် ကိုယ်ကိုယ်တိုင်က အဲဒီအမိုးအကာကို ချိုးဖျက်နေလို့ မဖြစ်ဘူးဆိုတာကို ကောင်းစွာနားလည် သဘောပေါက်ရပါမယ်။ စာရေးသူဟာ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လုံးဝလက်မခံနိုင်ကြောင်း အခြေခံ ဥပဒေရေးရာ ဆွေးနွေးပွဲတွေမှာ အမြဲပြောဆိုတင်ပြလေ့ ရှိပါတယ်။ ဒါပေမဲ့ တည်နေဆဲ အခြေခံဥပဒေကိုတော့ လိုက်နာဖို့ လိုအပ်တယ်ဆိုတာကိုတော့ ဒီဆောင်းပါးမှာ ထည့်သွင်းတင်ပြလိုပါတယ်။

          လက်ရှိတည်ဆဲ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁) အပိုဒ် ၂၁ (က)မှာ နိုင်ငံသားတိုင်းသည် ဤဖွဲ့စည်းပုံ အခြေခံဥပဒေတွင် သတ်မှတ်ပြဋ္ဌာန်းထားသည့် တန်းတူ ညီမျှခွင့်မှုအခွင့်အရေး၊ လွတ်လပ်မှုအခွင့်အရေး၊ တရားမျှ တမှုအခွင့်အရေးတို့ ခံစားခွင့်ရှိသည်လို့ ဖော်ပြထားပါ တယ်။ (နိုင်ငံသားတိုင်းဆိုရာမှာ မည်သည့်ဘာသာ ကိုး ကွယ်ယုံကြည်သူရယ်လို့ ခွဲခြားသတ်မှတ်မထားတာကို တော့ ရှင်းရှင်းလင်းလင်း နားလည်ကြစေလိုပါတယ်)။ နောက်တစ်ဖန် အခန်း(၈) နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့်တာဝန်များ အခန်းအပိုဒ် ၃၄၇ မှာ နိုင်ငံတော်သည် မည်သူ့ကိုမဆို ဥပဒေအရာတွင် တန်း တူညီမျှအခွင့်အရေးရရှိစေမည်၊ ထို့ပြင် ဥပဒေ၏ အကာ အကွယ်ပေးမှုကိုလည်း တန်းတူညီမျှစွာ ရယူပိုင်ခွင့်ပေး ရမည်လို့ ဖော်ပြထားပါတယ်။ မည်သူ့ကိုမဆို ဆိုတဲ့ စကားရပ်ရဲ့အတိမ်အနက်ကို ကောင်းစွာနားလည်သဘော ပေါက်ကြဖို့လိုပါတယ်။ အဲဒီအခန်းမှာပဲ အပိုဒ် ၃၄၈ မှာ နိုင်ငံတော်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ၏ မည်သူနိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာ ဘာသာ၊ ရာထူးဌာနန္တရ၊ အဆင့်အတန်း၊ ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုးသမီး၊ ဆင်းရဲချမ်းသာတို့ကိုအကြောင်း ပြု၍ ခွဲခြားမှုမရှိစေရလို့ဖော်ပြထားတာတွေ့ရပါတယ်။ အဲဒီအချက်တွေဟာ ဒီမိုကရေစီနိုင်ငံတိုင်းမှာ ထည့်သွင်း ပြဋ္ဌာန်းထားရတဲ့ အခြေခံအချက်တွေဖြစ်ပါတယ်။ ဒီအ ချက်တွေကို မသိနားမလည် သို့တည်းမဟုတ် လက်မခံ ကြဘူးဆိုရင်တော့ ကျွန်တော်တို့တွေဟာ ဒီမိုကရေစီနဲ့ ထိုက်တန်တဲ့လူမျိုးပါဆိုတာကို ကျမ်းရွက်ပြီးပြောကြရ ပါလိမ့်မယ်။ အပိုဒ် ၃၅၄(ဃ)မှာ တိုင်းရင်းသားလူမျိုး တစ်မျိုးနှင့်တစ်မျိုး သို့မဟုတ် တိုင်းရင်းသားလူမျိုးအ ချင်းချင်းကိုလည်းကောင်း၊ အခြားဘာသာသာသနာကို လည်းကောင်း၊ ထိခိုက်နစ်နာမှုမရှိစေဘဲ မိမိချစ်ခင်မြတ် နိုးသည့် စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ကိုးကွယ်သည့် ဘာသာ သာသနာနှင့် ဓလေ့ထုံးတမ်းများကို လွတ်လပ် စွာဆောင်ရွက်ပိုင်ခွင့်(ရှိသည်)လို့ ပြဋ္ဌာန်းထားပါတယ်။ အဲဒီအချက်တွေအရ နိုင်ငံကြီးသားပီသစွာနဲ့ ကိုယ်ကိုး ကွယ်ရာဘာသာကို ကိုယ်စောင့်ရှောက်ထိန်းသိမ်း၊ သူ တစ်ပါးကိုးကွယ်ရာဘာသာကို ကိုယ်က လေးစားစွာနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်သွားကြရေးကို ရှေးရှု ကြရမှာဖြစ်ပါတယ်။ ကိုယ့်ဘာသာကိုမြင့်စေလိုပြီး သူ တစ်ပါးကိုးကွယ်ရာဘာသာကို နှိမ့်ချလိုသူ ကျူးလွန်စော် ကားလိုသူဟာ ကိုယ့်ဘာသာကို ကိုယ်ပြန်နှိမ့်ချနေသူတွေ သာဖြစ်ပါတယ်။ ဒီနေရာမှာ သာသနာပါဠိစကားရဲ့ အနက်အဓိပ္ပါယ်ကို ကောင်းစွာသဘောပေါက်ဖို့လိုပါ လိမ့်မယ်။

          ဖွဲ့စည်းပုံအခြေခံဥပဒေ အပိုဒ် ၃၆၄ မှာ နိုင်ငံရေး ကိစ္စအလို့ငှာ ဘာသာရေးကိုအလွဲသုံးစားမပြုရ ၊ထို့ပြင် လူမျိုးရေးကြောင့်သော်လည်းကောင်း၊  ဘာသာရေး ကြောင့်သော်လည်းကောင်း တစ်ဖက်နှင့်တစ်ဖက် တစ် ဂိုဏ်းနှင့်တစ်ဂိုဏ်း မုန်းတီးခြင်း၊ ရန်မူခြင်း၊ စိတ်ဝမ်း ကွဲခြင်း တစ်မျိုးမျိုးပေါ်ပေါက်လာစေရန် ရည်ရွယ်သော သို့မဟုတ် ပေါ်ပေါက်လာရန်အကြောင်းရှိသော အပြု အမူသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ဆန့်ကျင်သည်။ ထိုအပြုအမူမျိုးအတွက် ပြစ်ဒဏ်ပေးနိုင်ရန် ဥပဒေပြဌာန်း နိုင်သည်လို့ ပြဌာန်းထားပါတယ်။ ဒီဥပဒေမရှိဘူးဆိုရင် တောင်မှ လူတစ်ဦးနှင့်တစ်ဦး မုန်းတီးအောင်ပြုခြင်း၊ အချစ်အခင်ပျက်ပြားအောင်ပြုခြင်းဆိုတာကို ဘယ်လို ကိုးကွယ်ရာဘာသာကမှ ခွင့်ပြုမထားဘူးဆိုတာကို နှလုံးသွင်းကြစေချင်ပါတယ်။ အထူးသဖြင့် စာရေးသူတို့ ဗုဒ္ဓဘာသာဟာ မေတ္တာဝါဒ လွှမ်းခြုံတဲ့ဘာသာတစ်ခုပါ။ ဗုဒ္ဓဘာသာကြောင့် ကမ္ဘာပေါ်မှာ ဘယ်လိုစစ်ပွဲမျိုးမှ မပေါ်ပေါက်ခဲ့ဖူးပါဘူးလို့ ဂုဏ်ယူခဲ့ကြရတဲ့ ဘာသာ တရားကို ယခုအခါကျမှ အစွန်းအထင်းမဖြစ်စေလိုပါ ဘူး။ မြတ်စွာဘုရားရဲ့ဆွေတော်မျိုးတော်တွေဖြစ်ကြတဲ့ သကျသာကီဝင်(ဗုဒ္ဓဘာသာဝင်)တွေဟာ ဝိဋဋူပဘေး ကျရောက်တာတောင်မှ ''ငါ့ကြောင့် သူတစ်ပါး မသေပါ စေနဲ့''လို့ဆန္ဒပြုပြီး (မြားအတတ်ကို တစ်ဖက်ကမ်းခတ် သူတွေဖြစ်သော်လည်း) ရန်သူကို မြားနဲ့ထိအောင်မပစ် ဘဲ လှီးလွှဲပစ်ခတ်ခဲ့ကြပြီး ကိုယ့်အသက်ကို သာစွန့်ခဲ့ကြ ပါတယ်။ ဗုဒ္ဓဘာသာဝင်တွေရဲ့လက်ဟာ ဘယ်တော့မှ အခြားသူတွေရဲ့သွေးမစွန်းပါဘူး၊ အခြားသူတွေရဲ့သွေး စွန်းထင်ခဲ့ရင်လည်း ဗုဒ္ဓဘာသာဝင် မည်ကာမတ္တသာ ဖြစ်ပါလိမ့်မယ်။ ကုန်ကုန်ပြောရရင် ဗုဒ္ဓဘာသာဝင်ကောင်း တစ်ယောက်ဟာ ကာယကံမြောက်မဆိုထားနဲ့ ဝစီကံ၊ မနောကံတို့ဖြင့်တောင် သူတစ်ပါးကို နှိပ်စက်ညှဉ်းပန်းဖို့ အားမထုတ်ပါဘူးလို့ သတိပေးချင်ပါတယ်။ ဒါကြောင့် မိမိနှုတ်ထွက်စကားများရဲ့ ပယောဂကြောင့် သူတစ်ပါး နစ်နာရရင် သွေးမြေကျရင် မိမိမှာ အပြစ်မကင်းပါဘူးလို့ ကောင်းစွာသတိချပ်ကြစေချင်ပါတယ်။

          ဗဟုဇနဟိတဓရဘွဲ့ထူးရှင် သီတဂူဆရာတော်ဘုရား ကြီးက ''ကမ္ဘာကို မီးရှို့နေတဲ့လက်တွေထဲမှာ ကျူပ်တို့ မပါနိုင်ဘူး''လို့  ပြတ်သားစွာ  မိန့်မြွက်ခဲ့ဖူးပါတယ်။ ''မြန်မာကို မီးရှို့နေတဲ့လက်တွေထဲမှာလည်း ကျွန်တော် တို့ မပါဝင်ဖို့လိုပါတယ်။ ကြီးမြတ်သောပုဂ္ဂိုလ်တို့သည် ဘာသာရေးကို မိတ်ဆွေပြုရာ၌ အသုံးချ၏။ သေးသိမ် သောသူတို့သည်ကား ဘာသာရေးကို ခိုက်ရန်ပွားစရာ အဖြစ် ခံယူကြပေ၏''လို့ အိန္ဒိယနိုင်ငံရဲ့ ၁၁ ဆက် မြောက်သမ္မတကြီး အဗ္ဗဒူကလမ်က ဆိုမိန့်ခဲ့ပါတယ်။ အဲဒီ ဟိန္ဒူဘာသာဝင် အိန္ဒိယသမ္မတကြီးဟာ အစ္စလာမ် ဘာသာဝင် အင်ဒိုနီးရှားနိုင်ငံသမ္မတကြီး ဆူကာနို (ဘွန် ကာနို)ရဲ့ ဖွားမြင်စသမီးငယ်ကို 'မေဃဝတီ' (မမိုးတိမ်) ရယ်လို့ အမည်ပေးကင်ပွန်းတပ်ခဲ့သူ(God Father) ဖြစ် ပါတယ်။ ဒီပုဂ္ဂိုလ်ကြီးတွေရဲ့ အတွေးအမြင်မှာ တစ်ဦးနှင့် တစ်ဦးလေးစားချစ်ကြည်မှုမှာ ဘာသာရေးဆိုတာ တံတိုင်း မဟုတ်ဘူးလို့ ခံယူထားကြတာကို အထင်းသားမြင်တွေ့ နိုင်ပါလိမ့်မယ်။ ဘာသာရေးဆိုတာ လူတွေရဲ့နှလုံးသား ကို ငြိမ်းချမ်းစေတဲ့အရာဖြစ်ပါတယ်။ ခိုမှီရာ ကိုင်းညွတ် ရာလည်းဖြစ်ပါတယ်။ အဲဒီဘာသာတရားကို ကိုးကွယ် ယုံကြည်မှုကြောင့် ရက်စက်ကြမ်းကြုတ်မှုတွေပေါ်ပေါက် လာတယ်။ ရန်လိုမုန်းတီးမှုတွေ ပေါ်ပေါက်လာတယ် ဆိုတာကတော့ ဘာသာရေးကိုးကွယ် ယုံကြည်မှုကိုအရေ ခြုံပြီး မိမိတို့စိတ်က ပြဋ္ဌာန်းချက်များကိုသာ အကောင် အထည်ဖော် လုပ်ဆောင်လိုကြတဲ့ အစွန်းရောက်သူများရဲ့ အသိÓဏ်မဲ့ မိုက်မဲတွေဝေမှုသာဖြစ်ပါတယ်။

          အခုဖြစ်ပွားတဲ့ ပြဿနာများမှာ မြန်မာနိုင်ငံရဲတပ် ဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေအားနည်းမှုနဲ့ အုပ်ချုပ်ရေးတာ ဝန်ရှိ ပုဂ္ဂိုလ်တွေရဲ့ တာဝန်ယူမှုအပိုင်း အားနည်းမှုတွေ ကိုလည်းတင်ပြချင်ပါတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဟာ ဒီလိုပြဿနာမျိုးတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ အလွန်ပဲ အားနည်းနေသေးတာကို တွေ့မြင်နေရပါတယ်။ ရခိုင် ပြည်နယ်အရေးမှာ ဒေသဆိုင်ရာရဲတပ်ဖွဲ့နဲ့ အုပ်ချုပ်ရေး အဖွဲ့တို့ရဲ့ ကိုင်တွယ်ဖြေရှင်းပုံ အားနည်းမှုတွေကြောင့် မဖြစ်သင့်တဲ့ အတိုင်းအတာအထိ ကြီးထွားလာခဲ့ရတယ် ဆိုတာကို တွေ့မြင်ရပါတယ်။ ယခုဖြစ်ရပ်ကို သုံးသပ် ရရင် ယခင်ကလုပ်ဆောင်ချက်အမှားတွေကြောင့် နောက် ထပ်မှားမှာကို စိုးရိမ်ပြီး မလုပ်ရဲမကိုင်ရဲဖြစ်နေတဲ့ အသွင် သဏ္ဌာန်ကို မြင်တွေ့ရပါတယ်။ ပြည်သူ့ရဲတပ်ဖွဲ့အနေနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြသူနဲ့ လက်နက် တုတ်ဓားဆွဲကိုင်၍  ရမ်းကားသူကို ခွဲခြားမမြင်နိုင်သေးကြောင်း တွေ့မြင်ရ ပါတယ်။ အုပ်ချုပ်ရေးတာဝန်ရှိပုဂ္ဂိုလ်များရဲ့ အားနည်း ချက်ကတော့ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းများ ကို ကိုင်တွယ်ဖြေရှင်းရာမှာ လုံးဝအားနည်းနေပြီး၊ ယခု ထက်တိုင် ပြည်သူများ သိသင့်သိထိုက်တဲ့ သတင်းအ ချက်အလက်အမှန်များကို မထုတ်ပြန်နိုင်သေးတာက အရိုးစွဲအမူအကျင့်များကို မစွန့်နိုင်သေးတာလား၊ အရှိန်နဲ့ ပြေးနေရုန်းနေတဲ့ ခေါင်းဆောင်မှုနောက်ကို မလိုက်နိုင် သေးတာလား၊ မလိုက်လိုသေးတာလားဆိုသည်ကိုတော့ အဖြေတစ်ခုထုတ်ပေးကြဖို့ လိုအပ်နေပြီလို့သာ တင်ပြချင် ပါတယ်။ လူမျိုးပေါင်းစုံ စုဝေးနေထိုင်ကြတဲ့နေရာတိုင်း မှာ မတူညီမှုနဲ့ ကွဲပြားမှုတွေဟာ အမြဲရှိနေမှာပါ။ အဲဒီ အတွက် ပဋိပက္ခဆိုတာလည်း တစ်ချိန်မဟုတ်တစ်ချိန်မှာ အသွင်သဏ္ဌာန်အမျိုးမျိုးနဲ့ ပေါ်ပေါက်လာနိုင်ပါတယ်။ နိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေးနဲ့ နိုင်ငံသားတွေရဲ့ အသက် အိုးအိမ်စည်းစိမ်တွေကို စောင့်ရှောက်ကာကွယ်ဖို့တာဝန်ရှိ သူတွေမှာ နောက်နောင်ဖြစ်ပေါ်လာနိုင်တဲ့ ပြဿနာများ ကို ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ ပြည့်ဝတဲ့အရည်အသွေးနဲ့ ကျွမ်းကျင်မှုများစွာ လိုအပ်ပါကြောင်း အကြံပြုချင်ပါ တယ်။

          ဒီနိုင်ငံဟာ ကျွန်တော်တို့ နိုင်ငံသားအားလုံးရဲ့အိမ် ပါ။ ကျွန်တော်တို့အိမ်ကို သာယာချမ်းမြေ့သော သီရိ ဂေဟာအဖြစ် ထိန်းသိမ်းစောင့်ရှောက်ဖို့၊ မွမ်းမံပြင်ဆင်ဖို့ ဟာ ကျွန်တော်တို့အားလုံးရဲ့တာဝန်ပါ။ ဘာကြောင့် ကျွန် တော်တို့ဟာ ကိုယ့်အိမ်ကို ကိုယ်မီးရှို့ချင်နေကြတာလဲ၊ ဘာကြောင့် တစ်အိမ်တည်းနေသူချင်း မလိုမုန်းထားခိုက် ရန်ပွားနေရတာလဲ။ ဗုဒ္ဓဘာသာဖြစ်စေ၊ အစ္စလာမ်ဖြစ် စေ၊ ခရစ်ယာန်ဖြစ်စေ၊ ဟိန္ဒူဖြစ်စေ၊ ဖြူသည်ဖြစ်စေ၊ မည်းသည်ဖြစ်စေ ဒီနိုင်ငံမှာ တရားဝင်နေထိုင်ခွင့်ရပြီးတဲ့ သူတိုင်းဟာ ဒီနိုင်ငံကို ကိုယ့်အိမ်ကိုယ့်ယာလို သဘော ထားရပါမယ်။ ချစ်မြတ်နိုးနိုင်ရပါမယ်။ အိမ်တွင်းရေး ကိစ္စတိုင်းကို အိမ်သူအိမ်သားစိတ်ဓာတ်နဲ့ ညှိနှိုင်းဖြေရှင်း နိုင်ကြဖို့လိုပါတယ်။ နိုင်ငံသားစိတ်ဓာတ် အပြည့်ရှိကြဖို့ လိုပါတယ်။ မြန်မာနိုင်ငံသားများအဖြစ် ကမ္ဘာ့အလည်မှာ ဂုဏ်ယူဝင့်ကြွားနိုင်ဖို့အတွက် နိုင်ငံကြီးသားပီသတဲ့စိတ် ဓာတ်ကို မွေးမြူကြစေလိုပါကြောင်း တင်ပြတိုက်တွန်း လိုက်ပါတယ်။

ထင်လင်းဦး - by Messenger News Journal

ကျွဲမ ( မာမာအေး )


SYSTEM CLEANER လေးပါ

သင့်ရဲ.Android ဖုန်းလေးကိုသန်.ရှင်းအောင်လုပ်ပေးမယ်.System cleaner လေးပါ
down ချင်ရင်ဒီမှာဒေါင်းပါ

ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံ ခိုးယူဖျက်ဆီးသူများအား ထောင်ဒဏ်တစ်နှစ် ပြစ်ဒဏ်ချမှတ် Posted: 22 Mar 2013 02:43 PM PDT

မော်လမြိုင်မြို့၊ ကျောက်တန်း ရပ်ကွက်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးရှေ့မျက်နှာစာတွင် စိုက်ထူထားသည့်  ဗိုလ်ချုပ် အောင်ဆန်း၏ ဗီနိုင်းပုံနှင့် ရောင်စုံ မီးသီးများအား မြေမှ ကွဲကွာ အောင်ပြုလုပ် ရွေ့စေခြင်းဖြင့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ - ၃၇၈ ပါ ခိုးမှုအင်္ဂါရပ် များကို---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


မိတ္ထီလာ အဓိကရုဏ်း နဲ့ ပတ်သတ်ပြီး ဒေါ်အောင်ဆန်းစုကြည် ပြောကြားချက် (ရုပ်/သံ) Posted: 22 Mar 2013 07:29 PM PDT


မန္တလေးတိုင်း မိတ္တီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် အဓိကရုဏ်းနဲ့ ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ နေပြည်တော်က တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ် အေးချမ်းရေးကော်မတီ ရုံးခန်းမှာ သတင်းထောက်တွေရဲ့ မေးမြန်းချက်တွေကို ဖြေကြား ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်တွေကို အခု ထုတ်လွှင့်ပေးမှာပါ။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ


မိတ္ထီလာတွင် ကယ်ဆယ်ထောက်ပံရေး စတင် Posted: 23 Mar 2013 04:33 AM PDT

ရွှေအရောင်းအဝယ်ပြုရာမှ ပဠိပက္ခများ ဖြစ်ပေါခဲ့သော မိတ္ထီလာမြို့ရှိ ဘုန်းတော်ကြီးကျောင်း ၂၁ ကျောင်းတွင် ဒုက္ခသည် ၄၅၀၀ ကျော်နင့် ခရိုင်အားကစားကွင်းရှိ ဒုက္ခသည် ၂၀၀၀ ခန့်ကို ကယ်ဆယ်ထောက်ပံရေး လုပ်ငန်းများ ကိုဆောင်ရွက်ရန် သံင်္ယာတော်များ၊ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


မတ်လ ၂၃ ရက်နေ့ ထုတ် မြန်မာသံတော်ဆင့် အပတ်စဉ် သတင်းဂျာနယ် အတွဲ(၂)၊ အမှတ်(၂) Posted: 23 Mar 2013 04:50 AM PDT

မတ်လ ၂၃ ရက်နေ့ ထုတ် မြန်မာသံတော်ဆင့် အပတ်စဉ် သတင်းဂျာနယ် အတွဲ(၂)၊ အမှတ်(၂)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


မတ်လ ၂၅ ရက်နေ့ ထုတ် လျှပ်တပျက် သတင်းဂျာနယ် အတွဲ (၄)၊ အမှတ် (၂၄) Posted: 23 Mar 2013 04:53 AM PDT


မတ်လ ၂၅ ရက်နေ့ ထုတ် လျှပ်တပျက် သတင်းဂျာနယ် အတွဲ (၄)၊ အမှတ် (၂၄)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ

LinkWithin

Related Posts Plugin for WordPress, Blogger...